သံဃာတော်တွေအတွက် မျက်လုံးတစ်ဖက်ကွယ်နေတာတောင် ရေခဲထုပ်ရောင်းပြီး ကျောင်းဆောက်လှူတဲ့ အဖိုး

လက်ရှိကာလမှာ စေတနာရှင်ပြည်သူတွေကလည်း တစ်ကိုယ်တော် ပရဟိတသဘောမျိုးနဲ့ ခက်ခဲသူတွေကိုတွေ့တိုင်း ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အခုအခြေအနေမှာဆိုရင် စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေကစပြီး လက်လုပ်လက်စား ပြည်သူတွေအထိ ဝင်ငွေနည်းပါးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း တချို့အိမ်ထောင်စုတွေကတော့ တစ်နေ့တာစားသောက်ဖို့ အတွက်တောင် မနည်းရုန်းကန်နေရပြီး အသက်ရှင်ဖို့အတွက် အဆင်ပြေသလို ရပ်တည်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသက် ၉၀ ကျော်အရွယ် အဘိုးအိုတစ်ဦးက စားဝတ်နေရေးအတွက် သမာအာဇီဝ ကျစွာလုပ်ကိုင် စားသောက်နေတဲ့အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။

အဘိုးနာမည်က ဦးထွန်းနွဲ့ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အိုးဘိုရပ်ကွက်အောင်သိဒ္ဓီ ၆ လမ်းမှာ နေထိုင်တာဖြစ်ပါတယ်။အဘိုးကမျက်လုံး တစ်ဖက်လည်းမမြင်ရဘဲ အဲ့ဒီအိမ်လေးထဲမှာ တစ်ယောက်တည်းနေထိုင်ပြီး ပြုစုစောင့်ရှောက်ပေးမယ့် မိသားစုဝင်မရှိဘူးလို့လည်း သိရပါတယ်။

အဘိုးကတော့ မျက်လုံးတစ်ဖက် မမြင်ရပေမယ့်လည်း ပိုက်ဆံရဖို့အတွက် လမ်းတကာလှည့်ပြီး ရေခဲထုတ်လိုက်ရောင်းရရှာတာ ဖြစ်ပါတယ်။ရေခဲချောင်း ရောင်းလို့ရတဲ့အမြတ်က တစ်နေ့မှ ၅၀၀ ၁၀၀၀ပဲရှိပြီး မနက်ဈေးစရောင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ ရေခဲချောင်း ၁၀ ချောင်းကိုမရှိတဲ့ကြားက လှူခဲ့သေးတာဖြစ်ပါတယ်။

အသက် ၉၀ ကျော်နေတာတောင် ကိုယ့်အား ကိုယ်ကိုးပြီး ရုန်းကန်နေတဲ့ အဘိုးကိုတွေ့တဲ့အခါ စေတနာရှင်ပြည်သူတွေက ဝယ်ယူအားပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါတယ်။အများပြည်သူ ကူညီလို့ရအောင် အဘိုးရဲ့မျက်နှာကိုဖော်ပြထားရခြင်း ဖြစ်ပါသည်။

Crd-Original Post