အာဖဂန်နိုင်ငံကနေ ထွက်ခွာချင်လို့US လေယာဉ်ပေါ်တွယ်ကပ်လိုက်ခဲ့ပြီး ပြုတ်ကျ (ရုပ်သံ)

အာဖဂန်နိုင်ငံကနေ ထွက်ခွာချင်လို့US လေယာဉ်ပေါ်တွယ်ကပ်လိုက်ခဲ့ပြီး ပြုတ်ကျ (ရုပ်သံ)

အောက်တွင်ရုပ်သံတင်ပေးထားသည်။

အာဖဂန်က အဖြစ်အပျက်တွေကြောင့် နိုင်ငံက စွန့်ခွာ လိုသူတွေဟာ လေယာဥ်ပေါ် အတင်းလုယက် ပြေးတတ်ခဲ့ကြပြီး စွန့်ခွာလိုစိတ် ပြင်ပြလှသူတချို့ကတော့ လေယာဥ်ကိုတွပ်ကပ်လိုက်ရာကနေ ပြုတ်ကျတဲ့အထိဖြစ်ခဲ့ရပါတယ်။

Al Arabiya သတင်းဌာနက ဖော်ပြခဲ့တဲ့ ဗီဒီယိုရုပ်သံဖိုင်အရ အမေရိကန်လေတပ်လေယာဉ်ပေါ်ကနေ အာဖဂန်လူမျိုး ၂ ဦး ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

USAF C-17 လေယာဉ်ဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ နိုင်ငံတွင်းကထွက်ခွာမယ့်လူတွေကို တင်ဆောင်ကာ ပျံသန်းထွက်ခွာခဲ့စဉ်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ရုပ်သံဖိုင်အရဆိုရင်တော့ ပျံတက်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ပြုတ်ကျခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ လေယာဉ်ထွက်ခွာချိန်မှာ တွယ်ကပ်လိုက်ပါဖို့ ကြိုးစားခဲ့ကြသူတွေဖြစ်ပြီး ပျံတက်ချိန်မှာ ပြုတ်ကျခဲ့တာလို့လည်း သိရပါတယ်။

လေဆိပ်တွင်း ရောက်ရှိနေတဲ့ လူအများအပြားဟာလည်း ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရကာ ပြုတ်ကျခဲ့စဉ်မှာတော့ ပြေးလွှားကြည့်ရှုခဲ့ကြပြီး အသက်သေဆုံးသလား၊ မသေဆုံးဘူးလားဆိုတာကိုလည်း အတိအကျမသိရသေးပါဘူး။

ကဘူးလ်ကနေထွက်ခွာပြီး တာလီဘန်တို့လက်ကနေ လွတ်မြောက်ချင်တဲ့ အာဖဂန်ပြည်သူအများအပြားဟာ လေဆိပ်မှာ ရောက်ရှိနေကြတာလည်းဖြစ်ပါတယ်။

ထွက်ခွာမယ့် လေယာဉ်တွေအပေါ်ကို အလုအယက်ပြေးလွှားတက်နေကြပြီး များပြားလှတဲ့လူအုပ်ကြီးကြောင့် အမေရိကန်တပ်ဖွဲ့က သေန တ်ပစ်ဖောက်ကာ သတိပေးမှုတွေပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

Video Credit – AI Arabiya