PDFနဲ့သိရင် အဖမ်းခံရမှာစိုးလို့ဆိုပြီး သူငယ်ချင်းတွေက စကားမပြောတော့ဘဲ ရှောင်ဖယ်နေတာကြောင့် ဝမ်းနည်းခံစားနေရတဲ့ PDFလူငယ်လေး

မြန်မာလူငယ်လေးတွေကတော့ အပင်ပန်းခံပြီး တောတောင်တွေထဲ သွားရောက်ကာ စစ်ပညာကို သင်ကြားနေကြပါတယ်။

ယခုလိုစွန့်လွှတ်အနစ်နာခံနေတဲ့ PDFလူငယ်လေးတွေကို သားသမီးချင်းကိုယ်ချင်းစာပြီး အားပေးထောက်ခံနေကြတဲ့ ပြည်သူတွေရှိသလို

အဖမ်းခံရမှာစိုးတာကြောင့် PDFလူငယ်တွေကို ရှောင်ဖယ်နေကြတဲ့ ပြည်သူတွေလည်းရှိပါတယ်။

ယခုမှာတော့ PDFလူငယ်လေးတစ်ယောက်ဟာ တောတောင်တွေထဲ သွားရောက်ပြီး တိုက်ပွဲဝင်နေချိန်မှာအသိမိတ်ဆွေအချို့ရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံနေရကြောင်း ပြောပြလာခဲ့ပါတယ်။

ချစ်ခင်ရသူတွေ၊ လေးစားအားကျရသူတွေ၊ ခင်မင်ရတဲ့ သူငယ်ချင်းတွေက PDFတစ်ယောက်နဲ့ သိလို့ဆိုပြီး အဖမ်းခံရမှာစိုးတာကြောင့် သူ့ကိုစကားမပြောတော့ဘဲ ရှောင်ဖယ်နေကြကြောင်း အဆိုပါPDFလူငယ်လေးက ဖွင့်ဟထားခဲ့ပါတယ်။

အဆိုပါလူငယ်လေးက သူလည်းခံစားတတ်တဲ့ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့ သာမန်လူငယ်တစ်ယောက်ဖြစ်တာမို့ ယခုလိုရှောင်ဖယ်ခံရတာကြောင့် စိတ်မကောင်းဖြစ်ပြီး ခံစားနေရကာ ခံပြင်းနေခဲ့ပါတယ်။

ခက်ခဲပင်ပန်းမှုတွေနဲ့ အစွမ်းကုန်အားတင်းနေရတဲ့ ယခုလိုအချိန်တွေမှာ ချစ်ခင်ရသူတွေဆီက အားပေးစကားက ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်း ပြောပြထားခဲ့ပါတယ်။

အဆိုပါPDFလူငယ်လေးက ” ငါ့ကိုဘေးပို့လိုက်လို့လည်း ငါခံစားရ ခဏပါဘဲ အားလုံးကို မှတ်သားထားတယ် တစ်ယောက်ချင်းစီအတွက် ငါ့ ရင်ဘတ်ထဲမှာ ထွင်းထုထားတယ် တစ်ချိန် ငါတို့ ပြန်ဆုံဖြစ်မယ်ဆိုရင် လက်သုံးချောင်း ထောင်ပြီး နှုတ်ဆက်မယ်

မျက်လွှာတွေ အောက်မချသွားကြေးပေါ့ကွာ ခင်ဗျားတို့ရဲ့ တစ်ချိန်က သူငယ်ချင်း ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။

ရှာင်ဖယ်ခံနေရတဲ့ PDFလူငယ်လေးကို ပြည်သူတွေက အားတင်းထားဖို့၊ယခုကိစ္စတွေကို ခေါင်းထဲမထည့်ဖို့ အားပေးစကားတွေပြောဆိုနေကြပါတယ်။

Crd-Original Post