ဆေးရုံမှာနှလုံးခွဲစိတ်ဖို့ ကြောက်ပြီးငိုနေတဲ့ကလေးကို နှစ်သိမ့်ပေးနေတဲ့ ကြင်နာတတ်တဲ့ဆရာဝန်

ဆေးရုံမှာနှလုံးခွဲစိတ်ဖို့ ကြောက်ပြီးငိုနေတဲ့ကလေးကို နှစ်သိမ့်ပေးနေတဲ့ ကြင်နာတတ်တဲ့ဆရာဝန်

တရုတ်နိုင်ငံ Zhejiang မြို့ရှိဆေးရုံတစ်ခုမှာ သူမရဲ့နှလုံးခွဲစိတ်မှုအား စောင့်ဆိုင်းနေသည့် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ကြောက်လန့်ကာ ငိုကြွေးနေခဲ့ပါတယ်။ ထို့ကြောင့် ၎င်းဆေးရုံရှိ နှလုံးခွဲစိတ်မှု၏ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့ Dr. Shi Zhuo ဟာ အဆိုပါ

ကလေးမလေးအား သူ့ရဲ့ပေါင်ပေါ်သို့ ထိုင်စေပြီး သူ့ဖုန်းဖြင့် ကာတွန်းကားအချို့ကို ကြည့်စေခဲ့ပါတယ်။

ကြောက်လန့်ပြီး စိတ်ရှုပ်ထွေးနေခဲ့တဲ့ အဆိုပါကလေးမလေးဟာ နောက်ဆုံးမှာ စိတ်သက်သာရာရသွားခဲ့ပြီး ဆရာဝန်များကလည်း ခွဲစိတ်ရန်အိပ်ပျော်သွားစေဖို့ သူမအား

မေ့ဆေးထိုးပေးခဲ့ကြပါတယ်။သို့ပေမဲ့ ၎င်း Dr. Shi Zhuo နှင့်ကလေးမလေးတို့ရဲ့၎င်းအခိုက်အတန့်လေးကို မလွတ်သွားစေဖို့ မေ့ဆေးဆရာဝန် Jin Ziying က ကင်မရာဖြင့် ရိုက်ယူထားနိုင်ခဲ့ပါတယ်။ထို့နောက် social media ပေါ်မှာ တင်လိုက်ပြီးတာနဲ့တစ်ပြိုင်နက် ၎င်း story ဟာ ချက်ချင်းပင် ပျံ့နှံ့ကာ

လူသိများသွားခဲ့ပါတယ်။ခွဲစိတ်ဆရာဝန်များဟာ ၎င်းတို့ရဲ့လူနာများဖြစ်တဲ့ လူငယ်များနှင့်လူကြီးများအား ခွဲစိတ်ရန် ကြောက်စရာကောင်းသည့်အလုပ်တစ်ခုကို ရင်ဆိုင်ရသော်လည်း ၎င်းတို့ဟာ လူနာများကို စိတ်ငြိမ်သွားအောင် ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးရန် မလိုအပ်ပါဘူး။

အထူးသဖြင့် ၎င်းတာဝန်များက ခွဲစိတ်ခန်းထဲသို့မဝင်ခင်မှာ အတော်များများအကူသူနာပြုများကသာ လုပ်ကြရပါတယ်။ ကလေးမလေးအား မေ့ဆေးမပေးခင် အငြိမ်လေးဖြစ်နေအောင်လုပ်ပေးဖို့ မိဘဖြစ်သူတွေကို ခနခေါ်လိုက်လို့ရပေမဲ့လည်း Dr. Shi ဟာ သူ့ရဲ့အလုပ်

လို့သဘောထားပြီး သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းဖြင့် ကလေးမလေးကို အနည်းငယ် စိတ်သက်သာရာရသွားအောင်လုပ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Dr.Shi ဟာ သူကိုယ်တိုင်မှာက ၆ နှစ်အရွယ်သားလေးတစ်ယောက်ရှိနေတာကို သိခဲ့ရပါတယ်။

ကြင်နာတတ်တဲ့ Dr . Shi က “ မိဘတစ်ယောက်အနေနဲ့ ကလေးတွေက အခုလိုအခြေအနေမျိုးဆို ကြောက်ရွံ့ကြပြီး မိသားစုဆီကနေဂရုစိုက်ချင်ကြတာကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်” ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါဟာ အံ့သြစရာကောင်းလှပါတယ်။ရှိသမျှ ဆရာဝန်များနှင့်ဆေးရုံဝန်ထမ်းများအားလုံးကလည်း Dr.Shi ကဲ့သို့ ကြင်နာတတ်ပြီး နားလည်မှုတွေပါပေးစွမ်းနိုင်ရင်တော့ အရမ်းကို အံ့ဩစရာကောင်းနေမှာ အမှန်ပါဘဲ။ကလေးမလေးရဲ့အဖေဖြစ်သူက သူမဟာ ပိုကောင်းလာနေပြီဖြစ်ကြောင်းနှင့် ခွဲစိတ်မှုဟာလည်း အောင်မြင်စွာ

ပြီးဆုံးခဲ့ကြောင်းကို ပြန်လည်ပြောကြားခဲ့ပါတယ်။သတင်းထောက်များအား ပြောကြားရာမှာတော့ “အဖေတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့သမီးကို ဒီလိုနည်းနဲ့ပြုစုပေးခဲ့တဲ့အတွက် Dr.Shi ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်” ဟု ဖခင်ဖြစ်သူက ထို့ကဲ့သို့ ဝမ်းသာကြည်နူးစွာ ဖြေကြားပေးခဲ့ပါတယ်။

Crd-Original Post