လိုင်းပေါ်မှာ ကိုဗစ် ပျောက်တယ်ဆိုပီး နာမည် ကြီးနေတဲ့ဆေး ဝယ်သောက် လိုက်မိသော အခါ

လိုင်းပေါ်မှာ ကိုဗစ် ပျောက်တယ်ဆိုပီး နာမည် ကြီးနေတဲ့ဆေး ဝယ်သောက် လိုက်မိသော အခါ

မဂ်လာပါ ပရိတ်သတ်ကြီးရေ

လိုင်းပေါ်မှာ ကိုဗစ် ပျောက်တယ်ဆိုပီး နာမည် ကြီးနေတဲ့ဆေး ဝယ်သောက်လိုက်မိသောအခါကိုဗစ်ပျောက်တယ်ဆိုတဲ့ဆေးသောက်လိုက်တာ အရေပြားမှာအရည်ကြည်ဖုတွေထပြီးအနာတွေဖြစ်

မျက်လုံးတွေနှုတ်ခမ်းတွေမှာလည်းအနာတွေဖြစ်ကုန်တယ် နေမကောင်းချင်သလိုဖြစ်တာနဲ့Online ကမှာသောက်တဲ့ ကိုဗစ်ပျောက်ဆေး ဆိုတာသောက်လိုက်တာ

အဲ့လိုတွေဖြစ်သွားတယ် ဆေးမတည့်တာပါSteven Johnson syndrome” လို့ခေါ်ပါတယ် – ရှားပါတယ်ါပေမယ့်ဖြစ်ရင် အန္တရာယ်အလွန်ကြီးပါတယ်အရမ်းခံစားရပါတယ် (အရမ်းနာပါတယ်)သေတောင်သေပါတယ်အရည်ကြည်ဖုတွေထွက်လာတယ် ပေါက်ကုန်တယ် (အရမ်းနာပါတယ်)အရေခွံတွေလန်တယ်( ရေဓာတ်ဆုံးရှုံးပါတယ်)မျက်လုံးလည်းထိသလို အမြင်အာရုံဆုံးရှုံးတက်ပါတယ်အများအားဖြင့် Sulphur ပါတဲ့ဆေးမတည့်သူတွေ၊

Uric acid ကျတဲ့ဆေး Allopurinol နဲ့ မတည့်သူတွေ မှာ ရှားပေမယ့် တွေ့ရတတ်ပါတယ်။Sulphur ပါတဲ့ ပိုးသတ်ဆေးတို့ Allopurinol တို့ဟာလိုအပ်လို့ ပေးရတာဖြစ်လို့ ဖြစ်နိုင်တယ်လို့ ကြိုမှာပြီး

ပေးတာဖြစ်လို့ စဖြစ်တာနဲ့ ဆေးရပ်ပြီး ဆေးရုံအမြန်ပြဖြစ်ပြီးကုသမှုအမြန် ခံယူရလျှင် သက်သာပျောက်ကင်းနိုင်ပါတယ်။

အခုဆေးကတော့ “သူတို့ ရိုးရာတိုင်းရင်းဆေး” ဖြစ်ပြီးတုပ်ကွေးလိုမျိုး ဖျားနာကိုက်ခဲတဲ့ ရောဂါတွေမှာ သုံးတယ်လို့သိရပါတယ်။ပြောရရင် ဒို့တွေဆီက “အဖျားကျသွေးဆေး” လိုပဲပေါ့။ကိုဗစ်မှာ ဖြစ်တဲ့လူရဲ့ (၈၀ ရာခိုင်နှုန်း) က သူ့အလိုလိုပြန်ကောင်းတယ်လေအဲ့တော့ လူတိုင်း ဒီဆေးကိုသောက်နေကြရင် အလိုလိုပြန်ကောင်းမယ်၈၀ ရာခိုင်နှုန်း က ကိုယ်တွေ့ဆိုပြီး Share နေကြတော့ ထူးခြားမှုမရှိ၊

အကျိုးမရှိတဲ့ ဆေးကိုသောက်ပြီး အခုလိုကြောက်ဖို့ ကောင်းတဲ့ ဘေးထွက်ဆိုးကျိုး ရလာနိုင်တယ် ဆိုတာ သတိပေးလိုရင်းပါ။(ဆေးသောက်ပြီး ဝေဒနာခံစားခဲ့ရတဲ့ လူနာနှင့် မိသားစုမှ အခြားသူများဘေးမဖြစ်စေရန်

ဓာတ်ပုံအသုံးပြုခွင့်ပေး၍ ပုံအသုံးပြုပါသည်)

ကျန်းမာရေးဗဟုသုတတိုးပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေDr ဘုန်းစည်သူလွင်အခုလို ဝင်ရောက်ဖတ်ရူ့ပေးကြတဲ့

ပရိတ်သတ် တစ်ယောက်ခြင်းစီးတိုင်းလည်း ကျန်းမာပျော်ရွှင်သောနေ့ရက်လေးများ ပိုင်ဆိုင်နိုင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Crd-Original Post