“သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်”

“သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်”

သရုပ်ဆောင်၊ အဆိုတော် နန်းမြတ်ဖြိုးသင်း ၏ ခင်ပွန်း ကိုတာတာမျိုး ၊ အသက် (၃၆) နှစ်ဟာ ဒီကနေ့ ၊ ဩဂုတ်လ (၂၁) ရက်နေ့ ၊ နံနက်ပိုင်းက COVID-19 ရောဂါဖြင့် ရန်ကုန်၊ ဂျပန်ဆေးရုံးမှာ ကွယ်လွန် သွားခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်း နှင့် ကိုတာတာမျိုး တို့ဟာ ၂၀၁၇ ၊ နိုဝင်ဘာလ (၂၆) ရက်နေ့က စုလျားရစ်ပတ် ထိမ်းမြားလက်ထပ် ခဲ့ကြတာဖြစ်ပါတယ်။

အိမ်ထောင် သက်တမ်း (၄) နှစ် အတွင်း သားကြီး ဂျက်ဂျက် ၊ အသက် (၂) နှစ် (၄) လ နှင့် သမီးငယ်လေး ဂျူးဂျူး ၊ အသက် (၆) လ တို့ ထွန်းကားခဲ့ပါတယ်။

မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်။ ကိုတာ ကောင်းမွန်ရာ ဘုံဘ၀သို့ ရောက်ပါစေ။

Crd-Mynamar Celebraity

 





