သားလေးထောင်ထဲရောက်နေချိန်မှာ တစ်မိသားစုလုံး ကိုဗစ်ရောဂါအလူးအလဲခံစားခဲ့ရပေမယ့် အနိုင်တိုက်နိုင်ခဲ့တဲ့လျှံဖြိုးအောင်တို့မိသားစု

သားလေးထောင်ထဲရောက်နေချိန်မှာ တစ်မိသားစုလုံး ကိုဗစ်ရောဂါအလူးအလဲခံစားခဲ့ရပေမယ့် အနိုင်တိုက်နိုင်ခဲ့တဲ့လျှံဖြိုးအောင်တို့မိသားစု

အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုလျှံဖြိုးအောင်က ဆန္ဒပြသပိတ်စစ်ကြောင်းမှာပါ၀င်ရင်း ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

ကိုလျှံဖြိုးအောင်က ကိုယ်လက်အင်္ဂါတွေကို ဆုံးရှုံးထားရတဲ့အပြင် ၅၀၅(က)နဲ့ပါအမှုဖွင့်အရေးယူခံထားရတာကြောင့် လက်ရှိမှာဆိုရင်အကျဉ်းကျနေတာဖြစ်ပါတယ်။

မိသားစုဝင်တွေကတော့ သားငယ်လေး အမြန်ဆုံးလွတ်မြောက်ပြီး ဆေးကုသမှုခံယူနိုင်ဖို့အတွက် တတ်နိုင်သလောက်ကြိုးစားနေကြပေမယ့် အခုအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတာဖြစ်ပါတယ်။

ပြည်သူလူထုကလည်း အများအကျိုးအတွက်အနစ်နာခံခဲ့တဲ့ မောင်လျှံဖြိုးအောင်အတွက် တတ်နိုင်သလောက် ဝန်းရံကူညီပေးနေကြပြီး ပြန်လည်လွတ်မြောက်လာအောင်အတတ်နိုင်ဆုံးကြိုးစားနေကြတာလည်း တွေ့ရပါတယ်။

မောင်လျှံဖြိုးအောင်ထောင်ထဲရောက်နေစဉ်မှာ မကြာခင်ရက်ပိုင်းအတွင်းက သူ့မိသားစုကိုဗစ်ကူးစက်ခံခဲ့ရပြီး ဖခင်ဖြစ်သူဟာ‌ဆိုရင်အောက်ဆီဂျင်ပေးရတဲ့အထိ အခြေအနေဆိုးရွာခဲ့တာပါ။

ကိုဗစ်ရောဂါကို တစ်မိသားစုလုံးအလူးအလဲခံခဲ့ရပေမယ့် အခုအချိန်မှာတော့ ‌ကပ်ရောဂါကြီးကို အနိုင်တိုက်နိုင်ခဲ့ပြီး Negative resultsထွက်ရှိခဲ့ပြီလို့ သိရပါတယ်။

အခုလို Negative ဖြစ်သွားတဲ့အပေါ် ပြည်သူတွေလည်း များစွာ၀မ်းသာနေကြပြီး မောင်လျှံဖြိုးအောင်တို့မိသားစုလေးကို အားပေးစကားတွေပြောပေးနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Hlyan Phyo Aung’s Facebook acc

Crd-myanmarload

(ZAWGYI)

သားေလးေထာင္ထဲေရာက္ေနခ်ိန္မွာ တစ္မိသားစုလုံး ကိုဗစ္ေရာဂါအလူးအလဲခံစားခဲ့ရေပမယ့္ အႏိုင္တိုက္ႏိုင္ခဲ့တဲ့လွ်ံၿဖိဳးေအာင္တို႔မိသားစု

အင္ဂ်င္နီယာေက်ာင္းသားတစ္ဦးျဖစ္တဲ့ ကိုလွ်ံၿဖိဳးေအာင္က ဆႏၵျပသပိတ္စစ္ေၾကာင္းမွာပါ၀င္ရင္း ပစ္ခတ္ၿဖိဳခြင္းမႈေတြေၾကာင့္ဒဏ္ရာအျပင္းအထန္ရရွိခဲ့တဲ့သူျဖစ္ပါတယ္။

ကိုလွ်ံၿဖိဳးေအာင္က ကိုယ္လက္အဂၤါေတြကို ဆုံးရႈံးထားရတဲ့အျပင္ ၅၀၅(က)နဲ႔ပါအမႈဖြင့္အေရးယူခံထားရတာေၾကာင့္ လက္ရွိမွာဆိုရင္အက်ဥ္းက်ေနတာျဖစ္ပါတယ္။

မိသားစုဝင္ေတြကေတာ့ သားငယ္ေလး အျမန္ဆုံးလြတ္ေျမာက္ၿပီး ေဆးကုသမႈခံယူႏိုင္ဖို႔အတြက္ တတ္ႏိုင္သေလာက္ႀကိဳးစားေနၾကေပမယ့္ အခုအခ်ိန္ထိျပန္လည္လြတ္ေျမာက္လာျခင္းမရွိေသးတာျဖစ္ပါတယ္။

ျပည္သူလူထုကလည္း အမ်ားအက်ိဳးအတြက္အနစ္နာခံခဲ့တဲ့ ေမာင္လွ်ံၿဖိဳးေအာင္အတြက္ တတ္ႏိုင္သေလာက္ ဝန္းရံကူညီေပးေနၾကၿပီး ျပန္လည္လြတ္ေျမာက္လာေအာင္အတတ္ႏိုင္ဆုံးႀကိဳးစားေနၾကတာလည္း ေတြ႕ရပါတယ္။

ေမာင္လွ်ံၿဖိဳးေအာင္ေထာင္ထဲေရာက္ေနစဥ္မွာ မၾကာခင္ရက္ပိုင္းအတြင္းက သူ႔မိသားစုကိုဗစ္ကူးစက္ခံခဲ့ရၿပီး ဖခင္ျဖစ္သူဟာ‌ဆိုရင္ေအာက္ဆီဂ်င္ေပးရတဲ့အထိ အေျခအေနဆိုး႐ြာခဲ့တာပါ။

ကိုဗစ္ေရာဂါကို တစ္မိသားစုလုံးအလူးအလဲခံခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ ‌ကပ္ေရာဂါႀကီးကို အႏိုင္တိုက္ႏိုင္ခဲ့ၿပီး Negative resultsထြက္ရွိခဲ့ၿပီလို႔ သိရပါတယ္။

အခုလို Negative ျဖစ္သြားတဲ့အေပၚ ျပည္သူေတြလည္း မ်ားစြာ၀မ္းသာေနၾကၿပီး ေမာင္လွ်ံၿဖိဳးေအာင္တို႔မိသားစုေလးကို အားေပးစကားေတြေျပာေပးေနၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Hlyan Phyo Aung’s Facebook acc

Crd-myanmarload