သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မကြောက်မရွံ့ ကူညီပို့ဆောင်ပေးနေတဲ့ အသက်၁၃နှစ်အရွယ် ၆ တန်းကျောင်းသားလေး

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မကြောက်မရွံ့ ကူညီပို့ဆောင်ပေးနေတဲ့ အသက်၁၃နှစ်အရွယ် ၆ တန်းကျောင်းသားလေး

ကိုဗစ်ကပ်ရောဂါဆိုးဝါးလွန်းနေတာကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးနေတာ နေ့စဉ်နှင့်အမျှပါ သုဿန်တွေကတောင် အချိန်မှီ

သဂြိုလ်မပေးနိုင်တာကြောင့် စုပုံနေတဲ့အလောင်းတွေ မြေပြုပ်ပြစ်ရတဲ့အလောင်းတွေဟာ မမြင်ရက်စရာတွေပါ

တစ်ချို့အိမ်တွေမှာဆို ကိုဗစ်နဲ့သေရင် အလောင်းလာသယ်မဲ့သူမရှိတာတွေ ကူညီမဲ့သူမရှိလို့ အိမ်မှာတင်သေဆုံးသွားကြရတာတွေ မြင်တွေ့နေရတာဟာ တကယ့်ကို ရင်နာစရာပါ

ဒါကြောင့် ပြည်သူကိုပြည်သူချင်းကာကွယ်စောင့်ရှောင့်တဲ့အနေနဲ့ ပရဟိတ အသင်းအဖွဲ့တွေမှာ လာရောက်ကူညီနေကြရတာ နေ့မနားညမနားပါပဲ

အလောင်းတွေအများကြီးကို သုဿန်ကိုပို့ဆောင်နေရတာကြောင့် နေ့လည်စာ ထမင်းကိုတောင် သုဿန်မှာ ဖြစ်သလိုလေး စားသောက်နေကြရတာဖြစ်ပါတယ်

အခုလည်း အသက်၁၃နှစ်အရွယ် ၆ တန်းကျောင်းသားလေး မောင်ထွန်းလင်းနိုင်ဟာ ဆိုရင် သူရဲ့အသက်ကို ရင်းပြီး ပရဟိတအဖွဲ့တွေနဲ့အတူ

ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပါတယ် အများမလုပ်မိုင်တဲ့အလုပ်ကို ဒီလိုအသက်ငယ်ငယ်နဲ့ လုပ်ဆောင်ပေးနိုင်တာ တကယ်ကိုဂုဏ်ယူစရာပါပဲနော်

ဇူလိုင်၁၀ရက်နေ့ကနေ ယနေ့ အချိန်ထိ မလျော့သောဇွဲဖြင့် မကြောက်မလန့် သေဆုံးသူတွေရဲ့ Dead body တွေကိုပရဟိတအဖွဲ့နဲ့အတူ လိုက်ကာသယ်မပေးနေတဲ့လူငယ်လေးထွန်းလင်းနိုင်ပဲဖြစ်ပါတယ်။

သူကအသက်(၁၃)နှစ် ရှိပြီဖြစ်ကာ Grade-7 အထက ၃ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ တက်ရောက်သင်ကြားနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။


Crd-Original Post