ပြည်သူတွေ အခက်အခဲအကြပ်အတည်းတွေရင်ဆိုင်နေရတဲ့ အခုလိုအချိန်မှာ အချင်းချင်း စည်းလုံးညီညွတ်ကြဖို့ အဓိကအကြောင်းအရင်းကို ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

ပြည်သူတွေ အခက်အခဲအကြပ်အတည်းတွေရင်ဆိုင်နေရတဲ့ အခုလိုအချိန်မှာ အချင်းချင်း စည်းလုံးညီညွတ်ကြဖို့ အဓိကအကြောင်းအရင်းကို ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင်သင်ဇာဝင့်ကျော် ကတော့ အမိုက်စား သရုပ်ဆောင်ချက် တွေနဲ့အတူ အပီပြင်ဆုံးသရုပ်ဆောင်နိုင် တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောပဲဖြစ်ပါတယ်။

သင်ဇာဝင့်ကျော် ကတော့ မကြာခဏဆိုသလို သူမရဲ့လူမှုကွန်ယက်ထက်မှာ သူမရဲ့ ခံစားချက်အချို့တွေနဲ့ ပတ်သတ်ပြီးရေးသားဖော်ပြလေ့ရှိပါတယ်။သင်ဇာဝင့်ကျော် ကတော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းပါဝင်ပြီး

လမ်းထွက်ကာ လူထု လှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ပါတယ်၊ အခုတစ်ခါမှာဆိုရငိလဲ သင်ဇာဝင့်ကျော်က ဒီလိုအချိန်မျိုးမှာအချင်းချင်း ကူညီဖေးမဖို့အဓိက အကြောင်းအရင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ လူတွေကလေ ထုတ်သာမပြောကြတာ ရင်ဆိုင်နေကြရတဲ့ပြဿနာတွေမှ တစ်ယောက်တစ်မျိုးစီပဲရယ်၊ငွေရေးကြေးရေးအရင်လိုမလွယ်ကူကြတာတွေ၊

အလုပ်အကိုင် အဆင်မပြေကြတဲ့သူတွေ၊ ချစ်ခင်ရတဲ့လူတွေကိုဆုံးရှုံးရတဲ့ ခံစားချက်၊အဲဒါကြောင့်လေအခုကာလမှာလူတွေအပေါ် နားမလည်ပေးနိုင်ရင် အပြစ်မတင်ဘဲဖြည့်တွေးနိုင်ဖို့ပဲကြိုးစားတယ်။

ဒီကာလမှာ စိတ်ညစ်စရာတွေ၊ စိတ်ညစ်ညူးစရာတွေ၊အငြင်းပွါးဖွယ်ရာပြဿနာတွေက လူတစ်ဦးတစ်ယောက်ဆီမှာလုံလောက်တာထက်တောင်ပိုနေခဲ့ပါပြီ မကူညီနိုင်သည့်တိုင်အပေါ်ယံကနေမဝေဖန်၊အပြစ်မတင်ဖို့ပါပဲ။ ဒီအခြေအနေတွေထဲအတူတူရှင်သန်ဖို့နည်းမျိုးစုံနဲ့

ကြိုးစားနေကြရတဲ့ လူအချင်းချင်းပဲမဟုတ်လားဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများ အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Crd-Original Post