ကိုယ်ကျိုးကိုမငဲ့ပဲ လက်နက်မဲ့ပြည်သူတွေနဲ့အတူ ဒီမိုကရေစီတိုက်ပွဲမှာ ထပ်မံပူးပေါင်းပါဝင်လာခဲ့တဲ့ ရဲတပ်သား အောင်မင်းသူ

ကိုယ်ကျိုးကိုမငဲ့ပဲ လက်နက်မဲ့ပြည်သူတွေနဲ့အတူ ဒီမိုကရေစီတိုက်ပွဲမှာ ထပ်မံပူးပေါင်းပါဝင်လာခဲ့တဲ့ ရဲတပ်သား အောင်မင်းသူ

ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ နိုင်ငံ့ဝန်ထမ်းများကလည်း မိမိတို့ရဲ့ ရာထူးဂုဏ်တွေကို စွန့်လွှတ်ပြီး CDM ပြုလုပ်ခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။

CDMပြုလုပ်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းများထဲမှာလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီလို ပူး ပေါင်းလာတဲ့ တချို့တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက

လွတ်မြောက်နယ်မြေတွေမှာ အာဏာရှင်ကိုတော်လှန်ဖို့ PDF ရဲဘော်တွေကို စစ်ပညာများကို ပြန်လည်ပို့ချပေးနေတာလည်း တွေ့ရပါတယ်။

ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိပြီး ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်းပေးတာကတော့ တကယ့်ကို လေးစားစရာပါ။ ယခုမှာလည်း နွေဦးတော်လှန်ရေးအတွက် ခွန်အားဖြစ်စေမယ့် ဝမ်း သာစရာသတင်းကောင်းတစ်ခုကို ကြားသိရပါတယ်။

ဒီသတင်းကောင်းလေးကတော့ ရဲတပ်သားတစ်ဦးဟာ CDM ပြုလုပ်ပြီး နွေဦးတော်လှန်ရေးမှာ လက်နက်မဲ့ ပြည်သူတွေနဲ့အ တူ ပူးပေါင်းပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ယခုတစ်ခါ CDM ပြုလုပ်တဲ့ ရဲတပ်သားကတော့ ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လ-၂၆၂၃၆၇၊ ရဲတပ်သား အောင်မင်းသူဟာ အင်းအမျို းသားကာကွယ်ရေးတပ်-INDF ဆီမှာ လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနွေဦးတော်လှန်ရေးမှာ ကိုယ်ကျိုးမငဲ့ပဲ ပြည်သူတွေနဲ့ တစ်သားထဲရပ်တည်ပေးခဲ့တဲ့ ရဲတပ်သားအောင်မင်းသူကိုတော့ မလေးစားပဲမနေနိုင်လောက်အောင်လည်း ဖြစ်မိပါတယ်။

နွေဦးတော်လှန်ရေးအတွက် ခွန်အားတွေ ဖြစ်စေမယ့် ဒီသတ င်းကောင်းလေးကို ပရိသတ်တွေ သိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Crd – Original Post