ဖတ်ပြီး မျက်ရည်ကျမိပါတယ် ဆည်မနိုင်တဲ့ စုန်ရေ တဲ့ ဖတ်ကြည့်ပါနော်

ဖတ်ပြီး မျက်ရည်ကျမိပါတယ် ဆည်မနိုင်တဲ့ စုန်ရေ တဲ့ ဖတ်ကြည့်ပါနော်

ကျတော်ဖတ်ပြီး မျက်ရည်ကျမိပါတယ်” ဆည်မနိုင်တဲ့ စုန်ရေ ” တဲ့ဖတ်ကြည့်ပါနော်“အမေကသားကို မချစ်ပါဘူးဗျာ”“နင်က ချစ်စရာ ကောင်းတာကိုး အကောင်ရဲ့”“အမေက သားကို ဆိုအကောင်းကိုမပြောဘူး”“အေးဟေ့ ငါ့သားလေး သိပ်ချစ်တာပဲ တွေ ဘာတွေ ပြောမနေအားဘူး ၊ လုပ်စားရတာ မောရတဲ့ကြား နင်ကတစ်မျိုးရော့ ဒီမှာ လက်ဖက်ရည်ဖိုး ထားခဲ့တယ် သွားမယ် ”ကျွန်တော်ပြုံးလိုက်သည်။သေချာအောင် စောင်ထဲက ချောင်းကြည့်လိုက်သည်။ ပိုက်ဆံ တစ်ထောင်တန်ကိုမြင်မှ စောင်ခြုံပြီး အသာပြန်ကွေးနေလိုက်သည်။မနက်ခင်းတိုင်းကြား ရမြဲအသံတွေထဲ မှာ အမေ နောက်ဆုံးပြောနေကျ လက်ဖက်ရည် ဖိုး ထားခဲ့တယ် ဆိုတဲ့ အသံသည်

ကျွန်တော်မနက်ခင်း တိုင်းအတွက် အသာယာဆုံး တေးသံပင်ဖြစ်သည်။ တခါ တရံ ငါးရာတန် ထားခဲ့လျှင်ဂျီကျ တတ်လို့ အခုဆို တစ်ထောင်တန် သာထားခဲ့တာများသည်။

အမေ က နံနက်လင်းသည်နှင့် မုန့်ဈေးတောင်းပြင် ပြီးဈေးထွက်သည်။ကျွန်တော်က ၁၀ တန်းအောင်ပြီး အဝေးသင် တက္ကသိုလ် တတ်ရန်စောင့်နေသည့် အဝေးသင် တက္ကသိုလ် ကျောင်းသားကြီး ဖြစ်သည်။နေဖင်ထိုး လို့ ကျောပူမှ အိပ်ယာထ တာကတော့ ၁၀ တန်းဖြေပြီး ကတည်းက စွဲခဲ့တဲ့ ကျွန်တာ့် အကျင့်ပါ။အမေ့ ကိုဝိုင်းကူဖို့ ဆို တာ မစဉ်းစားချင်ပါ။ အမေတစ်ယောက်တည်းဈေး ရောင်းသွားလည်း အဆင်ပြေတာပဲလေ။ကျွန်တော် တို့ သားမိ နှစ်ယောက်အတွက် အမေ့ မုန့်ဈေးတောင်းလေး ကအဆင်ပြေသည်။အလုပ်မလုပ်ချင် ၍မဟုတ် ၊ကျွန်တော် လုပ်ချင်သည်။ကျွန်တော်ဘဝ ၏တိုးတတ်ရာ ရှာချင် ပါသည်။သို့သော် ကျွန်တော် ဘာလုပ်ရမလဲမသိပါ။

သူငယ်ချင်းတွေ အလုပ်လုပ် ထွက်ကြတာ အားကျစရာပင် ဖြစ်သည်။ဒီတစ်ခေါက်ပြန်လာတာ မိဘ ကို ဘယ်လောက်ကန်တော့တာလေဆိုတဲ့ အပြောမျိုး ဖြင့် တခြားမိဘ တွေ လို အမေ့ကိုပျော်စေချင်သည်။တခြား အမေ တွေကို ဂုဏ်ယူဝံ့ကြွား ပြောစေချင်သည်။“အမေ သား ထွန်းကို တို့နဲ့ ရန်ကုန်ကို အလုပ်ရှာဖို့လိုက်ချင်တယ်”“အံမယ် နင်ကဘာလုပ်တတ်လို့တုန်း”“ဟာ အမေ ကလည်း ဒီလိုပဲ လုပ်တတ်သွား မှာပေါ့၊သားက ဆယ်တန်းအောင်ပြီးသား ဆိုတော့ အလုပ်တစ်ခုခုတော့ ရမှာပါ”“နင်လို ငပျင်း ဘယ်သူ ကအလုပ်ခန့်မှာလဲ”“သားကြိုးစား လုပ်မှာပါ အမေ ရာ ၊သားကို သွားခွင့်ပေးပါနော် ၊အလုပ် မရ ရင်လည်း အမေ့ ဆီပြန်လာမှာပေါ့”“အေးပါ ၊အေးပါ ဘယ်နေ့သွား မှာလဲ ကြိုပြော လမ်းစရိတ် ကကြိုရှာထား ရမှာ ”အမေ မှာတားမရလို့ ခွင့်ပြုလိုက်ရသော်လည်း ၊

သက်ပြင်း ရှည်ရှည်တွေ ချပြီး မခွဲရသေးသော သားကို ကြိုလွမ်းနေသလား ထင်မိသည်။” အမေ့ မေတ္တာ အစုန်မှာ သားမျောမနေချင်တော့ လို့ပါအမေ၊သားမေတ္တာ တွေ ဆန်တတ်နိုင်ဖို့ သားကြိုးစား မှာပါ အမေရယ်”ဟုစိတ်ထဲက သာတီးတိုး ရေရွတ်မိသည်။“အမေ တစ်ယောက်တည်း ဖြစ်ပါ့ မလား အမေ”“အောင်မယ် သွားခါနီးလာခါ နီး ငါ့အတွက် စိတ်ပူ မနေနဲ့၊နင်က ငါ့ကို ဘာများ ဝိုင်းကူ ဖူးလို့လဲ၊ ကိုယ့်လမ်း ကိုယ်သာ ဖြောင့်ဖြောင့်သွား ၊ကားဂိတ်တော့ လိုက်မပို့တော့ဘူး ၊မုန့်လုပ်ဖို့ ဈေး သွားဝယ်ရဦးမယ်”“ဟုတ် သား အမေ့ ကို ကန်တော့ ခဲ့မယ်နော်“အေး အေး ကန်တော့ ၊မိဘ ကန်တော့ ရမှန်း ခုမှသိတော့တယ် ၊ဆုတော့ မပေးတတ်ဖူး အေ ၊ ငါ့သားလေး သူတော်ကောင်း နဲ့ တွေပါ ဆုံပါစေ တော်”ပြောပြော ဆိုဆို အိမ်နောက်ဖေး တန်းဝင် သွား တဲ့ အမေ့ ကျောပြင်လေး သိမ့်သိမ့်တုန်နေသည်။ ကျလာတဲ့ မျက်ရည် ကို ဆွဲသုတ် ပြီး အမေ့ ကို နှုတ်ဆက်လိုက်သည်။

“အမေ သားသွားတော့မယ် ဗျို့”“အေး အေး”အမေ့ နှုတ်ဆက် သံ မှာ ရှိုက်သံတွေပါ နေသည်။”ကြမ်းကြမ်း တမ်းတမ်း ဘဝ ကို ဖြတ်သန်း နေရ ပေမဲ့ ၊သားအပေါ် ထားတဲ့ မေတ္တာတရား ကို သားနားလည်ပါတယ် အမေရယ်”ရန်ကုန် မှာ ရောက်နေနှင့်ပြီးသား သူငယ်ချင်း များ၏ အဆက်အသွယ်ဖြင့် လစာ သင့်တင့်သော အလုပ် တစ်ခုရ ရှိခဲ့သည်။ အမေ့ အိမ်မှာ လို နေဖင်ထိုးအောင် အိပ်ခွင့်မရတော့ပါ။ပါလာတဲ့ ငွေလေး ခြစ်ကုတ် ပြီးနေရတာကြောင့် လက်ဖက်ရည် တစ်ခွက်ကို သောက်ဖို့ ချင့်ချိန် နေရသည်။ ပေတူးနေအောင်ဝတ်ထားတဲ့ဂျင်းဘောင်းဘီ အထူကြီးတွေကို အမေ့ လက်သေးသေးလေး တွေ ဘယ်လောက်အားစိုက်ခဲ့ရလဲ ဆိုတာ ကိုယ်ချင်းစာတတ်လာသည်။ဖွယ်ဖွယ်ရာရာ ချက်ထားတဲ့ အမေ့လက်ရာ ကို ချေးများ ခဲ့ဖူး သော်လည်း ဘဲဥ ချဉ်ဟင်း တစ်ခွက် ဖြင့် ထမင်းမြိန်ဖို့ ကြိုးစားနေရပြီ။

အမေ့၏ ဝါးကပ် အိမ်လေး အတွင်းမှာ လုံခြုံ နွေးထွေးစွာ လူးလိမ့် အိပ်ခဲ့ရခြင်း အရသာ ကို ကျောတစ်ခင်းစာ နေရာလေး မှာ အိပ်ပျော်ဖို့ ကြိုးစားရင်းသိခဲ့ရပြီ။တနည်းအားဖြင့် အမေ့ အပေါ် အမှီခိုကင်းစွာ ရပ်တည်ဖို့ ကြိုးစားခွင့် ရခဲ့သည်။အဝေးသင် အနီးကပ်သင်တန်း တတ်ရန် အလုပ်မှ ခွင့် တစ်လ ရသည်။ စုထားတဲ့ ပိုက်ဆံလေး တွေ ထုတ်ရေကြည့်သည်။ကျောင်းစရိတ် အတွက် လုံလောက် သည်။ အမေ့ကို ကန်တော့ရန် နည်းနည်း ဖယ်ထားလိုက်သည်။ ကျောင်းမသွားခင် အမေ့ ဆီအရင်သွားကန်တော့ ရမည် ဟု စိတ်ကူးလိုက်သည်။ အမေ့ ဝမ်းသာနေမှာပဲ ဟု စိတ်ကူးနှင့် ကြည်နူးမိသည်။ပထမဆုံး အနေ ဖြင့် အမေ အပေါ် ကျေးဇူးဆပ်နိုင် မည့် ဆန်ရေ အတွက် ကြိုတင် ပျော်ရွှင်မိသည်။“အမေ သုံးချင်ရာ သုံးဖို့ သား ကန်တော့ တာ အမေ”“နင့် ပိုက်ဆံ ငါမသုံးပါဘူး ၊လိုတဲ့ အချိန်ပြန်တောင်း ငါသိမ်းထားပေးပါ့မယ်”“အမေ ကလည်း အမေ့ ကိုကန်တော့ ဖို့ သားက ဖယ်ထားတာပါ”

“အေးပါတော် အေးပါ သာဓုပါတော်”စာမေးပွဲ ဖြေပြီး ရန်ကုန် ပြန်ချိန်မှာတော့ စရိတ်မလောက်လို့ အမေ့ ဆီ က လမ်းစရိတ်ပြန်တောင်းခဲ့ရသည်။အမေ ကတော့ ကြိုသိနေသလိုပင်။ ကန်တော့ထားတဲ့ငွေလေး အထုတ်တောင် မဖြည်ရသေး ပြန်ပေးလိုက်သည်။“အမေ့ကို နောက်နှစ် ပြန်လာခါ မှများများ ကန်တော့မယ် နော်”အမေ ကတော့ ဘာမှ ပြန်မပြောပါ။ ခွဲခွာ ရဦးမည့်သား ကိုသာ မျက်ရည် ဝဲဝဲ ကြား က ပြုံးကြည့်၍ နေသည်။ရေစုန် ကို ဆန်ဖို့ တကယ် မလွယ်ပါ။ဒီထက်ပို ကြိုးစားဖို့သာ ရှိတော့သည်။အမေ့အိမ် ကိုလွမ်းသော် လည်းမပြန်ဖြစ်တာ ကြာခဲ့ပြီ။ကျောင်းမပြီးခင် နှစ်များ တွင်သာ ကျောင်းတတ်ပြန်ရင်း အမေ့ဆီ ပြန်တတ်သည်။

ပြန်တိုင်းလည်း အမေ့ကသာ ပြန်ပေးလိုက်ရသည်သာများသည်။ ဒီဘက်နှစ်တွေ မှာ ပြန်ချင်စိတ် သာရှိသော်လည်း မပြန်ဖြစ်ခဲ့ပါ။ဘဝတတ်လမ်း အတွက် သာတစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့မိသည်။အမေ့အတွက် ကောင်းကောင်းမွန်မွန် ထောက်ပံံမပေးနိုင်ခဲ့ပါ။ဖုန်းဆက် စကားပြော တိုင်း အမေ အဆင်ပြေပါတယ် ဆိုတဲ့ စကားတစ်ခွန်း ကိုသာအမြဲ ပြောတတ်သည်။ နေမကောင်း ဖြစ်တဲ့ အချိန်များဆို အမေ့ကို ပို လွမ်းသည်။ အမေ့ အိမ်မှာဆို နေမကောင်းဖြစ်တိုင်း မတိုက်ရတဲ့ လှည်း က ကျိုး နေတော့ တာပဲ ဟုတတွတ်တွတ် ပြောတတ်သော် လည်း ကြင်ကြင်နာနာပြုစုတတ်တဲ့ အမေ ဖြစ်သည်။ဒီတခါ နေကောင်းရင် တော့ ခွင့်ယူ ပြီး ပြန်ဦးမည် ဟု စိတ်ကူးမိ သော်လည်း စိတ်ကူး နှင့်သာ ပြီးဆုံးသွားတတ်သည်။ အလုပ် ကိစ္စ အရေးကြီး နေသည်က များနေသည်။

အခုဆို အလုပ်ထဲ မှာ လည်း နေရာ အတန်အသင့် ရနေပြီ ဖြစ်သည်။ ဒီတခါ အလုပ်ကိစ္စ နှင့် လမ်းကြုံတဲ့ အခါ အမေ့ ဆီ ဝင်ဖြစ်အောင် ဝင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။“အေမ ၊အေမ ”“ဟဲ့ကောင်လေး အကြောင်းမကြား ဘာမကြား နဲ့ ၊ အမလေး အမေ့ဆီ လာဖို့ သတိရသေးသားပဲ”“ဟုတ်တယ် အမေ အလုပ် ကိစ္စ နဲ့ လာရင်းမို့ ၊ မသေချာလို့ဖုန်းမဆက်ထားဖြစ်တာ”အမေ့ ကို တင်းတင်း ဖက်ထားရင်း အမေ အတော် လေး အိုစာ သွားသည်ကို သတိထားမိသည်။အမေ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ အမေ့အတွက် စိတ်မကောင်း ဖြစ်မိသည်။ ဒီတစ်ခါ ရန်ကုန်ပြန် ရောက်တဲ့ အခါ နေရာစီစဉ်ပြီး အမေ့ ကို ခေါ်ထားရမည်။

“အမေ့ကို သားကန့်တော့ဖို့…….ဟာ သွားပြီ”“ဘာဖြစ်တာလဲ သား”“အမေ့ ကန်တော့ ဖို့ သိမ်းထားတဲ့ ငွေလေး နဲ့ သားအလုပ် ကငွေ တွေ အားလုံး ခါးပိုက်နှိုက် ခံလိုက်ရပြီ အမေ”“ဟုတ်ရဲ့လား ကောင်လေး ရယ် သေချာကြည့်ပါဦး၊ငါ့ ကန်တော့ဖို့က အရေးမကြီးပါဘူး”“တကယ်ပါ အမေ ဟူး… အလုပ်က ငွေ တွေ ပြန်မအပ်နိုင်ရင်တော့ သွားပြီ အမေရေ ၊အလုပ်က အခု မှ အဆင်ပြေမယ် ရှိသေး”“မင်းငွေ ကဘယ်လောက်တောင်တုန်း ဟဲ့ ကောင်လေးရဲ့ ၊ မင်း မသုံးတော့တဲ့ ထင်းရှူး သေတ္တာ ခွံ့လေး ထဲ မင်း ထွက်သွားကတည်းက မင်းအတွက် ပေးရမဲ့ လက်ဖက်ရည်ဖိုး

တစ်ထောင် ၊တစ်ထောင် ထည့်ထားတာ ဘယ်လောက် ရှိလည်းတော့မသိဘူး၊ မင်း စထွက်သွားတဲ့ ဆယ်နှစ် ကျော်ကျော် တစ်ရက် မှ မပျက်ဘူး ၊ ရော့ သော့ သွားဖွင့် ကြည့်လိုက်”“ဗျာ”စိုးရိမ် စိတ်ကနေ ဝမ်းနည်း စိတ် အဖြစ် ရုတ်ချည်း ပြောင်းလဲ သွားသည်။အမေ့ အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ပေမဲ့ အမေ ကတော့ လက်ဖက်ရည် ဖိုးပေးတာ တစ်ရက်မပျက်ခဲ့ဘူးတဲ့ ။မျက်ရည်တွေ ထိန်းချုပ်မရတော့ ။အမေကိုပြေးဖက် ပြီး အားရပါရငိုချလိုက်သည်။“အေမ ရယ်”“ဟဲ့ ကောင်လေး ဘာဖြစ်တာတုန်း သွားယူလေ ၊သြော်ဒီကလေးနဲ့ ၊ကလေးစိတ် ကိုမကုန်သေးဘူး”အမေကတော့ ဘာမှ မဖြစ်သလို ခပ်အေးအေးပင် ဖြစ်သည်။“အမေ သား သွားတော့မယ်နော်၊ ဒီတစ်ခါ ရန်ကုန်ပြန်ရောက်လို့ နေစရာ စီစဉ်ပြီး ရင် အမေ့ ကိုသားလာခေါ်လှည့်မယ်နော်”“နေပါစေ သားရယ် အမေ ဒီမှာပဲ နေတတ်ပါတယ်”“အမေ ကို သားမေး စရာရှိတယ်”

“အမေ သိမ်းထားတဲ့ ပိုက်ဆံတွေ ဘာလုပ်ဖိုလဲ ဟင်”“အစ ကတော့ မင်းကို လက်ဖက်ရည်ဖိုး ပေးချိန်ရောက်ရင် သတိရတာ နဲ့ ထည့်ထည့်ထား တာ၊သိပ်မကြာခင် မင်းပြန်လာ မှာပဲလို့ ထင်နေတာ” စို့ လာတဲ့ မျက်ရည် စလေး ကိုသုတ်ပြီး အမေ ဆက်ပြောသည်။“ကြာလာတော့ မင်းမလာ တော့တာ သိတော့ ၊မင်းမိန်းမ ယူတဲ့အခါ တောင်းပေး လို့ရအောင်ဆိုပြီး ဒီတိုင်းပဲ ဆက်ပြီးထည့်နေခဲ့တာ ”“အခု သားမိန်းမ ယူမယ်ဆို တောင်းပေးစရာ မရှိတော့ဘူးပေါ့ နော် အမေ”အမေကို ဝမ်းနည်းစိတ်လျော့သွားစေရန် စ လိုက်သည်။အဲဒီတော့ အမေ က ပြုံးကြည့် ပြီး“ရှိတာပေါ့ကောင်လေးရယ် အမေ့ အိမ်ဝိုင်း လေး ရောင်းပြီး တောင်းပေးမှာပေါ့၊ ပြီးရင် အမေ က လူအိုရုံ သွားနေလိုက်ရုံပဲ”အမေ့ မေတ္တာ ကို စူးစူးနစ်နစ် တွေ့ လိုက်ရသည်။အမေ ဆိုတာ မှန်းဆ ကြည့်လို့ မရနိုင်တဲ့ အနန္တမေတ္တာ ရှင်ဆိုတာ သိလိုက်ရသည်။အမေ့မေတ္တာ ကို အရင်ကတည်း ကနားလည်ခဲ့ သော်လည်း တနေ့နေ့ တစ်ချိန်ချိန် မှာ ပြန်လည်ပေးဆပ်နိုင်မည် ဟု ထင်ခဲ့သည်။ ခုတော့ နားလည်လိုက်ပြီ။အမေ့ မေတ္တာ စုန်ရေ ဟာ ဘယ်လိုဆည်မျိုးနှင့်မှဆန်တတ် စီးဆင်းစေ ဖို့ တတ်နိုင်မည်မထင်

Crd-Original Post