သူမရဲ့ ပေ့စ်နာမည်ကို ခုတုံးလုပ်ပြီး ငွေလိမ်စားနေတဲ့ မသာမာသူလူလိမ်တွေကြောင့် သတိထားဖို့ ပြောပြလာတဲ့ ခိုင်နှင်းဝေ

သူမရဲ့ ပေ့စ်နာမည်ကို ခုတုံးလုပ်ပြီး ငွေလိမ်စားနေတဲ့ မသာမာသူလူလိမ်တွေကြောင့် သတိထားဖို့ ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရဟိတ အလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာ ရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေ ကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့ အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက် လှူဒါန်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက် မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ် ။ ဒီလို လှူဒါန်းနေသလို တစ်ဖက် မှာလည်း မသမာသူတွေရဲ့လောဘကြောင့် သူမရဲ့ ပေ့စ်နာမည်ကို အသုံးချကာ ငွေလိမ်လည်နေကြတာတွေ လည်းဖြစ်ပွားလျက်ရှိပါတယ် ။

သူမရဲ့ အသင်းနာမည်နဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ ၊ Viber တွေမှာ လိုက်လိမ်နေကြောင်း ကို ဒီနေ့မှာတော့ ပုံတွေ ထုတ်ပြလာပြီး ပရိသတ်တွေကို မယုံကြည်ဖို့ သတိပေးလာပါတယ် ။ ” ကျမရဲ့ အသင်း နာမည် အသုံးပြု၍ Facebook ပါ မက Viber ကပါ ဖုန်းနံပါတ်တွေထဲ လျှောက်ပို့ပြီး လိုက်လိမ်နေတဲ့ အတွက် အသိပေး ပါတယ်ရှင်..

ကျမရဲ့ ပရဟိတ ဖုန်းများမှာ…….. 09-793841108 09-793841165 09-793841194 ဤ ဖုန်း(၃)လုံးသာ ကျမရဲ့ ပရဟိတ ဖုန်း အစစ်အမှန်ပဲ ဖြစ်ပါတယ်ရှင်…” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Khine Hnin Wai