ကိုဗစ်ရောဂါကြောင့် ရက်ပေါင်း၄၀ကျော်အတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အနုပညာရှင် ၁၃၁ ဦး
ကိုဗစ်ရောဂါကြောင့် ရက်ပေါင်း၄၀ကျော်အတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အနုပညာရှင် ၁၃၁ ဦး
လက်ရှိမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ဆိုးကြီးနဲ့ ပတ်သတ်ပီးကူးစက်ပျံ့နှံ့မှုတွေများပြားလာတာကြောင့် အသက်ပေါင်းများစွာကို ဆုံးရှုံးနေရပါတယ်။
ဇူလိုင် ၁ရက်နေ့ကနေ သြဂုတ်၁၀ ရက်နေ့အထိ ရက်ပေါင်းလေးဆယ်ကျော်အတွင်းမှာဆိုရင်ရုပ်ရှင်၊ဂီတ၊ဇာတ်သဘင်စတဲ့ နယ်ပယ်စုံက အနုပညာရှင် ၁၃၁ ဦး RFA ကစာရင်းပြုစုထားနိုင်ခဲ့ပါတယ်။အဲ့ဒီအနုပညာရှင် အများစုက ကိုဗစ်ကြောင့် သေဆုံးရတာ ဖြစ်ပီး
ရိုးရိုးသေဆုံးသူလဲအနည်းငယ်ရှိကြောင်းသိရှိရပါတယ်။
သေဆုံးသူတွေထဲမှာဆိုရင် စာရေးဆရာ၊ ကဗျာဆရာ နဲ့စာနယ်ဇင်းနယ်ပယ်က ၇၃ဦး၊ပန်းချီပန်းပု နယ်ပယ် က ၂၂ ဦး၊ရုပ်ရှင်နဲ့ဇာတ်သဘင်နယ်ပယ်က ၁၈ဦး၊ဂီတနယ်ပယ်က ၁၈ဦး စုစုပေါင်း ၁၃၁ ဦးပဲဖြစ်ပါတယ်။
ရက်ပေါင်း၄၀ကျော်အတွင်းမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ အနုပညာရှင် ၁၃၁ ဦးမအပြင် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများလဲ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။အားလုံးလဲဘေးအန္တရာယ်မှအမြန်ဆုံးကင်းဝေးကြပါစေဗျာ။
Crd-Original Post
(ZAWGYI)
Crd-Original Post