ပိုင်းလော့ဆရာတော်ကြီး မိန့်ကြားတဲ့ နေအိမ်အခက်အခဲရှိသူများအတွက် အစွမ်းထက် ကုသိုလ်ယတြာ

ပိုင်းလော့ဆရာတော်ကြီး မိန့်ကြားတဲ့ နေအိမ်အခက်အခဲရှိသူများအတွက် အစွမ်းထက် ကုသိုလ်ယတြာ

“နေစရာအိမ် အခက်အခဲ ဖြစ်နေသူများအတွက် လွန်စွာ အစွမ်းထက်လှတဲ့ ကုသိုလ်ယတြာ”နေအိမ်အတွက် ဒါနပြုပုံနေစရာအိမ်နဲ့ ပတ်သက်လို့ ခက်ခဲတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဘုန်းကြီးရဲ့ ဒကာတစ်ယောက်မှာ အိမ်နဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေတော့

ဘုန်းကြီးက စဉ်းစားပေးတယ်။ တစ်ဖက်သားကို နေစရာချမ်းသာပေးရမယ်၊ သူ့မှာကလည်း သူများအိမ်ဌားနေရတာဆိုတော့ ပေးစရာက မရှိ။

ဘာလုပ်ရမလဲ စဉ်းစားပြီး စာကလေးတွေအတွက် အိမ်ဆောက်ခိုင်းလိုက်တယ်။ အိမ်ဆောက်တဲ့အခါ နုလုံးသွင်းရမှာက အပေးနဲ့သွားရမယ်။ စာကလေးတွေမှာ မိုးကာလမှာဆိုရင် နေစရာမရှိလို့ မိုးတွေကစိုလို့။ တချို့စာကလေးတွေမှာ သစ်ကိုင်းမှာ နားနေရင်းနဲ့

အအေးပတ်ပြီး ပြုတ်ကျသေတာ ရှိသေးတယ်။ အင်မတန် ဆင်းရဲရှာတယ်။အဲဒီတော့ အိမ်ကလေးတွေ ဆောက်ပေးရအုံးမယ်ဆိုတဲ့ စေတနာအပြည့်နဲ့ အမိုးလေး၊ အကာလေးနဲ့ ကပြင်လေးနဲ့၊ စားစရာနေရာလေးနဲ့ အိမ်လေးကို သေချာစဉ်းစားပြီးတော့ ဆောက်ပါ။

ဆောက်ပြီးတော့ ကျကျနနအိမ်အဖြစ် လှူပေးပါ။အဲဒီလို အကြိမ်ရေများစွာ လှူပေးပြီး စာကလေးတွေလည်း နေဖြစ်ပြီဆိုရင် ဝမ်းသာပီတိဖြစ်ရမယ်။အဲဒီလို ပုဂ္ဂိုလ်ဆိုရင် သတ္တိကိန်းတာနဲ့ တစ်ပြိုက်နက် သူ့အတွက် နေစရာပူမနေရဘဲ ရလာမယ်။

ရမှာအမှန်ပဲဆိုတာ နားလည်ကြ၊ သဘောပေါက်ကြပါ။ နှလုံးသွေးထဲမှာ စိတ်ထဲမှာ သတ္တိသွင်းရမှာကို ဆိုလိုတာဖြစ်တယ်။

ဒီထက်အလွန် သစ်ပင်ကြီးမျိုးတွေ စိုက်ပျိုးခြင်း၊ ကျောင်း၊ သိမ်၊ ဇရပ် စသည်တို့ ဆောက်လှူပြီး ပီတိဖြစ်နိုင်လျှင် ပိုပြီးအားကောင်းမယ်လို့ မှတ်ကြပါ။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

(ZAWGYI)

ပိုင္းေလာ့ဆရာေတာ္ႀကီး မိန႔္ၾကားတဲ့ ေနအိမ္အခက္အခဲရွိသူမ်ားအတြက္ အစြမ္းထက္ ကုသိုလ္ယၾတာ
“ေနစရာအိမ္ အခက္အခဲ ျဖစ္ေနသူမ်ားအတြက္ လြန္စြာ အစြမ္းထက္လွတဲ့ ကုသိုလ္ယၾတာ”ေနအိမ္အတြက္ ဒါနျပဳပုံေနစရာအိမ္နဲ႔ ပတ္သက္လို႔ ခက္ခဲတဲ့ ပုဂၢိဳလ္ေတြလည္း ရွိပါတယ္။ ဘုန္းႀကီးရဲ႕ ဒကာတစ္ေယာက္မွာ အိမ္နဲ႔ပတ္သက္ၿပီး အခက္အခဲျဖစ္ေနေတာ့ ဘုန္းႀကီးက စဥ္းစားေပးတယ္။ တစ္ဖက္သားကို ေနစရာခ်မ္းသာေပးရမယ္၊ သူ႔မွာကလည္း သူမ်ားအိမ္ဌားေနရတာဆိုေတာ့ ေပးစရာက မရွိ။

ဘာလုပ္ရမလဲ စဥ္းစားၿပီး စာကေလးေတြအတြက္ အိမ္ေဆာက္ခိုင္းလိုက္တယ္။ အိမ္ေဆာက္တဲ့အခါ ႏုလုံးသြင္းရမွာက အေပးနဲ႔သြားရမယ္။ စာကေလးေတြမွာ မိုးကာလမွာဆိုရင္ ေနစရာမရွိလို႔ မိုးေတြကစိုလို႔။ တခ်ိဳ႕စာကေလးေတြမွာ သစ္ကိုင္းမွာ နားေနရင္းနဲ႔ အေအးပတ္ၿပီး ျပဳတ္က်ေသတာ ရွိေသးတယ္။ အင္မတန္ ဆင္းရဲရွာတယ္။

အဲဒီေတာ့ အိမ္ကေလးေတြ ေဆာက္ေပးရအုံးမယ္ဆိုတဲ့ ေစတနာအျပည့္နဲ႔ အမိုးေလး၊ အကာေလးနဲ႔ ကျပင္ေလးနဲ႔၊ စားစရာေနရာေလးနဲ႔ အိမ္ေလးကို ေသခ်ာစဥ္းစားၿပီးေတာ့ ေဆာက္ပါ။ ေဆာက္ၿပီးေတာ့ က်က်နနအိမ္အျဖစ္ လႉေပးပါ။အဲဒီလို အႀကိမ္ေရမ်ားစြာ လႉေပးၿပီး စာကေလးေတြလည္း ေနျဖစ္ၿပီဆိုရင္ ဝမ္းသာပီတိျဖစ္ရမယ္။

အဲဒီလို ပုဂၢိဳလ္ဆိုရင္ သတၱိကိန္းတာနဲ႔ တစ္ၿပိဳက္နက္ သူ႔အတြက္ ေနစရာပူမေနရဘဲ ရလာမယ္။ ရမွာအမွန္ပဲဆိုတာ နားလည္ၾက၊ သေဘာေပါက္ၾကပါ။ ႏွလုံးေသြးထဲမွာ စိတ္ထဲမွာ သတၱိသြင္းရမွာကို ဆိုလိုတာျဖစ္တယ္။ဒီထက္အလြန္ သစ္ပင္ႀကီးမ်ိဳးေတြ စိုက္ပ်ိဳးျခင္း၊ ေက်ာင္း၊ သိမ္၊ ဇရပ္ စသည္တို႔ ေဆာက္လႉၿပီး ပီတိျဖစ္ႏိုင္လွ်င္ ပိုၿပီးအားေကာင္းမယ္လို႔ မွတ္ၾကပါ။

ေက်းဇူးေတာ္ရွင္ ပိုင္းေလာ့ဆရာေတာ္ဘုရားႀကီး