စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းလုပ်ကိုင်နေကြတဲ့ အကြီးစားလုပ်ငန်းတွေအနေနဲ့ NUG အစိုးရထံ အခွန်ဆောင်ရမည်

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းလုပ်ကိုင်နေကြတဲ့ အကြီးစားလုပ်ငန်းတွေအနေနဲ့ NUG အစိုးရထံ အခွန်ဆောင်ရမည်

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကို အွန်လိုင်းမှတစ်ဆင့် အခွန်ဆောင်ထားသည့် ပြေစာပါရှိမှာသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် SPDFက ယနေ့ ထုတ်ပြန် ကြေငြာလိုက်သည်။

“ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းကြီးများ၊ လုပ်ငန်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသို့

ဝင်ငွေခွန်ဆောင်ပြီးကြောင်း digital slipဖြတ်ပိုင်းများကို စစ်ဆေးရေးဆောင်ရွက်သည့် တာဝန်ရှိတပ်ဖွဲ့များသို့ ပြသရမည်”ဟု SPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းကဲ့သို့ အခွန်ဆောင်ထားသည့်ပြေစာ

ပြသနိုင်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည်ဟု ဒီဇင်ဘာလ ၈ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်က ဆိုသည်။

လာမည့် ဒီဇင်လာ ၁၅ရက်နေ့မှာစတင်ပြီး ပြေစာပြသနိုင်ခြင်း မရှိသည့် လုပ်ငန်းများကို

စစ်ကိုင်းတိုင်းအတွင်းရှိ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် တာဝန်ယူကာ အရေးယူမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ

ကားလမ်းမများတွင် ပြည်သူ့များထံမှ ငွေတောင်းခံနေသည့် အယောင်ဆောင် ပြည်သူ့ကာကွယ်ရေးတပ်များကိုလည်း ဖော်ထုတ်အရေးယူမည်ဟု ဆိုထားသည်။

SPDF အနေဖြင့် စစ်ကောင်စီ၏

စီးပွားရေးလုပ်ငန်းများ၊ ဦးပိုင်လုပ်ငန်းများနှင့် ဆက်စပ်သည့် အရ.က် ဘ.ီယာများကိုလည်း နိုဝင်ဘာလ ၃၀ရက်နေ့မှစ၍ ရောင်းဝယ် သယ်သူခြင်း မပြုဖို့လည်း တားမြစ်ထားသည်။

Crd-Original Post

(ZAWGYI)

စစ္ကိုင္းတိုင္းအတြင္း ျဖတ္သန္းလုပ္ကိုင္ေနၾကတဲ့ အႀကီးစားလုပ္ငန္းေတြအေနနဲ႔ NUG အစိုးရထံ အခြန္ေဆာင္ထားတဲ့ ျဖတ္ပိုင္းျပသရမယ္

စစ္ကိုင္းတိုင္းအတြင္း ျဖတ္သန္းသြားလာမည့္ ကုမၸဏီပိုင္ အႀကီးစားလုပ္ငန္းမ်ားအေနျဖင့္ အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG)ကို အြန္လိုင္းမွတစ္ဆင့္ အခြန္ေဆာင္ထားသည့္ ေျပစာပါရွိမွာသာ ျဖတ္သန္းသြားလာခြင့္ျပဳမည္ဟု

စစ္ကိုင္းတိုင္း ျပည္သူ႔ကာကြယ္ေရးတပ္ SPDFက ယေန႔ ထုတ္ျပန္ ေၾကျငာလိုက္သည္။ “ျဖတ္သန္းသြားလာမည့္ ကုမၸဏီပိုင္ အႀကီးစားလုပ္ငန္းႀကီးမ်ား၊ လုပ္ငန္းမ်ားအေနျဖင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရသို႔

ဝင္ေငြခြန္ေဆာင္ၿပီးေၾကာင္း digital slipျဖတ္ပိုင္းမ်ားကို စစ္ေဆးေရးေဆာင္႐ြက္သည့္ တာဝန္ရွိတပ္ဖြဲ႕မ်ားသို႔ ျပသရမည္”ဟု SPDF၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ယင္းကဲ့သို႔ အခြန္ေဆာင္ထားသည့္ေျပစာ

ျပသႏိုင္ျခင္းမရွိပါက အေရးယူေဆာင္႐ြက္မည္ဟု ဒီဇင္ဘာလ ၈ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္သည့္ ေၾကျငာခ်က္က ဆိုသည္။ လာမည့္ ဒီဇင္လာ ၁၅ရက္ေန႔မွာစတင္ၿပီး ေျပစာျပသႏိုင္ျခင္း မရွိသည့္ လုပ္ငန္းမ်ားကို

စစ္ကိုင္းတိုင္းအတြင္းရွိ သက္ဆိုင္ရာ ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားက ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အျဖစ္ တာဝန္ယူကာ အေရးယူမည္ဟု ေၾကျငာခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔အျပင္ စစ္ကိုင္းတိုင္းအတြင္းရွိ

ကားလမ္းမမ်ားတြင္ ျပည္သူ႔မ်ားထံမွ ေငြေတာင္းခံေနသည့္ အေယာင္ေဆာင္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားကိုလည္း ေဖာ္ထုတ္အေရးယူမည္ဟု ဆိုထားသည္။ SPDF အေနျဖင့္ စစ္ေကာင္စီ၏

စီးပြားေရးလုပ္ငန္းမ်ား၊ ဦးပိုင္လုပ္ငန္းမ်ားႏွင့္ ဆက္စပ္သည့္ အရ.က္ ဘ.ီယာမ်ားကိုလည္း ႏိုဝင္ဘာလ ၃၀ရက္ေန႔မွစ၍ ေရာင္းဝယ္ သယ္သူျခင္း မျပဳဖို႔လည္း တားျမစ္ထားသည္။

Crd-Original Post