စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားတည်တံ့စေဖို့ မုံရွာမှာ ယတြာပြုလုပ်နေ

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားတည်တံ့စေဖို့ မုံရွာမှာ ယတြာပြုလုပ်နေ

မျက်မှောက်ခေတ်၊ ME News

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလုံတပ်မြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်က သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတည်တံ့စေရေးအတွက် ဩဂုတ်လ ၂၀ ရက်နေ့က မန္တလေးကနေ ဘုရားဆင်းတု‌တော်တဆူပင့်ဆောင်ကာ ယတြာပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘုရားဆင်းတုကို ရဟတ်ယာဉ်နဲ့ သယ်ယူပင့်ဆောင်လာတာဖြစ်သလို ကုန်းကြောင်းကလည်း စစ်ကားတန်းနဲ့ လာတာလည်းရှိတယ်လို့ တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဒေသခံသတင်းဌာနကို အစီရင်ခံထားပါတယ်။

အနက်ရောင်ဘုရားဆင်းတုကို ယတြာအတွက် ပလက်တီနမ်ဆွဲကြိုးမှာ ရွှေကွပ်ထားတဲ့ ကျောက်စိမ်းဆွဲသီးဆွဲပေးထားပြီး အဖြူရောင် ကော်ရည်လို အရာတွေလည်း ရင်ဘတ်နှင့် မျက်နှာတော်တို့မှာ သုတ်လိမ်းထားတာကို ဓာတ်ပုံအရ သိရပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အာဏာရှင်တွေရဲ့ လုပ်နည်း လုပ်ဟန်တွေအတိုင်း နည်းလမ်းမျိုးစုံသုံးကာ ကြံဆောင်နေကြပါတယ်။

မျက်မှောက်ခေတ်

(ZAWGYI)

စစ္ေကာင္စီက အုပ္ခ်ဳပ္ေရးယႏၲရားတည္တံ့ေစဖို႔ မုံ႐ြာမွာ ယၾတာျပဳလုပ္ေန

မ်က္ေမွာက္ေခတ္၊ ME News

စစ္ကိုင္းတိုင္း၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ အလုံတပ္ၿမိဳ႕မွာ စစ္ေကာင္စီအၾကမ္းဖက္တပ္က သူတို႔ရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရားတည္တံ့ေစေရးအတြက္ ဩဂုတ္လ ၂၀ ရက္ေန႔က မႏၲေလးကေန ဘုရားဆင္းတု‌ေတာ္တဆူပင့္ေဆာင္ကာ ယၾတာျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ဘုရားဆင္းတုကို ရဟတ္ယာဥ္နဲ႔ သယ္ယူပင့္ေဆာင္လာတာျဖစ္သလို ကုန္းေၾကာင္းကလည္း စစ္ကားတန္းနဲ႔ လာတာလည္းရွိတယ္လို႔ တပ္နဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းက ေဒသခံသတင္းဌာနကို အစီရင္ခံထားပါတယ္။

အနက္ေရာင္ဘုရားဆင္းတုကို ယၾတာအတြက္ ပလက္တီနမ္ဆြဲႀကိဳးမွာ ေ႐ႊကြပ္ထားတဲ့ ေက်ာက္စိမ္းဆြဲသီးဆြဲေပးထားၿပီး အျဖဴေရာင္ ေကာ္ရည္လို အရာေတြလည္း ရင္ဘတ္ႏွင့္ မ်က္ႏွာေတာ္တို႔မွာ သုတ္လိမ္းထားတာကို ဓာတ္ပုံအရ သိရပါတယ္။

မင္းေအာင္လႈိင္ဦးေဆာင္တဲ့ အၾကမ္းဖက္စစ္တပ္က သူတို႔ရဲ႕ အာဏာတည္ၿမဲေရးအတြက္ အာဏာရွင္ေတြရဲ႕ လုပ္နည္း လုပ္ဟန္ေတြအတိုင္း နည္းလမ္းမ်ိဳးစုံသုံးကာ ႀကံေဆာင္ေနၾကပါတယ္။

မ်က္ေမွာက္ေခတ္