ချစ်သမီးလေးပိုင်ဖြိုးသုရိုက်ထားတဲ့ ဇာတ်ကားလေးကို ကြည့်ခွင့်ရရင်ပြန်ကြည့်ချင်ကြောင်း ရင်ဖွင့်လာခဲ့တဲ့ ပိုင်ဖြိုးသုရဲ့မိခင်

ချစ်သမီးလေးပိုင်ဖြိုးသုရိုက်ထားတဲ့ ဇာတ်ကားလေးကို ကြည့်ခွင့်ရရင်ပြန်ကြည့်ချင်ကြောင်း ရင်ဖွင့်လာခဲ့တဲ့ ပိုင်ဖြိုးသုရဲ့မိခင်

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်၊

ပိုင်ဖြိုးသုကတော်လှန်ရေးကြီးမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေ ရပါတယ်နော်။

ဒီလိုရှောင်တိမ်းနေရတဲ့အတွက်ကြောင့်မိသားစုများနဲ့ပရိတ်သတ်များက စိုးရိမ်ပူပန်နေရပါတယ်၊

ပိုင်ဖြိုးသုရဲ့မိခင်ကြီးဖြစ်သူကလဲသမီးဖြစ်သူကိုလွမ်းတဲ့အကြောင်းလေးမကြာခဏဆိုသလိုလူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလေ့ရှိပါတယ်၊ ယခုတစ်ခါမှာလဲပိုင်ဖြိုးသုရဲ့မိခင်ကသမီးလေးရိုက်တဲ့ဇာတ်ကားလေး

ကြည့်ခွင့်ရရင်ကြည့်ချင်မိတယ်လို့ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်။

ပိုင်ဖြိုးသုရဲ့မိခင်ကကြည့်ခွင့်ရရင်ပြန်ကြည့်ချင်မိပါတယ်၊မီး‌လေးအလွမ်းပြေဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်ထက်မှာသရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ဇာတ်ကားတစ်ချို့ကိုမျှဝေရင်းဝမ်းနည်းစွာပြောပြလာခဲ့ပါတယ်၊

ရှောင်တိမ်းနေရတဲ့သူတွေအားလုံးမိသားစုနဲ့အမြန်ဆုံးပြန်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)









Crd-Original Post