စစ်တပ်ကို ICC တရားရုံးက အရေးယူဖို့ NUG ကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်းတောင်းဆို

၂ဝဝ၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် ရ.က်ရ.က်စ.က်စ.က် ကျူးလွန်ခဲ့တဲ့ ပြ.စ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်ရေး ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို တင်ဖို့ကိစ္စမှာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လုပ် ဆောင်နိုင်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၉ ရက်မှာ ထုတ်ပြန်တဲ့ Fortify Rights အဖွဲ့ရဲ့ ဥပဒေရေးရာ သုံးသပ်ချက်အရ ပြစ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ်ကို

တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိလာအောင် NUG အစိုးရအနေနဲ့ တရားစီရင်ပိုင်ခွင့်ကို ICC တရားရုံးကို အပ်နှင်းနိုင်ကြောင်း အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။

NUG အစိုးရအနေနဲ့ နည်းလမ်း နှစ်ခုနဲ့ ဆောင်ရွက်နိုင်ပြီး ပထမ နည်းလမ်းက ICC မှာ ပုဒ်မ ၁၂ (၃) လို့ လူသိများတဲ့ ပုဒ်မအောက်မှာ

ကြေညာချက် ထုတ်ပြန်တင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒုတိယနည်းလမ်းကတော့ ICC တရားရုံးကို ဖွဲ့စည်းတည်ထောင်ပေးခဲ့တဲ့ ရောမ ဥပဒေစာချုပ်ကို NUG က တရားဝင် လက်ခံသဘောတူညီတဲ့နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ဥပဒေအောက်မှာရှိတဲ့ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ်

NUG အစိုးရက ဝင်ရောက်နိုင်ပြီး NUG ရဲ့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံပေးဖို့လိုတယ်လို့ Fortify Rights ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

International Criminal Court– ICC မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ခံရခြင်းကနေ

ကင်းလွတ်မှုတွေကို အဆုံ းသ.တ်ခြင်းလို့ ခေါင်းစဉ်ပေးထားတဲ့ စာမျက်နှာ ၄၈ မျက်နှာပါ အစီရင်ခံစာကို Fortify Rights အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ ICC တရားရုံးကို တင်ပြနိုင်တဲ့ နည်းလမ်း နှစ်ခုလုံးကို NUG အစိုးရက

ခပ်မြန်မြန် လုပ်ဆောင်ဖို့လည်း Fortify Rights က အကြံပေးပါတယ်။NUG က အခုလို ဆောင်ရွက်လာမယ်ဆိုရင်

တ ရု.တ်၊ ရုရှား ဒါမှမဟုတ် အရှေ့တောင်အာရှ နိုင်ငံအချို့နဲ့ အာဏာသိမ်း မြန်မာစစ်တပ်က ကန့် ကွက် ပယ်ချလာနိုင်တယ် ဆိုပေမယ့်လည်း ဒီနိုင်ငံတွေက ရောမစာချုပ် အဖွဲ့ ဝင်နိုင်ငံတွေ မဟုတ်တာကြောင့်

ဒီလိုလုပ်လို့ မရနိုင်ဘူးလို့ Fortify Rights အဖွဲ့က ပြောပါတယ်။ ICC တရားရုံးရဲ့ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံပေါင်းက ၁၂၃ နိုင်ငံရှိပြီး

မြန်မာနိုင်ငံက အဲဒီအထဲမှာ မပါသေးပါဘူး။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ မွတ်စလင်တွေအပါအဝင် လူ အစုလိုက် အပြုံလိုက်ကို ရက်ရက်စက်စက် ပြစ်မှုကျူးလွန်တာတွေရှိပေမယ့် တာဝန်ရှိတဲ့သူတွေ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတဲ့အပေါ် နိုင်ငံတကာကနေ အရေးယူနိုင်အောင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကြိုးပမ်းနေကြတာပါ။

Crd_Original_Uploader