တောထဲတွင် သက်စွန့်ဆံဖျားနေထိုင်နေရပြီး ငှက်ဖျားရောဂါကိုအလူးအလဲခံစားရကာ မနက် (၃:၄၀)တွင်ကွယ်လွန်သွားခဲ့တဲ့ PDF လူငယ်တစ်ဦး

ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီရရှိဖို့အတွက် ရဲရင့်တဲ့လူငယ်လေးတွေက တောထဲဝင်ပြီး လက်နက်ကိုင်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

PDF လူငယ်လေးတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ဆေးဝါး၊ယူနီဖောင်း စတာတွေကိုလည်း ပြည်သူတွေကထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။

PDF လူငယ်လေးတွေက အသက်ကိုတောင်စွန့်လွှတ်ထားကြတာဖြစ်လို့ တောထဲမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကို အားတင်းပြီးရင်ဆိုင်နိုင်တော့တာဖြစ်ပါတယ်။

PDF လူငယ်လေးတွေဆိုရင် တောထဲမှာ ငှက်ဖျားရောဂါကိုလည်း ကြောက်ရတဲ့အပြင် ကိုဗစ်ကိုလည်း ကာကွယ်နေရတာဖြစ်ပါတယ်။

တချို့လူငယ်တွေလည်း ငဗစ်ကူးစက်ခံလိုက်ရတာတွေပေမယ့်ပြည်သူတွေရဲ့အလှူငွေနဲ့ ချက်ကျွေးတဲ့အသားဟင်းကိုနေ့တိုင်းနီးပါးစားရလို့ နလန်ပြန်ထူလာပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။အခုဆိုရင်တော့ PDF လူငယ်လေးတစ်ဦးက တောထဲမှ

ဒုက္ခမျိုးစုံကိုရင်ဆိုင်နေရင်း ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီ PDF လူငယ်လေးက မနေ့ကညမှာတော့ ဖျားနေတာတစ်ပတ်ရှိပြီး ခေါင်းအရမ်းကိုက်နေတယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားလာတာဖြစ်ပါတယ်။

မနက် (၃:၄၀)မှာတော့ငှက်ဖျားရောဂါနဲ့ တောထဲတွင် ကွယ်လွန်သွားပြီဆိုတဲ့အကြောင်းကို အတူနေတဲ့ PDF လူငယ်လေးက စိတ်မကောင်းစွာနဲ့ဖွင့်ဟလာတာဖြစ်ပါတယ်

ပန်းတိုင်မရောက်ခင်မှာ ငှက်ဖျားရောဂါနဲ့သေဆုံးသွားတဲ့ PDF လူငယ်လေးအတွက် ပြည်သူတွေက အရမ်းဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd-Original Post