ယခုလအတွင်း ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ပစ္စည်းများ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိမည်ဟု သိရ

ယခုလအတွင်း ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ပစ္စည်းများ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိမည်ဟု သိရ

အာ.ဏာသိမ်း စစ်ကောင်စီ၏ အရာရှိ တချို့ထံမှ သိရသည်။ တို က်ရေယာဉ်များတွင်း အသုံးပြုနိုင်မည့် LPD အမျိုးအစား ဒုံးရော့ကတ်၊ တို က်လေယာဉ်များတွင် တပ်ဆင် အသုံးပြု၍ ရသော KS 1 အမျိုးအစား Missile များ၊

SU 30 Sms တိုက်လေယာဉ်များ၊ SU 57 တိုက်လေယာဉ်များကို ပေးပို့ရန်ရှိကြောင်း ရုရှားနိုင်ငံရှိ ပညာတော်သင် စစ်တပ်ဗိုလ်မှူးတဦးက MPA သို့ ပြောသည်။

“အဲ့ဒီအပြင် မြေပြင်ကနေ Missile တွေနဲ့ ယှဉ်တွဲ အသုံးပြုလို့ရတဲ့ တင့်ကား T90s နဲ့ T 17 တင့်ကားနည်းပညာတွေ အတွက်အိန္ဒိယနဲ့ ပါကစ္စတန်မှာ သင်နေသူက သင်နေတယ်။ တင့်ကားတွေက တချိန်က တူရကီမှာ သုံးခဲ့တဲ့ဟာတွေ။ အရေအတွက်တော့ ကျနော်တို့ လက်လှမ်း မမီလို့ မသိရသေးဘူး။ ဒါက စစ်ကောင်စီဥက္ကဌ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားလာခဲ့တဲ့ ခရီးစဉ် နောက်ဆက်တွဲတွေပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါ နည်းစနစ်နှင့် လေကြောင်းရန် ကာကွယ်ရေးအတွက် အသုံးပြုမည့် ပစ္စည်းများသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်၏ အာဏာကို တန်ပြန်နိုင်ရန် ရုရှားမှ စတင်ပြုလုပ်ခဲ့သည့် နည်းပညာနှင့် စစ်လ က်န.က် ပစ္စည်းများဖြစ်ကြောင်းကမ္ဘာ့စ စ်လ က်န.က်ဆိုင်ရာ သုတေသန ပြုလုပ်ထားသောအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက် လေကြောင်းရန်ကာ ကွယ်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ရေဒါများဖြင့် သြဂုတ်လ ၆ ရက်နေ့က စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါစက်များ သည် ဒုံးရော့ကတ်များနှင့် ယှဉ်တွဲအသုံးပြုသောမိုင် ၅၀ ပတ်ဝန်းကျင်အထိ ထောက်လှမ်းနိုင်သည့် ရေဒါများဖြစ်သည်။

ယင်းရေဒါစနစ်ယန္တရားများမှာ ရုရှားနိုင်ငံနည်းပညာထုတ် ယန္တရားများဖြစ်ပြီး လေကြောင်းမှ ဝင်ရောက် လာမည့် တို က်လေယာဉ်၊ ဒရုန်းယာဉ်များအား ထောက်လှမ်းနိုင်သည့်အပြင်တန်ပြန်ပ.စ်ခ တ်နိုင်သည့်နည်း စနစ်ပါဝင်ကြောင်း သိရသည်။ ယင်းရေဒါစနစ်တင်ယာဉ်များမှာ ရုရှားနိုင်ငံမှ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင်

စတင်ထုတ်လုပ်ခဲ့သည့် ယန္တရားများဖြစ်ပြီး ယခုနှစ် မြန်မာစစ်တပ် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ယာဉ်တန်းစစ်ကြောင်းများတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ ခရက်ဒစ်

Crd-Original Post

(ZAWGYI)

ယခုလအတြင္း ႐ုရွားႏိုင္ငံမွ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္အတြက္ ပစၥည္းမ်ား ျမန္မာႏိုင္ငံသို႔ ထပ္မံေရာက္ရွိမည္ဟု သိရ

အာ.ဏာသိမ္း စစ္ေကာင္စီ၏ အရာရွိ တခ်ိဳ႕ထံမွ သိရသည္။ တို က္ေရယာဥ္မ်ားတြင္း အသုံးျပဳႏိုင္မည့္ LPD အမ်ိဳးအစား ဒုံးေရာ့ကတ္၊ တို က္ေလယာဥ္မ်ားတြင္ တပ္ဆင္ အသုံးျပဳ၍ ရေသာ KS 1 အမ်ိဳးအစား Missile မ်ား၊

SU 30 Sms တိုက္ေလယာဥ္မ်ား၊ SU 57 တိုက္ေလယာဥ္မ်ားကို ေပးပို႔ရန္ရွိေၾကာင္း ႐ုရွားႏိုင္ငံရွိ ပညာေတာ္သင္ စစ္တပ္ဗိုလ္မႉးတဦးက MPA သို႔ ေျပာသည္။

“အဲ့ဒီအျပင္ ေျမျပင္ကေန Missile ေတြနဲ႔ ယွဥ္တြဲ အသုံးျပဳလို႔ရတဲ့ တင့္ကား T90s နဲ႔ T 17 တင့္ကားနည္းပညာေတြ အတြက္အိႏၵိယနဲ႔ ပါကစၥတန္မွာ သင္ေနသူက သင္ေနတယ္။ တင့္ကားေတြက တခ်ိန္က တူရကီမွာ သုံးခဲ့တဲ့ဟာေတြ။ အေရအတြက္ေတာ့ က်ေနာ္တို႔ လက္လွမ္း မမီလို႔ မသိရေသးဘူး။ ဒါက စစ္ေကာင္စီဥကၠဌ

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားလာခဲ့တဲ့ ခရီးစဥ္ ေနာက္ဆက္တြဲေတြပဲ” ဟု ၎က ဆိုသည္။

အဆိုပါ နည္းစနစ္ႏွင့္ ေလေၾကာင္းရန္ ကာကြယ္ေရးအတြက္ အသုံးျပဳမည့္ ပစၥည္းမ်ားသည္ ဒုတိယကမာၻစစ္ေနာက္ပိုင္း အေမရိကန္၏ အာဏာကို တန္ျပန္ႏိုင္ရန္ ႐ုရွားမွ စတင္ျပဳလုပ္ခဲ့သည့္ နည္းပညာႏွင့္ စစ္လ က္န.က္ ပစၥည္းမ်ားျဖစ္ေၾကာင္းကမာၻ႔စ စ္လ က္န.က္ဆိုင္ရာ သုေတသန ျပဳလုပ္ထားေသာအင္တာနက္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္ ေလေၾကာင္းရန္ကာ ကြယ္ေရးအတြက္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္သုံး ေရဒါမ်ားျဖင့္ ၾသဂုတ္လ ၆ ရက္ေန႔က စမ္းသပ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။အဆိုပါစက္မ်ား သည္ ဒုံးေရာ့ကတ္မ်ားႏွင့္ ယွဥ္တြဲအသုံးျပဳေသာမိုင္ ၅၀ ပတ္ဝန္းက်င္အထိ ေထာက္လွမ္းႏိုင္သည့္ ေရဒါမ်ားျဖစ္သည္။

ယင္းေရဒါစနစ္ယႏၲရားမ်ားမွာ ႐ုရွားႏိုင္ငံနည္းပညာထုတ္ ယႏၲရားမ်ားျဖစ္ၿပီး ေလေၾကာင္းမွ ဝင္ေရာက္ လာမည့္ တို က္ေလယာဥ္၊ ဒ႐ုန္းယာဥ္မ်ားအား ေထာက္လွမ္းႏိုင္သည့္အျပင္တန္ျပန္ပ.စ္ခ တ္ႏိုင္သည့္နည္း စနစ္ပါဝင္ေၾကာင္း သိရသည္။ ယင္းေရဒါစနစ္တင္ယာဥ္မ်ားမွာ ႐ုရွားႏိုင္ငံမွ ၁၉၇၀ ျပည့္ႏွစ္ဝန္းက်င္တြင္

စတင္ထုတ္လုပ္ခဲ့သည့္ ယႏၲရားမ်ားျဖစ္ၿပီး ယခုႏွစ္ ျမန္မာစစ္တပ္ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနား၏ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ ယာဥ္တန္းစစ္ေၾကာင္းမ်ားတြင္ ထုတ္ေဖာ္ျပသခဲ့ေၾကာင္း သိရသည္။ ခရက္ဒစ္

Crd-Original Post