အမှန်တကယ် လိုအပ်ရာ အောက်ဆီဂျင်အိုးများ လြေဖည့်နိုင်ရန် အလုံး (၄၀၀) အတွက် တစ်နေ့တာ အလှူကုသိုလ်အဖြစ် လှူဒါန်းခဲ့တဲ့ မအေးသောင်း

ပရိသတ်ကြီးရေ နိုင်ငံကျော် မင်းသမီးချော အေးဝတ်ရည်သောင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်..။

ပရိသတ်တွေရဲ့ ချစ်စနိုးနဲ့ မအေးသောင်လို့ ခေါ်ခံရသူ အေးဝတ်ရည်သောင်းကတော့ သရုပ်ဆောင် အနုပညာပိုင်းမှာ အရည်အချင်းရှိသူ အနုပညာရှင် မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်နော်..။

ပျော်ရွင် တက်ကြွမှု တွေနဲ့အတူ လှုပ်ရှားမှုတွေမှာလည်း ပါဝင်တတ်သူ မအေးသောင်းကတော့ ကာလဒါန အလှူကုသိုလ်တွေကိုလည်း ပြုလုပ် လှူဒါန်းတတ်သူပါ..။

ဒီကနေ့ သြဂုတ်လ(၁၇)ရက်နေ့မှာလည်း သူမရဲ့ ကာါ် အလှူလေးတစ်ခုကို သူမ လူမှုကွန်ရက်စာမျက်နှာပေါ်မှာအခုလိုပဲ တင်လာခဲ့ပါတယ်…။

မြန်မာနိုင်ငံလူမှု့ကယ်ဆယ်ရေး – မန္တလေးတိုင်းဒေသကြီး ကော်မတီ အဖွဲ့မှာ တစ်နေ့တာ အောက်ဆီဂျင်အိုး အလုံး(၄၀၀) စာ လေပြည့် နိုင်ရန် အလှူကုသိုလ်လေးကို

လှူဒါန်းခဲ့ကြောင်း ချစ်ရတဲ့ ပရိသတ် တွေနဲ့ အတူ ခုနှစ်ရက် သားသမီး များ သာဓု ခေါ်ဆိုနိုင်အောင် မအေးသောင်းက “လှူခဲ့တဲ့အလှူလေးပါ အောက်စီဂျင်အိုး (400 )အတွက်ပါရှင်။ ကာလဒါနအလှူလေးကို မျှဝေပါတယ်ရှင်..။

ကျန်းမာကြပါစေ ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ မအေးသောင်းရဲ့

အလှူကုသိုလ်လေးကို ပရိသတ်ကြီးလည်း သာဓု ခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေ ပေးလိုက်ရပါတယ်..။

Source : Aye Thaung’s Facebook