ဆန်၊ ဆီ၊ ဆေးတွေ ဈေးကျမယ်လို့ ပြောဆိုလိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုး

ဆန်၊ ဆီ၊ ဆေးတွေ ဈေးကျမယ်လို့ ပြောဆိုလိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုး

ရန်ကုန်၌ ဗေဒင်ဆရာ ဟောကိန်းမှမဟုတ်ဘဲ ဆန်၊ ဆီ၊ ဆေးတွေ ဈေးကျမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးက ပြောပါတယ်။ ရန်ကုန်တိုင်း၌ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ

ဈေးနှုန်းကျဆင်းရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များနှင့် ဆန်စပါးအဖွဲ့ချုပ်၊ ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်အသင်း၊ စားဖိုဆောင်သီးနှံအသင်း၊ သစ်သီးဝလံအသင်း၊ သားငါးအသင်း၊

ကြက်ဥဒိုင်၊ ကုန်စည်ဒိုင်များနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အ သင်းများ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့တယ်လို့ တိုင်းဝန်ကြီးချုပ်က ယနေ့ နံနက်၌

၎င်း၏ လူမှု ကွန်ယက်မှာ အထက်ပါအတိုင်း ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲတွင် အများပြည်သူများပါ လက်ကားဆိုင်မှကုန်ပစ္စည်းများ လွယ်ကူစွာဝယ်ယူဖြန့်ဖြူးနိုင်ရန် အိမ်ဆိုင်များ၊ အခွန်လွတ်ဈေးထဲရှိ ဆန်ဆိုင်များ

အရောင်းကားများနှင့် ရန်ကုန်တိုင်းအတွင်း မြို့ပြကျေးလက် အနှံ့ သက်သာသည့်ဈေးနှုန်းနှင့် ယနေ့ သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ရောင်းချပေးတော့မယ်လို့ ဆိုပါတယ်။ထို့အပြင် မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်အသင်းမှ သြဂုတ်လ ၁၇ ရက်နေ့မှစပြီး

စီးပွား/ကူးသန်း ဌာန ပိုင်အဆောက်အဦးများတွင် အိမ်သုံးဆေးဝါးများကို လက်လီ၊ လက်ကားဆိုင်များ ဖွင့်လှစ်ရောင်းချပေးသွား မည်ဖြစ်ပြီး ဝင်ငွေရှာချင်သူများအနေဖြင့်လည်း Cash For Work အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ၎င်းက ရေးသားထားပါတယ်။

အလားတူ အလုံမြို့နယ် ကမ်းနားလမ်းဆိုင်နှင့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်း၊ ဗိုလ်ဆွန်ပက်လမ်း ထောင့် တွင် အသင်းဝင်ကုမ္ပဏီများစုပေါင်းပြီး သက်သာသည့်ဈေးဖြင့် ရောင်းချပေးတော့မည်ဖြစ်ပြီး ရန်ကုန်တိုင်းအ တွင်း ဆန်၊ ဆီ၊ ဆေးကုန်ဈေးနှုန်းများကျအံ့၊ဘယ်ဗေဒင်ဆရာ၊ ဗေဒင်ဟောကိန်းမှမဟုတ်ကြောင်း

တိုင်းဝန် ကြီးချုပ် ဦးလှစိုးက ပြောဆိုထားပါတယ်။လက်ရှိအချိန်၌ ရန်ကုန်မြို့၌ အလုပ်လက်မဲ့ ပြဿနာများလာခြင်း၊ ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းများ ရှိနေကြောင်း သိရပါတယ်။

Crd-Original Post

(ZAWGYI)

ဆန္၊ ဆီ၊ ေဆးေတြ ေဈးက်မယ္လို႔ ေျပာဆိုလိုက္သည့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးလွစိုး

ရန္ကုန္၌ ေဗဒင္ဆရာ ေဟာကိန္းမွမဟုတ္ဘဲ ဆန္၊ ဆီ၊ ေဆးေတြ ေဈးက်မယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးလွစိုးက ေျပာပါတယ္။ ရန္ကုန္တိုင္း၌ အေျခခံစားေသာက္ကုန္ႏွင့္ ေဆးဝါးမ်ား

ေဈးႏႈန္းက်ဆင္းရန္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ဆန္စပါးအဖြဲ႕ခ်ဳပ္၊ ဆန္ကုန္သည္ႀကီးမ်ားအသင္း၊ ဆီကုန္သည္အသင္း၊ စားဖိုေဆာင္သီးႏွံအသင္း၊ သစ္သီးဝလံအသင္း၊ သားငါးအသင္း၊

ၾကက္ဥဒိုင္၊ ကုန္စည္ဒိုင္မ်ားႏွင့္ ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္အ သင္းမ်ား၏ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံကာ ေဆြးေႏြးခဲ့တယ္လို႔ တိုင္းဝန္ႀကီးခ်ဳပ္က ယေန႔ နံနက္၌

၎၏ လူမႈ ကြန္ယက္မွာ အထက္ပါအတိုင္း ေရးသားခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါေဆြးေႏြးပြဲတြင္ အမ်ားျပည္သူမ်ားပါ လက္ကားဆိုင္မွကုန္ပစၥည္းမ်ား လြယ္ကူစြာဝယ္ယူျဖန႔္ျဖဴးႏိုင္ရန္ အိမ္ဆိုင္မ်ား၊ အခြန္လြတ္ေဈးထဲရွိ ဆန္ဆိုင္မ်ား

အေရာင္းကားမ်ားႏွင့္ ရန္ကုန္တိုင္းအတြင္း ၿမိဳ႕ျပေက်းလက္ အႏွံ႔ သက္သာသည့္ေဈးႏႈန္းႏွင့္ ယေန႔ ၾသဂုတ္လ ၁၆ ရက္ေန႔မွစ၍ ေရာင္းခ်ေပးေတာ့မယ္လို႔ ဆိုပါတယ္။ထို႔အျပင္ ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးလုပ္ငန္းရွင္အသင္းမွ ၾသဂုတ္လ ၁၇ ရက္ေန႔မွစၿပီး

စီးပြား/ကူးသန္း ဌာန ပိုင္အေဆာက္အဦးမ်ားတြင္ အိမ္သုံးေဆးဝါးမ်ားကို လက္လီ၊ လက္ကားဆိုင္မ်ား ဖြင့္လွစ္ေရာင္းခ်ေပးသြား မည္ျဖစ္ၿပီး ဝင္ေငြရွာခ်င္သူမ်ားအေနျဖင့္လည္း Cash For Work အခြင့္အလမ္းတစ္ခုျဖစ္တယ္လို႔ ၎က ေရးသားထားပါတယ္။

အလားတူ အလုံၿမိဳ႕နယ္ ကမ္းနားလမ္းဆိုင္ႏွင့္ ပန္းဘဲတန္းၿမိဳ႕နယ္ ကုန္သည္လမ္း၊ ဗိုလ္ဆြန္ပက္လမ္း ေထာင့္ တြင္ အသင္းဝင္ကုမၸဏီမ်ားစုေပါင္းၿပီး သက္သာသည့္ေဈးျဖင့္ ေရာင္းခ်ေပးေတာ့မည္ျဖစ္ၿပီး ရန္ကုန္တိုင္းအ တြင္း ဆန္၊ ဆီ၊ ေဆးကုန္ေဈးႏႈန္းမ်ားက်အံ့၊ဘယ္ေဗဒင္ဆရာ၊ ေဗဒင္ေဟာကိန္းမွမဟုတ္ေၾကာင္း

တိုင္းဝန္ ႀကီးခ်ဳပ္ ဦးလွစိုးက ေျပာဆိုထားပါတယ္။လက္ရွိအခ်ိန္၌ ရန္ကုန္ၿမိဳ႕၌ အလုပ္လက္မဲ့ ျပႆနာမ်ားလာျခင္း၊ ကုန္ေဈးႏႈန္းမ်ားျမင့္တက္လာျခင္းမ်ား ရွိေနေၾကာင္း သိရပါတယ္။

Crd-Original Post