ညအိပ်ယာ မဝင်ခင် ဒီဖျော်ရည် သောက်ပေးပြီး ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားကြမယ်

ညအိပ်ယာ မဝင်ခင် ဒီဖျော်ရည် သောက်ပေးပြီး ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားကြမယ်

ကျန်တဲ့နေရာမဝပေမဲ့ ဗိုက်မှာအဆီတွေစုနေတာ တကယ်ကို မအီမသာဖြစ်စရာပါ နေရလည်းခက်လှပါတယ် ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ တကယ်ကိုခက်ပါတယ် ။

အဲဒီအတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေ သာမက သဘာ၀ အဆီတွေကို ဖယ်ရှားပေးမယ့် ဖျော်ရည်ကိုလည်း အိမ်မှာလုပ်ပြီး သောက်သုံးပေးနိုင်ပါတယ် ။

ဝမ်းဗိုက် အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့ သဘာဝအဆီကျ ဖျော်ရည်ကို ညအိပ်ယာမဝင်ခင် ၁နာရီအလိုမှာ သောက်ပေးရမှာပါ ။

ဖျော်ရည်လုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံပုယိုသီး ( ၁ ) လုံး (အရည်ညှစ်ပါ) ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ( ၁ ) ဇွန်း ရှာလကာရည် စားပွဲတင်ဇွန်း ( ၁ ) ဇွန်း သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ် ၊ ရေ လီတာဝက် ၊ နံနံပင်အနည်းငယ်။

ပြုလုပ်နည်း ။

ခွက်တစ်လုံးထဲမှာ ရေကို ဆူအောင်သည်ပြီး ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါ ပြီးရင် အပူချိန်လျှော့ပြီး ခဏလောက် တည်ထားပေးပါ ။

အဲဒီနောက် မီးဖိုပေါ်ကချပြီး သေချာမွှေပေးပါ ခွက်တစ်လုံးထဲ လောင်းထည့်ပြီး ညအိပ်ယာမဝင်ခင် တစ်နာရီအလိုမှာ သောက်ပေးရမှာပါ ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်သလို အဆီလည်း ကျစေမှာပါ ။

Crd-Original Post

(ZAWGYI)