သံဃာတော်များအား စစ်ဆေးရေးဂိတ်စောင့်ရန် တာဝန်ပေးသည့်အမိန့် ပြန်လည်ရုပ်သိမ်း
သံဃာတော်များအား စစ်ဆေးရေးဂိတ်စောင့်ရန် တာဝန်ပေးသည့်အမိန့် ပြန်လည်ရုပ်သိမ်း
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သံဃာတော်တွေကို မြို့နယ်စ.စ်ဆေးရေးဂိတ်တွေမှာစောင့်ကြပ်ခိုင်းတဲ့ အမိန့်ထုတ်ပြန်ချက်ကို သံဃာတော်အများစု သဘော.မတူတဲ့အတွက် ပြန်လည်ရု.ပ်သိ.မ်းလိုက်ပြီလို့ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့က မိန့်ကြားပါတယ်။ “လိုအပ်မယ်ထင်လို့ထုတ်ပြန်ခဲ့တာပါ။
အခုတော့အားလုံးစိတ်ချမ်းသာအောင် တချက်ကိုပြန်ရု.ပ်သိ.မ်းပေးလိုက်ပါပြီ။ သံဃာတော်သုံးပါး စောင့်ရမယ်ဆိုတာကိုတော့ ရု.ပ်သိ.မ်းလိုက်ပြီ”လို့ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က တာဝန်ရှိဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ေ.ရာဂါကူ.းစက်မှု အခြေနေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ မန္တလေး ၅မြို့နယ် သံဃနာယကအဖွဲ့တို့နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ကိုဗစ်စ.စ်ဆေးရေးဂိတ်တွေမှာ သံဃာတော် ၃ပါး နေ့စဉ်စောင့်ကြည့်ဖို့ သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ကြတာပါ။
ဒီထုတ်ပြန်ချက်ထွက်ပေါ်လာပြီးတဲ့နောက် ဂိတ်စောင့်ပုံစံဖြစ်သွားတဲ့အတွက်လက်မခံနိုင်ကြောင်းနဲ့ သံဃာတော်တွေနဲ့သက်ဆိုင်တဲ့အလုပ် မဟုတ်ကြောင်း၊ က.န့်က.ွက်ပြောဆိုခဲ့ကြပြီး အများစု သဘောမတူခဲ့ဘူးလို့ မန္တလေးတိုင်းအတွင်းက သံဃာတော်တွေက ပြောပါတယ်။ လက်ရှိမှာတော့
သံဃာတော်တွေ ဂိတ်မှာစောင့်ကြပ်ရမယ်ဆိုတဲ့အချက်ကို ပြန်လည်ရုပ်သိ.မ်းလိုက်ပေမယ့်
မြို့နယ်ဖြ.တ်ကျော်သွားလာရေးကတ်တွေနဲ့ သံဃာတော်တွေ ဆွမ်းကပ်နိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့များက
သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတာတွေကိုတော့ဆက်လက်လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ကမိန့်ကြားပါတယ်။
Crd-Original Post
(ZAWGYI)
Crd-Original Post