ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် စပါးလင်ရေနွေးကြမ်း

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် စပါးလင်ရေနွေးကြမ်း

ခေါင်းမူးခေါင်းကိုက်ခေါင်းမကြည်ခြင်းအတွက် “ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း”

ဟင်းချက်ရာမှာထဲ့သုံးဖို့ စပါးလင်ကိုဈေးကဝယ်လာပြီးသောအခါအပေါ်ပိုင်းကိုဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာအများစုပါ။

နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။

ဖြတ်ထားတဲ့အပေါ်ပိုင်းကိုရေသေချာဆေးခေါက်တုတ်လေးစုပြီးချည်လိုက်ပါ။ ရေနွေးပွက်ပွက်ဆူတစ်အိုးထဲပုံမှန်အတိုင်းလက်ဖက်ခြောက်ခပ်ပြီးရင်ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။ ရေနွေးတစ်အိုးဆိုရင်စပါးလင်တစ်ချောင်းဆိုလုံလောက်တယ် ဒီထက်ပိုထည့်တာကို ကြိုက်လဲ ပိုထည့်ပေါ့။

လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကိုမှုတ်ပြီးသောက် စပါးလင်နံ့မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ် ။

တော်ယုံခေါင်းမူးခေါင်းကိုက်စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ်မကြာခဏလုပ်သောက်ဖြစ်တယ်။

အဲ့လိုပဲ စပါးလင်နေရာမှာကွမ်းရွက်တွေ ကွမ်းရိုးတွေကိုသေချာရေဆေးပြီး ခပ်သောက်ကြည့်အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ်။

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေသင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ ။

Crd-Original Post