အများသုံးအိမ်သာကို လျာနဲ့လျက်ပြတဲ့အမျိုးသား COVID-19 ကူးစက်ခံရကြောင်း သံသယဖြစ်နေ

အများသုံးအိမ်သာကို လျာနဲ့လျက်ပြတဲ့အမျိုးသား COVID-19 ကူးစက်ခံရကြောင်း သံသယဖြစ်နေ

အချို့ ဆိုရှယ်မီဒီယာ influencer တွေဟာ follower တိုးဖို့အတွက်ဆိုရင် ကိုယ့်အသက်အန္တရာယ်နဲ့နီးနေတာတောင် မလုပ်သင့်တဲ့ အပြုအမူတွေလုပ်တတ်ကြပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် ဆိုရှယ်မီဒီယာ influencer တစ်ဦးဖြစ်တဲ့ Larz GayShawnMendes ဆိုသူ အသက်(၂၁) နှစ်အရွယ်အမျိုးသားဟာ အများသုံးအိမ်သာကို

လျာနဲ့ လျက်ခဲ့တာကြောင့် သူ့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီလို့ သံသယရှိနေကြကြောင်း elitereaders သတင်းကတဆင့် သိခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ Coronavirus Challenge အမည်ရှိတဲ့ TikTok challenge တစ်ခုမှာပါဝင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ သူက အမှန်တကယ်ပဲ အများသုံးအိမ်သာကို လျာနဲ့ ဖြေးညှင်းစွာ လျက်နေခဲ့တာပါ။

ဒီ Challenge ဟာ အမှန်တကယ်တော့ အဓိပ္ပါယ်မရှိတဲ့ challenge တစ်ခုသာ ဖြစ်ပြီး ပါဝင်သူတွေဟာ အများသုံးအိမ်သာတွေကလို့ ဈေးဝယ်ပစ္စည်းအမျိုးမျိုးအထိ

အသုံးအဆောင်အမျိုးမျိုးကို လျာနဲ့ လိုက်လျက်ပြတာ ဖြစ်ပါတယ်။

Larz ဟာ သူ challenge ကို စိန်ခေါ်ခဲ့တဲ့ ဗီဒီယိုတင်ပြီး သိပ်မကြာခင်ပဲ “ကျွန်တော်တော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီ

ဆိုပြီး သူ့အင်စတာဂရမ်အကောင့်မှာ ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Larz ဟာ သူလုပ်ခဲ့တဲ့ အိမ်သာလျက်တဲ့စတန့်ကြောင့် ကိုရိုနာကူးစက်ခံရတာလားဆိုတော့ သေချာမသိရပါဘူး။

Larz ရဲ့ သူငယ်ချင်း influencer တစ်ယောက်ကတော့ Larz ဟာ သတင်းအမှားတင်ထားတာဖြစ်ပြီး သူဆေးရုံတက်နေတဲ့ပုံဟာလည်း အရင်ကပုံ အဟောင်းကြီးပါလို့ ဆိုပါတယ်။ Larz ဟာ

ဗရုတ်သုတ်ခ challenge တော်တော်များများမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဥပမာ စတိုးဆိုင်က ရေခဲမုန့်ဘူးကိုဖွင့်၊ ရေခဲမုန့်ကိုလျာနဲ့လျက်ပြီး မဝယ်ပဲ ပြန်ထားသွားတဲ့ အရာမျိုးတွေပါ။

နောက်ထပ် TikTok user တစ်ဦးဖြစ်တဲ့ Ava Louise ဟာလည်း လေယာဉ်စီးစဉ် လေယာဉ်ခန်းထဲက အိမ်သာကို လျာနဲ့လျက်ပြခဲ့သူပါ။

Ava ကတော့ သူမဟာ Larz ကို သူမလို ပြုလုပ်ဖို့အတွက် CoronaVirus Challenge စိန်ခေါ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း လူတွေကLarz ဗိုင်းရပ်စ်ကူးစက်ခံရပြီလို့ ထင်အောင် Larz ကို ဆေးရုံတက်နေတဲ့ ဓာတ်ပုံဟောင်းတစ်ပုံတင်ခိုင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ava Louise ဟာ ဒီ challenge အတွက် ဒေါ်လာ (၄) ထောင်ရရှိခဲ့ပြီး အိမ်သာကို လျာနဲ့မလျက်ခင်မှာတော့ အရင်ဆုံးပိုးသတ်ဆေးနဲ့ သန့်ခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။

Crd-Original Post