ငွေအပြည့်ပါတဲ့ပိုက်ဆံအိတ်တစ်လုံးကို ပိုင်ရှင်ထံ ပြန်ပေးခဲ့ပြီးနောက် အလုပ်နှင့် တိုက်ခန်းကိုပါ ရရှိခဲ့တဲ့ အိမ်ခြေရာမဲ့အမျိုးသား

ငွေအပြည့်ပါတဲ့ပိုက်ဆံအိတ်တစ်လုံးကို ပိုင်ရှင်ထံ ပြန်ပေးခဲ့ပြီးနောက် အလုပ်နှင့် တိုက်ခန်းကိုပါ ရရှိခဲ့တဲ့ အိမ်ခြေရာမဲ့အမျိုးသား

အသက် ၄၅ နှစ်အရွယ် အိမ်ခြေရာမဲ့အမျိုးသားတစ်ဦးဖြစ်တဲ့ Woralop ဟာ မကြာသေးခင်က လမ်းမှာ အမျိုးသားတစ်ဦးနှင့်တိုက်မိသွားခဲ့ပြီးနောက် ကြမ်းပြင်ပေါ်မှာ ကျကျန်နေခဲ့တဲ့အဆိုပါအမျိုးသားရဲ့ပိုက်ဆံအိတ်ကို တွေ့သွားခဲ့ပါတယ်။ Woralop ဟာ ၎င်းပိုက်ဆံအိတ်ကို ကောက်ယူကာ ဖွင့်ကြည့်လိုက်တဲ့အခါ စုစုပေါင်း ဘတ် ၂၀,၀၀၀( ဒေါ်လာ ၅၇၇) ငွေသားအပြည့်ရှိနေတာကြောင့် သူဟာ အံ့ဩခဲ့ပါတယ်။သူဟာ ၎င်းပိုက်ဆံတွေကို လက်ထဲမှာကိုင်ထားနေရတာတောင် သူ့ဘဝမှာ ဒီလောက်များတဲ့ငွေပမာဏကို မတွေ့ဖူးခဲ့ပါဘူး။


နှစ်ရှည်အိမ်ခြေရာမဲ့တစ်ဦးအနေနဲ့ Waralop ဟာ ၎င်းပိုပ်ဆံတွေကို မသိမလိုလေးယူသုံးပစ်လို့ရပေမဲ့ သူဟာ လမ်းပေါ်တက်ကာ ၎င်းပိုက်ဆံအိတ်ရဲ့ပိုင်ရှင်အစစ်ထံသို့ ၎င်းကို ပြန်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာ ပိုက်ဆံအိတ်ပိုင်ရှင်ကို အမီလိုက်ဖို့ လုပ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ မမီလိုက်တာကြောင့် ပိုက်ဆံအိတ်ကိုပြန်ပေးဖို့ ရဲစခန်းသို့ သွားခဲ့လိုက်ရပါတယ်။သို့ပေမယ့် ဇာတ်လမ်းကအဲဒီမှာတင်မဆုံးခဲ့ပါဘူး။Nitty Pongkriangyos အမည်ရှိပြီး စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေတဲ့၎င်းပိုက်ဆံအိတ်ပိုင်ရှင်ဟာ Woralop ရဲ့ကျေးဇူးကို ပြန်ဆပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။


Nitty ဟာ သံမဏိစက်ရုံတစ်ခုကိုပိုင်ဆိုင်ထားပြီး Woralop ကအိုးမဲ့အိမ်မဲ့ဖြစ်နေတာကိုသိလိုက်ရတော့ သူ့ကိုအလုပ်ခန့်ပေးခဲ့ပါတယ်။Nitty ၏အဆိုအရ Woralop ရဲ့ရိုးသားမှုနှင့်ကောင်းမွန်တဲ့အကျင့်စရိုက်က သူ့ကိုငှါးရမ်းရန်ဆွဲဆောင်နေတဲ့အရာဖြစ်ပြီး ၎င်းက သူလိုချင်တဲ့ဝန်ထမ်းတစ်ဦးရဲ့စိတ်ဓာတ်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

“ကောင်းတာလုပ်ရမှာကိုမရှက်ပါနဲ့၊ တစ်ခါတစ်ရံမှာ ပေးကမ်းတဲ့သူဖြစ်အောင်ကြိုးစားပါ၊ငါ့ပိုက်ဆံအိတ်ကိုပြန်ရလိုက်တာထက် ငါ အဲ့ဒီလူကို အလုပ်ခန့်ပေးခဲ့လို့ ပိုပျော်မိတယ်” လို့ Nitty က Coconuts သတင်းသို့ ပြောကြားခဲ့ပါသေးတယ်။

လက်ရှိမှာ အိုးမဲ့အိမ်မဲ့မဟုတ်တော့တဲ့ Woralop ဟာ သူ့ရဲ့သေးငယ်တဲ့ကြင်နာမှုလုပ်ရပ်တစ်ခုကြောင့်သူဟာ အလုပ်တစ်ခုရခဲ့ပြီး ယခုအခါ အလုပ်ကပေးတဲ့၀န်ထမ်းများရဲ့တည်းခိုခန်းမှာ အဆင်ပြေချောမွေ့စွာ နေထိုင်နေပြီဖြစ်ပါတယ်။

Woralop နှင့်သူ့၏အလုပ်ရှင် Nitty တို့ကြားရှိ လူအများအား touch ဖြစ်သွားစေတဲ့၎င်းဇာတ်လမ်းကို Nitty ၏ချစ်သူ Patty က Facebook ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့တာပါ။

အင်တာနက်သုံးစွဲသူများစွာက Woralop ရဲ့ရိုးသားဖြောင့်မတ်တဲ့စိတ်ဓာတ်ကို လေးစားကာ ၎င်းတို့လည်း အတုယူဖို့ကြိုးစားမယ်ဖြစ်ကြောင်း မှတ်ချက်များပေးခဲ့ကြပါတယ်။

Crd-Original Post