“ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ အသက်ကယ်လူနာတင်ယာဉ်များ ပေးပို့”

“ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ အသက်ကယ်လူနာတင်ယာဉ်များ ပေးပို့”

၂၀၂၁ သြဂုတ်လ ၁၉ရက်

ဓာတ်ခွဲစစ်ဆေးထုတ်ပြန်ချက်များအရ သြဂုတ်လအတွင်းရောဂါပိုးကူးစက်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိနေပြီး COVID-19 လူနာသစ်နှင့် သေဆုံးသူဦးရေ နေ့စဉ်မြင့်တက်နေမှုကို ကြုံတွေ့နေရသော မြန်မာနိုင်ငံ၏ COVID-19 အခြေအနေများကို ဂျပန်နိုင်ငံအနေဖြင့် အလွန်ပင် နာကျင်ကြေကွဲရပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း၊ ဆေးရုံများတွင် လူနာတင်ကုတင်များ လုံလောက်မှုမရှိခြင်းနှင့် အောက်ဆီဂျင် ပြတ်လပ်မှုများသည် အခြေအနေကို ပိုမိုဆိုးရွားစေလျက်ရှိပါသည်။

လက်ရှိကျရောက်လျက်ရှိသော ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း COVID-19 ခံစားနေရသော မြန်မာပြည်သူများ၏ အသက်များကိုကယ်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက COVID-19 လူနာများအား အရေးပေါ်သယ်ယူပို့ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန် မြန်မာနိုင်ငံတ၀န်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ လူနာတင်ယာဉ်များ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ လူနာတင်ယာဉ်များကို COVID-19 လူနာများအား ကုသပေးနေသော အောက်ဖော်ပြပါ ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။

၁။ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး
၂။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
၃။ နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး
၄။ မြောက်ဥက္ကလာပအထွေထွေဆေးရုံကြီး
၅။ ဝေ‌‌‌ဘာဂီအထူးကုဆေးရုံ (ကူးစက်)
၆။ မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီး
၇။ လွိုင်ကော်အထွေထွေရောဂါကုဆေးရုံကြီး


၈။ မုံရွာအထွေထွေရောဂါကုဆေးရုံကြီး
၉။ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး
၁၀။ ပြည်အထွေထွေရောဂါကုဆေးရုံကြီး
၁၁။ မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီး
၁၂။ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီး
၁၃။ လားရှိုးအထွေထွေရောဂါကုဆေးရုံကြီး
၁၄။ ပုသိမ်အထွေထွေရောဂါကုဆေးရုံကြီး

လူနာတင်ယာဉ်များ ကုန်ကျငွေအတွက် ယမန်နှစ်က စတင်အကောင်အထည်ဖော်ခဲ့သည့် (အမေရိကန် ဒေါ်လာ ၅.၁၈ သန်းတန်ဖိုးရှိ) ကျန်းမာရေးထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထုတ်ယူသုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့် Automated PCR testing machines (PCR အလိုအလျောက်စစ်ဆေးစက်များ) နှင့် PCR လက်ပ်တော့များ၊ PCR test kits (PCR စစ်ဆေးကိရိယာများ) ၊ RNA extraction kits (RNA ထုတ်ယူသည့်ကိရိယာများ) နှင့် molecular biological grade ethanolများ၊ လျှပ်စစ်ဓါတ်အားထောက်ပံ့ရေးယူနစ်များနှင့် ICU အဆောက်အအုံများအတွက် မီးစက်များကို ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများသည် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် မကြာမီပေးအပ်တော့မည့် Oxygen Concentrator များအပါအ၀င် မြန်မာပြည်သူများ လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမှန်တကယ် လိုအပ်နေသော ပြည်သူများထံ အထောက်အပံ့များ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်သည့် မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် တက်ကြွစွာ ပံ့ပိုးကူညီသွားမည့် မူဝါဒကို ကိုင်စွဲထားပါသည်။

Source-Embassyofjapaninmyanmar