ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ပို့စ်လေးတစ်ခုကိုတင်လာခဲ့တဲ့ တေးသံရှင်နီနီခင်ဇော်

City FM (၁၉) နွစ်ပြည့် ဂီတဆုပေးပွဲကြီးမွာ ၂၀၂၀ ခုနွစ်အတွင်း တေးသီချင်းတောင်း ဆိုခံရမှု အျမားဆုံး အမျိုးသမီးတေးသံ ရှင်ဆုကို ရရှိခဲ့တဲ့ နီနီခင်ဇော်ကတော့ အဆိုတော်တစ်ယောက် လည်းဖြစ်သလို ဆရာဝန်မလေး တစ်ယောက်လည်းဖြစ်ပါတယ်ဆိုတာ ပရိသတ်ကြီးလည်းသိပြီးဖြစ်မှာပါ။

လက်ရှိတိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ်အချိန်မှာ CDM မှာ ပါဝင်ကြတဲ့ သူငယ်ချင်း ဆရာဝန်တွေနဲ့အတူတူ ပရဟိတဆေးခန်းလေး ဖွင့်လှစ်ပြီး ဆေးအကူ ဆရာဝန်တစ်ယောက်အဖြစ် တစ်ဖက်တစ် လမ်းကနေ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေလုပ်လို့ တရားဝင်ဆေးကုသခွင့် လိုင်စင် မရရှိတဲ့ နီနီခင်ဇော်က ဆေးအကူအဖြစ်ပဲ သူငယ်ချင်းဆရာဝန်တွေကို ကူညီရင်း ပရဟိတအလုပ်တွေလတ်တလော လုပ်နေတာပဲဖြစ်ပါတယ်။

သူမဟာ ဝါသနာပါရာ ဂီတလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူမ တတ်မြောက်ထားတဲ့ ဆေးပညာရပ်တွေနဲ့လည်း ဆေးရုံတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူများအတွက် ပရဟိတဆေးခန်းတွင် ဆေးကုသ ပေးနေသူပါ။

အခုလည်းသူမရဲ့ လူမှုကွန်ယက်မှာ တင်ထားတဲ့ “သတိရခြင်းများစွာဖြင့်…… Free our artists” ဆိုတဲ့ ပိုစ့်လေးဟာ လူကြည့်များပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတာ အနုပညာရှင် မောင်နှမများကို ရည်ညွန်းရေးသားတင်ခဲ့တာဖြစ်လို့… ထူးခြားနေတဲ့ဒီပိုစ့်လေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Crd-Original Post

(ZAWGYI)








Crd-Original Post