NUG၏”နွေဦးထီ”နှင့်ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုများအား စောင့်ကြည့်အရေးယူရန် ညွှန်ကြားထားတဲ့ စစ်ကောင်စီ

အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချနေသည့် “နွေဦးထီ”နှင့်ပတ်သက်သည့် ငွေကြေးလွှဲပြောင်းမှုများအား စောင့်ကြည့်အေ.ရးယူနိုင်ရန် စ.စ်ကောင်စီလက်အောက်ခ.ံဗဟိုဘဏ်က ဘဏ်များကို ဩဂုတ် ၁၃ရက် ရက်စွဲဖြင့် ညွှန်ကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က လေ.ာင်းက.စားဥပဒေအား ပထမအကြိမ်ပြင်ဆင်သည့်ဥပဒေထုတ်ပြန်ကာ ဩဂုတ်၁၅ရက်မှစတင်၍ “အောင်လံလွှင့်ချီ နွေဦးထီ”အမည်ဖြင့် အွန်လိုင်းစနစ်အသုံးပြုကာ ထီရောင်းချနေခြင်းဖြစ်သည်။ အဆိုပါထီလုပ်ငန်းတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်းများမှ

ဘဏ်ငွေစာရင်းများကို အသုံးပြုဆောင်ရွက်ပါက စီစ.စ်ဖော်ထုတ်အေ.ရးယူနိုင်ရန်စ.စ်ကောင်စီက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားချက်တွင် အောင်လံလွှင့်ချီနွေဦးထီကို အွန်လိုင်းမှတစ်ဆင့်ရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ဘဏ်များ၏ အွန်လိုင်းဘဏ်စနစ်၊ ငွေလွှဲစနစ်၊ ဒီဂျစ်တယ် Paymentများနှင့်ဆောင်ရွက်လာနိုင်ကြောင်းဖော်ပြထားသည်။ နွေဦးထီလုပ်ငန်းတွင် ပါဝင်ပတ်သက်မှုများတွေ့ရှိပါက အကြ.မ်းဖ.က်မှုတို.က်ဖျ.က်ရေးဗဟိုအဖွဲ့၊

ငွေကြေးခ.ဝ.ါချမှုတို.က်ဖျ.က်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းေ.ထာက်လှ.မ်းရေးအဖွဲ့၊ စီမံကိန်းနဲ့ဘဏ္ဌာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်ထံ အကြောင်းကြားရန်နှင့်ပျ.က်က.ွက်ပါက အေ.ရးယူခ.ံရမည်ဟု စ.စ်ကောင်စီက ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအပေါ် ခြ.ိမ်းခြေ.ာက်ညွှန်ကြားထားသည်။

နွေဦးထီကို အသံတ.ိတ်ပါဝင်ဆင်နွှဲပေးကြပါရန်နှင့် မိမိတို့၏ ငွေပေးချေမှုစနစ်အား အကြ.မ်းဖက်စ.စ်ကောင်စီ ခြေရာခ.ံရန်မလွယ်သည့်နည်းလမ်းများဖြင့် စိတ်ရှည်စွာစီစဉ်ဆောင်ရွက်ပေးကြရန် ထီရောင်းချရေးအဖွဲ့က ပြောကြားထားသည်။ ယမန်နေ့ (ဩဂုတ် ၁၅ရက်)က နွေဦးထီစောင်ရေ ငါးသောင်းရောင်းချခဲ့ရာ

နာရီပိုင်းအတွင်း ထီလတ်မှတ်များရောင်းကုန်သွားခဲ့ခြင်းဖြစ်သည်။

ဒုတိယမြောက်နေ့မှာလည်းထီလက်မှတ်အစောင်ရေ ငါးသောင်း(၅၀,၀၀၀) ထပ်မံရောင်းချသွားရန် စီစဉ်ထားသည်။ အောင်လံလွှင့်ချီ နွေဦးထီကို တစ်စောင်လျှင် ကျပ်နှစ်ထောင်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ရောင်းရငွေ၏ ၇၀ရာခိုင်နှုန်းကို စီဒီအမ်ဝန်ထမ်းများ၊ နွေဦးေ.တာ်လှ.န်ရေး၏ လုပ်ငန်းစဉ်များအတွက် အသုံးပြုမည်ဖြစ်သည်။

Crd-Original Post