ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁ သန်းကျော်ရှိလာ

ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁ သန်းကျော်ရှိလာ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူး စက်ခံရသူပေါင်း ၁ သန်းကျေိာ်လာခဲ့ပြီဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူပေါင်းကတော့ ၁၉,၈၅၁ ယောက်ရှိခဲ့ ပြီး ၃၂၅ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအသစ်ကတော့ ၂၄၀ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၂၀,၄၇၈ ယောက် နဲ့ လတ်တလောအချိန်ထိ သေဆုံးသူစုစုပေါင်းကတော့ ၈,၈၂၆ ယောက်ထိ ရှိလာပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်းသန်း ၂၁၀ ကျော်၊ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၁၈၈ ဒသမ ၇၈ သန်း ကျော်နဲ့ သေဆုံးသူပေါင်း ၄ ဒသမ ၄၁ သန်းကျော် ရှိနေခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၃၄ နေရာကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ထိပ်ဆုံးမှာတော့ အမေရိကန်က ၃၈ ဒသမ ၂၃ သန်းကျော်၊ အိန္ဒိယက ၃၂ ဒသမ ၃၅ သန်းကျော်၊

ဘရာဇီးက ၂၀ ဒသမ ၄၉ သန်းကျော်စီ အသီးသီး ကူးစက်ခံထားရပါတယ်။

DVB