ကျမ၏ ချစ်ရပါသော(၁၁)လ အရွယ် သမီးငယ်လေး ဆုံးပါးသွားပါပြီ

ကျမ၏ ချစ်ရပါသော(၁၁)လ အရွယ် သမီးငယ်လေး ဆုံးပါးသွားပါပြီ

လက်ရှိပြန်လည်ဖြစ်ပွားလာတဲ့ ကိုဗစ်တတိယလှိုင်းမှာ ပြည်သူအများအပြား ကူးစက်ခံရတဲ့အပြင် သေဆုံးသူအရေအတွက်ကလည်း အဆမတန်မြင့်တက်ခဲ့ပါတယ်။

ယခုနောက်ပိုင်းဖြစ်လာတဲ့ ကိုဗစ်ရောဂါပိုးဟာ တချို့ဆိုလက္ခဏာတွေမပြဘဲ အဆုတ်ထဲထိတိုက်ရိုက်ဝင်ရောက်ကာ

ရုတ်တရက် အောက်ဆီဂျင်ကျပြီး အသက်ရှူကြပ်လာမှသာ သိရတာဖြစ်ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးနေတဲ့ သူတွေထဲမှာ လူမမယ်အရွယ် ကလေးသူငယ်တွေလည်း ပါဝင်လာခဲ့တာကို တွေ့မြင်ကြားသိရပါတယ်။

ကလေးငယ်တွေဟာ ရောဂါခံစားနေရရင်တောင် ငိုယိုနေတာကလွဲပြီး ဘာမှမပြောတတ်သေးတာကြောင့် မိဘများဟာ သတိမပြုကြတာ တွေ့ရပါတယ်။

ယခုမှာလည်း ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်မှာ စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုကို ကြားသိရပါတယ်။

ဒီဖြစ်ရပ်ကတော့ မိခင်ဖြစ်သူ ကိုဗစ်ရောဂါခံစားနေရတဲ့အချိန်မှာ (၁၁)လအရွယ် သမီးငယ်လေးလည်း ကူးစက်ခံရပြီး

ရောဂါလက္ခဏာတွေမပြခဲ့သလို မိခင်ဖြစ်သူကလည်း သာမန်နေမကောင်းဖြစ်တယ်လို့ ထင်မိပြီး သတိမထားခဲ့တာကြောင့် အချိန်လွန်မှသိရကာ သမီးငယ်လေးဟာ ဆုံးပါးသွားခဲ့ရပါတယ်။

ဆုံးပါသွားတဲ့ သမီးလေးရဲ့ မိခင်ကတော့ အခြားကလေးမိဘတွေလည်း သူ့လိုမဖြစ်သင့်တာတွေ မဖြစ်ရအောင်ရည်ရွယ်ပြီး သတိထားစေဖို့ရည်ရွယ်ကာ အကြောင်းစုံကို လူမှုကွန်ယက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

တချို့ပြောဆိုချက်တွေဆိုရင် ကလေးတွေဟာ ကိုဗစ်ကူးစက်ခံရင် အပျောက်မြန်ပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောနေကြပေမယ့် ဒီဖြစ်ရပ်လေးကတော့ သာတကအနေနဲ့ ပြသသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်လေးကို အကြောင်းပြုပြီး အခြားမိဘတွေလည်း ကလေးငယ်တွေအတွက် သတိထားမိစေဖို့ရည်ရွယ်ကာ ကိုဗစ်ရောဂါဖြစ် ဆုံးပါးသွားတဲ့ သမီးလေး မိခင်ရဲ့ ပြောပြချက်တွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

Credit-Original Post