အာဖဂန်အမျိုးသမီးဘောလုံးသမားများ တာလီဘန်တွေရဲ့ရန်ကိုကြောက်လို့ ပုန်းအောင်းထွက်ပြေးနေရ

အာဖဂန်အမျိုးသမီးဘောလုံးသမားများ တာလီဘန်တွေရဲ့ရန်ကိုကြောက်လို့ ပုန်းအောင်းထွက်ပြေးနေရ

အာဖဂန်အမျိုးသမီး ဘောလုံးအသင်းရဲ့ ကစားသမားတွေဟာ တာလီဘန်တွေက နိုင်ငံကိုအုပ်ချုပ်ဖို့ စတင်ခဲ့တဲ့နောက် သူတို့ရဲ့အသက်အန္တရာယ်အတွက် ကြောက်လန့်နေရပြီလို့ သိရပါတယ်။ အမေရိကန်တပ်တွေ ထွက်ခွာသွားခဲ့ပြီးနောက် တာလီဘန်တွေဟာ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အလုံးစုံထိန်းချုပ်မှုတွေကို ရယူသွားခဲ့ပြီဖြစ်ပါတယ်။


သူတို့တွေ အာဏာပြန်လည်ရရှိမှုနဲ့အတူ မရေမတွက်နိုင်တဲ့ အာဖဂန်နိုင်ငံသား အများအပြားက တိုင်းပြည်တွင်းက ထွက်ပြေးဖို့ကြိုးစားနေကြပါတယ်။ သာမာန်အရပ်သားတွေနည်းတူ တိုင်း ပြည်ရဲ့ လက်ရွေးစင် အားကစားမယ်တွေပါ အခက်တွေ့လာပြီဖြစ်ပြီး အာဖဂန်အမျိုးသမီး ဘောလုံးသမားဟောင်းနဲ့ တက်ကြွလှုပ်ရှားသူ Khalida Popla က လက်ရွေးစင် အမျိုးသမီးကစားသမားတွေဆီက ဖုန်းဆက်သွယ်ခေါ်ဆိုမှု အများအပြားကို သူမရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

Popal ကတော့ ဒိန်းမတ်မှာ နေထိုင်နေသူဖြစ်ပြီး အာဖဂန်အ မျိုးသမီးတွေ အခွင့်အရေးအတွက် လှုပ်ရှားနေသူ ဖြစ်ပါတယ်။ သူမဆီကို ဆက်သွယ်ခဲ့သူတွေကို “မင်းလုပ်နိုင်တုန်းမှာပဲ ထွက်ခဲ့ပါ”လို့သာ သူမက အကြံဉာဏ် ပေးခဲ့ပါတယ်။ “ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေကို ဖြုတ်ချထားဖို့၊ ရှောင်တိမ်းဖို့နဲ့ ပုန်း အောင်းဖို့အတွက်ကို ကျွန်မ အကြံပြုခဲ့ပါတယ်၊ကျွန်မနှလုံးသားတွေလည်း ကွဲကြေရပါတယ်၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေမှာ အမျိုးသမီးတွေ အမြင်ကျယ်လာဖို့အတွက် ကျွန်မတို့ကြိုး စားခဲ့ရပါတယ်။


“အခုတော့ ကျွန်မက အာဖဂန်က အမျိုးသမီးတွေကို ပါးစပ်ပိတ်နေဖို့နဲ့ ပုန်းနေဖို့ ပြောနေရပါပြီ၊ သူတို့မှာ အသက်အန္တရာယ်ရှိနေပါတယ်”လို့ သူမက ဆိုပါတယ်။ တာလီဘန်တွေ ပြိုကွဲခဲ့ပြီးနောက် အာဖဂန်ရဲ့အနာဂတ်ဟာ တောက်ပလာခဲ့ပြီး Popal လို တက်ကြွသူတွေဟာ အမျိုးသမီး အခွင့်အရေးအတွက် အ များကြီး လုပ်ဆောင်ခဲ့ကြပါတယ်။ အခုအခါမှာတော့ သူမအပါ အဝင် အမျိုးသမီး အများအပြားက အခြေအနေတွေကို အ ကောင်းမြင်မှု နည်းပါးနေကြပါတယ်။

“နောက်ထပ် မျိုးဆက်သစ်တွေက တိုင်းပြည်ကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ၊ အမျိုးသမီး မျိုးဆက်သစ်တွေနဲ့ တိုင်းပြည်တွင်း အမျိုးသားတွေက အခြေအနေတွေ တိုးတက်လာအောင် လုပ်ပေးမယ်လို့ ယုံကြည်ခဲ့ပါတယ်၊


ဒါကြောင့်လည်း အမျိုးသမီးတွေကို ခွန်အားဖြစ်စေမယ့် လက်နက်တစ်ခုအဖြစ် ဘောလုံးကစားခြင်းကို အသုံးချပြီး စတင်ခဲ့ပါတယ်”လို့ သူမက ထပ်ပြောပါတယ်။ Popal ရဲ့ မယုံနိုင်လောက်တဲ့ခေါင်း ဆောင်မှုအောက်မှာ အာဖဂန်အမျိုးသမီး အသင်းပေါ်ပေါက်လာခဲ့ပြီး ဒီနောက်မှာတော့ သူမက ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပြီး နုတ်ထွက်ခဲ့ပါတယ်။

အဆိုပါ ကာလတွေတုန်းက သူမကို ခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီး တာလီဘန်တွေက ငါတို့ရန်သူတွေလို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒိန်းမတ်မှာ နေထိုင်နေပေမယ့်လည်း သူမက အာဖဂန် အမျိုးသမီးအခွင့်အရေးတွေအတွက်တော့ အသံကျယ်ကျယ်နဲ့ ရှေ့ဆောင်လုပ်ကိုင်ပေးနေပြီး

အခုအခါမှာတော့ စိုးရိမ်ပူပန်မှုတွေနဲ့ သူမလည်း ရှင်သန်နေရပြီ ဖြစ်ပါတယ်။ ကျွန်မရဲ့ ကလေးမလေးတွေ ငိုကြွေးနေတဲ အသံမက်ဆေ့ချ်တွေကို ရပါတယ်၊ မင်းတို့အဲဒီကထွက်လာဖို့ ဘာလို့မပြောကြတာလဲ၊ အနည်းဆုံးတော့ ငါတို့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ကြပါတယ်။

“ငါတို့က ရန်သူတွေကို ဖန်တီးခဲ့တာမဟုတ်ဘူး၊ သူတို့ငိုနေကြပါတယ်၊ သူတို့မှာမေးခွန်းတွေ အများကြီးရှိနေပြီးတော့ ဒီလိုဖြစ်လာတာတွေက သူတို့အတွက် မမျှတပါဘူး၊ အဝေးကြီးမှာ သူတို့ပုန်းနေကြရတယ်၊ အများစုက အိမ် ဆွေမျိုးသားချင်းတွေကို စွန့်လွှတ်ခဲ့ရပါတယ်၊

အိမ်နီးချင်းတွေက သူတို့ကို ဘောလုံးသမားတွေဆိုတာ သိနေတယ်၊ တာလီဘန်တွေက အားလုံးကိုသိမ်းပိုက်ခဲ့ပါပြီ၊ သူတို့က အကြောက်တရားတွေကို မွေးထုတ်နေကြပါပြီ” လို့ Popal က ပြောဆိုခဲ့ပါတယ်။

Crd-Original Post