တိုင်း ကျော် မိသားစု ခြိမ်းခြောက် ခံ နေ ရ…

နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြည်သူတွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားကြတာ ဖြစ်ပါတယ်

သူတို့အဖွဲ့က လက်ရှိမှာဆိုရင် တောထဲတောင်ထဲကို ရောက်ရှိနေကြတာဖြစ်ပြီး ဘေးကင်းလုံခြုံစွာနဲ့ ဖော်ဖော်ဝါရီ ၁ရက်နေ့မှစတင်ကာ ပြည်သူတွေနဲ့ အတူ တစ်သားထဲရပ်တည်လျက်ရှိပါတယ်

တစ်ချိန်က ပြည်သူတွေကို ရယ်မောစေခဲ့တဲ့ ပျက်လုံးတွေနဲ့ ဟား၅ကောင်အဖွဲ့ကတော့ ပြည်သူနဲ့တစ်သားထဲ ရပ်တည်ကာ အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်လျက်ရှိကြပါတယ်ပြည်သူ့အတွက် ဟား(၅)ကောင်ဆိုတဲ့ ဆောင်ပုဒ်ကို အမြဲလက်ကိုင်ထားတဲ့ ညီအကို၅ယောင်ကတော့ တကယ်ပဲ ပြည်သူအတွက် ပြည်သူတွေနဲ့ပဲ ဂပ်တည်လျက်ရှိပါတယ်

ဒီနေ့မှာတော့လူရွှင်တော်တိုင်းကျော်ကသူလွတ်မြောက်နယ်မြေသို့ရောက်ရှိပြီးတော်လှန်ရေးတိုက်ပွဲများအတွက်ပြင်ဆင်နေတာကြောင့်မြို့ပေါ်မှာကျန်ခဲ့တဲ့မိသားစုဝင်များကိုအာဏာရှင်လူတစ်စုက အိမ်ပေါ်ထိတက်ပြီးခြိမ်းခြောက်ခဲ့ပုံတွေကိုပြောပြလာတာဖြစ်ပါတယ်

ဒီအကြောင်းအရာကိုတော့တိုင်းကျော်ရဲ့ညီမကိုယ်တိုင်သူ့ဆီစာရေးသားပြောပြခဲ့တာကြောင့်အကြောင်းစုံကိုသိရှိခဲ့ရတာဖြစ်ပါတယ်။အာဏာရှင်လူတစ်စုကသူတို့ရဲ့အိမ်ပေါ်ကိုဖိနပ်တွေ

နဲ့တက်လာကြပြီးအမေ့ပုခုံးပေါ်ကိုသေနတ်တင်ထားတဲ့အတွက်မိခင်ဖြစ်သူမှာတေအသားတွေတဆတ်ဆတ်တုန်နေပြီးကြောက်လန့်ခဲ့ကြောင်းရေးသားထားပါတယ်

ဖခင်ဖြစ်သူကိုလည်းခင်ဗျားသားလိုင်းပေါ်မှာဘာတွေတင်လည်းသိတယ်နော်အဘိုးကြီးလို့ပြောရုံသာမကညီမဖြစ်သူကိုလည်းနင့်အစ်ကိုဆိုတဲ့ကောင်ကိုအရေခွံစုတ်မှာဆိုပြီးတော့လည်း ကြမ်းတမ်းစွာပြောဆိုခဲ့ကြပါတယ်

လက်ရှိအချိန်မှာတော့ဘေးကင်းရာသို့ပြောင်းရွှေ့နေထိုင်နေပြီးကိုယ့်ရပ်ရွာမဟုတ်တာကြောင့်အဆင်မပြေကြောင်းဝမ်းနည်းစွာရေးသားထားပါတယ်။ အဆင်မပြေမှုတွေနဲ့အားငယ်နေတဲ့တိုင်းကျော်တို့မိသားစုကို Weekly Myanmar ပရိသတ်ကြီးလည်း အားပေးစကားလေးပြောပေးသွားကြပါအုံးနော်
Crd-Original Post