တင်းတိပ်ပျောက်ဆေး

တင်းတိတ်ပေါက်လို့ စိတ်ညစ်နေလား ဒါလေးဖတ်လိုက်

တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ ..။

မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့…။

သုံးရမှာက အြိမမြှာ ငှလညြေးမကုနြ လှယလြှယနြဲ့ ရတဲ့ မီးဖိုခွောငထြဲက မှနမြာ့ တိုငြးရငြးဆေး ပဈစညြး မကညွြးသီးမှညြ့ ပါဘဲ ။

ကျမ အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ်

ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ

ဆေးနည်း

၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ ။

၂ ။ အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာ မှာ လိမ်းထားလိုက်ပါ ။

( စ လိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေး မျက်နှာမှာ ဖြစ်နေပြီး အေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ ။

အပြင်သွားခါနီး၊အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကို ရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာ လိမ်းပြီးသွားပေါ့ ။ )

၃ ။ ည အိပ်ရာ ၀င်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကို မျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ ။

အနည်းဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ် ။

ဆယ်ရက် ၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။

အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့ သဘာ၀အတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါလိုိ့ လက်တွေ့ စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါရစေ…။

အမျိုးသမီးများ လှနှိုင်ကြပါစေ…။

ကိုးကါး

ကိုယ့်မိသားစု၀င်များ ၊ နီးစပ်ရာ အစ်မကြီး များအား လက်တွေ့ စမ်းသပ် လေ့လာ ပျောက်ကင်းသွားမှုများကြောင့် မျှဝေပေးလိုက်ပါတယ်..ရှင်

Credit-Original Post