အမိူက်တစ်စမှ မရှိတဲ့ အပြင် မူးယစ်ဆေး အရက် လုံးဝ သောက်ခွင့် မရှိတဲ့ မြန်မာနိုင်ငံက ရွာကလေး
အမိူက်တစ်စမှ မရှိတဲ့ အပြင် မူးယစ်ဆေး အရက် လုံးဝ သောက်ခွင့် မရှိတဲ့ မြန်မာနိုင်ငံက ရွာကလေး
အမိူက်တစ်စမှ မရှိတဲ့ အပြင် မူးယစ်ဆေး အရက် လုံးဝ သောက်ခွင့် မရှိတဲ့ မြန်မာနိုင်ငံက ရွာကလေး မြန်မာ နိုင်ငံမှာ အမှိုက်ကင်းစင် နယ်မြေ ၊ စံပြ ကျေးရွာရယ်လို့ အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့ ကြပေမယ့် တကယ်တမ်း ကြတော့ တော်တော် များများဟာ
လူကြီးလာမယ် ဆိုမှ တစ်အိမ် တစ်ယောက် အမှိုက်ထွက်ကောက်ကြတာ များပါတယ် ။
အမှိုက်ကင်းစင်နယ်မြေ လို့ ဆိုင်းဘုတ်တွေ ထောင်ထား ပေမယ့် အမှိုက်ပစ်သူတွေက ပစ်ကြ တာပါပဲ ။အဝေးကြီး မကြည့်ပါနဲ့ ပြည်သူ့ ဆေးရုံတွေကို သွားကြည့်တာနဲ့ သိသာ မြင်သာပါတယ် ဒါပေမယ့် အများစု ထဲက ကွဲပြားစွ ာရှိနေတဲ့ ရွာလေး တစ်ရွာရှိပါတယ် ။
အဲ့တာကတော့ ဆင်နက်ချောင် ဆိုတဲ့ ရွာကလေးပါ ။တစ်ရွာလုံးမှာ အမှိုက်ဆိုတာ ဘယ်လို ဟာလဲလို့ မေးယူရလောက်အောင် သန့်ရှင်း သပ်ရပ်လှတဲ့ ကျေးရွာလေး ဖြစ်ပါတယ် ။
ဘာကြောင့် အခုလို ဖြစ်တာလဲ ဆိုတော့ ။ အုပ်ချုပ်သူ ကောင်းလို့ ဖြစ်တဲ့အပြင် ၊ ရွာသူရွာသားတွေက ပူးပေါင်း ဆောင်ရွက်လို့ ၊ပူးပေါင်း ဆောင်ရွက်ချင် အောင်လည်း အုပ်ချုပ်တတ်လို့ ဖြစ်ပါတယ် ။
တကယ်တော့ ဒါဟာ အပြင်ပမ်းပါ။တကယ် တမ်းက အမှိုက်ကင်းရုံ သာမက ပဲနဲ့ မူးယစ်လည်း ကင်းစင်ပါတယ် ။သူတို့ရွာမှာ တစ်ရွာလုံး သဘောတူညီမှုနဲ့ ရွာလူကြီးက ချမှတ်ထားတဲ့ စည်းကမ်းက
အသက် ( ၁၈ ) မပြည့်သူကို ကွမ်းဆေးလိပ် အရက် လုံးဝ ရောင်းချခွင့် မပြုပါဘူး ။
ဈေးဆိုင်တွေ ကလည်း ခိုးမရောင်းပါဘူး ။ ဒါမျိုး တစ်နိုင်ငံလုံး ဖြစ်သင့်တယ် ။ နောက်တစ်ခု ရှိပါသေးတယ် ။ အဲ့တာကတော့ ရွာထဲမှာ အမဲဖြတ်ခွင့် မပြုထား တာပါပဲ ။
ဒုစရိုက်မှု ၊ ရာဇဝတ်မှု ဆိုတာလည်း ကင်းပြီး တော်တော်လေး အံ့သြစရာ ကောင်းတဲ့ ရွာဖြစ်ပါတယ်။ဒီရွာကတော့ ရွာငံ မြို့နယ်မှာ ရှိတယ်လို့ သိရပါတယ်… ။ ပရိသတ်ကြီး ဗဟုသုတ အဖြစ် တင်ဆက်ပေး လိုက်ပါတယ်နော် ။
Crd-Original Post
(ZAWGYI)
အမိုက်တစ်စမှ မရှိတဲ့ အပြင် မူးယစ်ဆေး အရက် လုံးဝ သောက်ခွင့် မရှိတဲ့ မြန်မာနိုင်ငံက ရွာကလေး
Crd-Original Post