ခြေထောက်ဆုံးရှုံးခဲ့ပေမဲ့ ဘဝကို အရှုံးမပေးဘဲ ကြိုးစားလုပ်ဆောင်နေတဲ့ DELIVERY အမျိုးသား

မဂ်လာပါ ပရိတ် သတ်ကြီးရေ … Roy အမည် ရှိ အမျိုးသားက GrabFood Rider တစ် ဦးဟာ သူ့ ရဲ့ခြေ ထောက် ဆုံးရှုံးခဲ့သော် လည်း ပစ္စည်းတွေ ပို့ ဆောင် ပေးနေ တာကို တွေ့ တဲ့ အ ခါ Roy က ထိုလူ ကို လေးစားသွားပြီး အံ့သြခဲ့ပါတယ် ။ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်မှာ Roy က သူရဲကောင်း GrabFood Rider ကို တွေ့ ကြောင်း Stomp မှာ မျှ ဝေ ခဲ့ တာ ဖြစ် ပါတယ် ။


Roy က Saire အမည် ရှိ မသန်စွမ်း GrabFood Rider နဲ့ စကားပြောဆို ရန် သွားခဲ့ပါတယ် ။“Saire ကအရမ်းတော်တဲ့လူ တစ်ယောက်ပါ။ ကျွန်တော် သူ့ကို Clementi မြို့မှာ အရင်က မြင်ဖူးတယ်၊ ဒါပေမယ့် Bishan မြို့မှာ သူ့ကို တွေ့တာနဲ့၊ ငါသူနဲ့စကားစမြည်ပြောရမယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ် ။ Saire က လမ်းမတော်တဆမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော့်ကိုပြောခဲ့ပါတယ်။

သူက အဲ့လို ဖြစ် ပျက် ခဲ့ပေမယ့် ဒီလောက် အလုပ် ကြိုးစားပြီး ပို့ ဆောင်ပေးနေ တာကိုက ငါမယုံနိုင် ဖြစ်နေပါတယ်။ သူကတကယ့်ကိုအတုယူစရာပါ။ ” ဆိုပြီး Roy က ပြောဆို ခဲ့ပါတယ် ။တရုတ်ဘာသာ စကားသတင်းစာ Lianhe Zaobao ရဲ့ အဆို အ ရ Saire ဟာ သူ့အသက် ၁၃ နှစ်သာ ရှိသေးတဲ့ အချိန်မှာ မ တော်တဆမှုကြောင့် သူ့ရဲ့ ညာခြေထောက်က အကြီး အကျယ် ပျက်စီးထိခိုက်ခဲ့ပါတယ်။


သူ့အသက် ၂၉ နှစ် အရွယ်မှာ ခြေထောက် ကို ဘက်တီးရီးယားပိုး မွှားဝင်တာကြောင့် သူ့ခြေထောက် တစ်ဖက်ကို ဖြတ်တောက်ခဲ့ရပါတယ် ။ ဒီ အမျိုးသားက သူ ခြေထောက် တစ် ဖက် ဆုံးရှုံးခဲ့ ပေမဲ့ မိသားစု အတွက် အလုပ်တွေ ကြိုးစားလုပ်ဆောင် နေတာ ဖြစ် ပါတယ် ။

Crd-Original Post