ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရတာတောင် သူတတ်စွမ်းတဲ့အနုပညာလေးနဲ့အသံတိတ်ဆန္ဒပြခဲ့တဲ့ ဖြူဖြူကျော်သိန်း

အဆိုတော်ဖြူဖြူကျော်သိန်းကတော့အမိုက်စားအသံပါဝါတွေနဲ့အတူတေးသီချင်းကောင်းများစွာကိုတီဆိုထားပြီးပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကမကြာခဏဆိုသလိုသုမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာဗဟုသုတရဖွယ်ရာများနဲ့အသိပညာပေးစာသားများကိုသူမရဲ့ခံစားချက်အချို့နဲ့ရေးသားဖော်ပြလေ့ရှိပါတယ်နော်။

ဖြူဖြူကျော်သိန်းကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူတစ်သားတည်းရဲရဲဝံဝံအမှန်တရားဘက်ကပါဝင်လှုပ်ရှားခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်။

ယခုတစ်ခါမှာဆိုရင်လဲအဆိုတော်ဖြူဖြူကျော်သိန်းကဝရမ်းပြေးဘဝမှာအနုပညာတစ်ခုဖြစ်တဲ့ပန်းချီဆွဲခြင်းနဲ့ပဲဖြတ်သန်းနေရတယ်ဆိုတဲ့အကြောင်းလေးကိုအခုလိုပြောကြားလာခဲ့ပါတယ်နော်။

ဖြူဖြူကျော်သိန်းကဝရမ်းပြေးဘဝမှာpianoလေးလည်းမရှိတော့ဘူး၊ဂစ်တာလေးလည်းမရှိတော့ဘူး၊သီချင်းဆိုကျင့်လို့လည်းမရတော့ဘူးဆိုတော့ရင်ထဲကမနေနိုင်ရှာတဲ့အနုပညာကပန်းချီဆွဲပြီးအသံတိတ်ဆန္ဒပြရှာလေရဲ့။

ဘာပုံတွေလဲတော့လာမမေးနဲ့၊ကိုယ်လည်းမသိဘူး၊သူတို့ဟာသူတို့လက်ထဲကထွက်ကျလာတာဆိုပြီးတော့သူမရဲ့ပန်းချီအနုပညာတစ်ချို့ကိုInstagramအကောင့်မှာပုံများနှင့်တကွရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူပြီးမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)








Crd-Original Post