ဖခင်ကြီးရဲ့ ဇာတိမြို့မှာ အိမ်ထောင်စု(၃၀၀)စာ စားနပ်ရိက္ခာကုသိုလ်ယူခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

ဖခင်ကြီးရဲ့ ဇာတိမြို့မှာ အိမ်ထောင်စု(၃၀၀)စာ စားနပ်ရိက္ခာကုသိုလ်ယူခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

မင်းသမီးချော ခိုင်သင်းကြည် ကတော့ လွန်ခဲ့တဲ့ (၂၅) နှစ်ပတ်ဝန်းကျင် ကတည်းက ပြက္ခဒိန်ကြော်ငြာတွေမှာ နေရာယူထား နိုင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

အကယ်ဒမီဆုကြီး (၂) ဆုကို လက်ဝယ် ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည် ကတော့ သူမရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးကိုလည်း အနုပညာအမွေတွေကို လက်ဆင့်ကမ်းထားနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခိုင်သင်းကြည်က အနုပညာလုပ်ငန်းတွေကို ရပ်နားထားပြီး မိသားစုကိုသာ ပိုမိုအချိန်ပေးဂရုစိုက်ဖြစ်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာလည်း ခိုင်သင်းကြည်က သူမရဲ့ဖခင် ဇာတိမြို့မှာ ကုသိုလ်ယူခဲ့ကြောင်း “ယနေ့အလှူ အဖေ့ဇာတိရွှေဘိုခရိုင်ကျောက်မြောင်းမြို့မှာအိမ်ထောင်စု၃၀၀စာ ဆန်၊ဆီ၊ပဲ၊ ကြက်သွန်အလှူအသစ်ဆောက်လုပ်သည့် မီးသဂြိၤုလ်စက်အတွက် အလှူငွေ၁၀သိန်းကျောင်းတော်ကျောင်းတိုက်ဆရာတော်အား ဆန်အိတ်ဆီပုံးနှင့် နဝကမ္မအလှူငွေ၅သိန်းလှူဒါန်းပူဇော်ပါတယ်ရှင်” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ခိုင်သင်းကြည်ကတော့ ပြည်သူတွေအားလုံးအကြပ်အတည်းရောက်နေချိန်မှာ တတ်နိုင်သလောက် လှူရင်းတန်းရင်း ပြည့်သူ့ဘက်က ရပ်တည်နေတဲ့ မင်းသမီးတစ်လက်ပါပဲ။

Source: KHINE THIN KYI’s fb

Crd to Myanmar Celebrities

(ZAWGYI)

ဖခင္ႀကီးရဲ႕ ဇာတိၿမိဳ႕မွာ အိမ္ေထာင္စု(၃၀၀)စာ စားနပ္ရိကၡာကုသိုလ္ယူခဲ့တဲ့ ခိုင္သင္းၾကည္တို႔မိသားစု

မင္းသမီးေခ်ာ ခိုင္သင္းၾကည္ ကေတာ့ လြန္ခဲ့တဲ့ (၂၅) ႏွစ္ပတ္ဝန္းက်င္ ကတည္းက ျပကၡဒိန္ေၾကာ္ျငာေတြမွာ ေနရာယူထား ႏိုင္ခဲ့ၿပီး ဒီေန႔ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲ အႏုပညာရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

အကယ္ဒမီဆုႀကီး (၂) ဆုကို လက္ဝယ္ ပိုင္ဆိုင္ထားတဲ့ ခိုင္သင္းၾကည္ ကေတာ့ သူမရဲ႕ တစ္ဦးတည္းေသာ သမီးေလး စံထိပ္ထားဦးကိုလည္း အႏုပညာအေမြေတြကို လက္ဆင့္ကမ္းထားႏိုင္သူ တစ္ေယာက္ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ခိုင္သင္းၾကည္က အႏုပညာလုပ္ငန္းေတြကို ရပ္နားထားၿပီး မိသားစုကိုသာ ပိုမိုအခ်ိန္ေပးဂ႐ုစိုက္ျဖစ္ေနတာပဲျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ (၉) ရက္ေန႔မွာလည္း ခိုင္သင္းၾကည္က သူမရဲ႕ဖခင္ ဇာတိၿမိဳ႕မွာ ကုသိုလ္ယူခဲ့ေၾကာင္း “ယေန႔အလႉ အေဖ့ဇာတိေ႐ႊဘိုခ႐ိုင္ေက်ာက္ေျမာင္းၿမိဳ႕မွာအိမ္ေထာင္စု၃၀၀စာ ဆန္၊ဆီ၊ပဲ၊ ၾကက္သြန္အလႉအသစ္ေဆာက္လုပ္သည့္ မီးသၿဂိၤုလ္စက္အတြက္ အလႉေငြ၁၀သိန္းေက်ာင္းေတာ္ေက်ာင္းတိုက္ဆရာေတာ္အား ဆန္အိတ္ဆီပုံးႏွင့္ နဝကမၼအလႉေငြ၅သိန္းလႉဒါန္းပူေဇာ္ပါတယ္ရွင္” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝလာပါတယ္။

ခိုင္သင္းၾကည္ကေတာ့ ျပည္သူေတြအားလုံးအၾကပ္အတည္းေရာက္ေနခ်ိန္မွာ တတ္ႏိုင္သေလာက္ လႉရင္းတန္းရင္း ျပည့္သူ႔ဘက္က ရပ္တည္ေနတဲ့ မင္းသမီးတစ္လက္ပါပဲ။

Source: KHINE THIN KYI’s fb

Crd to Myanmar Celebrities