ဖခင်ဖြစ်သူကွယ်လွန်သွားပြီဆိုတဲ့ သတင်းကိုကြားကြားချင်းမှာ သူမခံစားလိုက်ရတဲ့ခံစားချက်တွေကို မျက်ရည်တွေနဲ့ပြောပြလာတဲ့ ဖွေးဖွေး

ဖခင်ဖြစ်သူကွယ်လွန်သွားပြီဆိုတဲ့ သတင်းကိုကြားကြားချင်းမှာ သူမခံစားလိုက်ရတဲ့ခံစားချက်တွေကို မျက်ရည်တွေနဲ့ပြောပြလာတဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေထပ်ဆင့်အကယ်ဒီရုပ်ရှင်မင်းသမီး ဖွေးဖွေးကိုတော့အထူးအထွေမိတ်ဆက် ပေးစရာမလိုအောင်ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်..။

ဖွေးဖွေး ကတော့အနုပညာမှာတမူထူးခြားမှုတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်နော်..။

ဖွေးဖွေးက နိုင်ငံရေး ပါဝင်လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်ပြီး ၅၀၅ (က) နဲ့ဝရမ်းထုတ်ခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာပါ..။

မိသားစုနဲ့ ဝေးရာမှာ ရောက်ရှိ နေရချိန် ဖွေးဖွေးရဲ့ အချစ်ဆုံး မိသားစုဝင်ဖြစ်တဲ့ အဖွားရဲ့ နာရေး သတင်းကစလို့ သြဂုတ်လ(၁၉) ရက် နေ့မှာလည်း ဖခင်ဖြစ်သူရဲ့နာရေး သတင်းဟာ ဖွေးဖွေး အတွက် စိတ်ထိခိုက်ဖွယ် ဖြစ်စေမယ် ဆိုတာ အသေအချာပါပဲနော်..။

ဖခင်ဖြစ်သူရဲ့ သတင်းကြားပြီးနောက်မှာတော့ ဖွေးဖွေးက “My life will never be the same again. ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

သူမရဲ ဘဝက အရင်လိုမျိုး ထပ်တူညီတာမျိုး မရှိတော့ဘူး လို့ ဝမ်းနည်းစွာ ရေးတင်လာခဲ့တာပါ..။ ပရိသတ်ကြီးလည်း မိသားစုနဲ့ ဝေးရာရောက်နေသူ ဖွေးဖွေးအတွက် အားပေးစကားတွေလဆိုပေးခဲ့ပါဦးနော်..။

Crd-Original Post

(ZAWGYI)








Crd-Original Post

(ZAWGYI)