အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့တသားတည်းရပ်တည်နေပြီး အလှူအတန်းနဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ အေးဝတ်ရည်သောင်း

အေးသောင်းလို့အများက ချစ်စနိုးခေါ်ကြတဲ့သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ အမိုက်စားခန္ဓာကိုယ်နဲ့အတူ ပရိတ်သတ်အချစ်ကိုဖမ်းစားထားပြီး ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောပဲဖြစ်ပါတယ်။

အေးသောင်းကတော့ အလှူအတန်းတွေမှာလဲ သုမတတ်နိုင်တဲ့ဘက်ကနေပါဝင် ကူညီလှူဒါန်းပေးနေပါတယ်။အေးသောင်းကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊

အခုတစ်ခါမှာဆိုရင်လဲအေးသောင်းကပရိတ်သတ်တွေနဲ့အတူရှိပြီးပြည်သူတွေအတွက်အလှူအတန်းပြုလုပ်ခဲ့ကြောင်းကိုအခုလိုပြောပြလာပါတယ်နော်။

အေးသောင်းကတော့ရောက်တဲ့နေရာမှာပျော်အောင်နေပါ၊လက်ရှိအချိန်ကတန်ဖိုးအရှိဆုံးပါ၊ကျန်းကျန်းမာမာနဲ့အကြာကြီးအတူတူနေသွားကြမယ်နော်၊

မတွေ့ရတာကြာတဲ့ရက်တွေမှာကိုယ့်ရဲ့အလှူလေးတွေဝေမျှပါတယ်၊Aprilလမှာလူနာတင်ကားလေးမန်းလေးမှာလှူဖြစ်ခဲ့ပါတယ်၊မေလမွေးနေ့မှာတော့လိုအပ်နေတဲ့သူတွေထဲကျပ်သိန်း50အလှူလေးလုပ်ခဲ့ပါတယ်။

ဇူလိုင်လမှာOxygen Concentrator3လုံးနှင့် အခုလာမည့် ရက်ပိုင်းအတွင်းမှာလည်း အောက်စီဂျင်အိုး400ကိုဖြည့်ဖို့ အတွက် မန်းလေးမှာလှူသွားဖို့ရှိပါတယ်၊

အမြဲသတိရလျက်မအေးသောင်းဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်ထက်မှာ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)








Crd-Original Post