“ယနေ့ဖြစ်စဉ်နဲ့ပတ်သက်လို့ Myanmar Plaza မှ ထုတ်ပြန်ချက် ထုတ်ပြန်”

“ယနေ့ဖြစ်စဉ်နဲ့ပတ်သက်လို့ Myanmar Plaza မှ ထုတ်ပြန်ချက် ထုတ်ပြန်”

ယနေ့လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသော အကြောင်းအရာဖြစ်စဥ်နှင့်ပတ်သက်၍ မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့မှ အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အပြည့်အဝလက်ခံထားပြီး ထိုသို့ပြုမူဆောင်ရွက်ခြင်းများအပေါ်တားဆီးပိတ်ပင်သော မူဝါဒများအလျဥ်းမရှိပါ။

ယနေ့ဖြစ်စဥ်တွင် ကျွန်ုပ်တို့၏လုံခြုံရေးဝန်ထမ်းများသည် အေးချမ်းစွာပြုမူပြောဆိုဆောင်ရွက်ရမည့်အစား မသင့်တော်လွဲမှားစွာ ပြုမူဆောင်ရွက်ခဲ့သည်ကိုသိရှိရသည့်အတွက် အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။

အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများနှင့် အများပြည်သူအနေဖြင့် မည်သို့ခံစားရသည်ကိုလည်း ကောင်းစွာသိရှိနားလည်ပါသည်။ ထိုကဲ့သို့ဖြစ်ခဲ့သည့်အပေါ် မြန်မာပလာဇာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဖြစ်စဥ်တွင်ပါဝင်ခဲ့သူလူငယ်များအားလုံးသည်လည်း ဖြစ်ရပ်ဖြစ်ပေါ်ပြီး ခဏတာအတွင်း တစ်စုံတစ်ရာအန္တရာယ်မရှိဘဲ ပြန်လည်ထွက်ခွာခဲ့ကြောင်းကို အသိပေးအပ်ပါသည်။

မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့အနေဖြင့် ယခုဖြစ်ရပ်ကိုသေချာစွာသုံးသပ်ပြီး ထိုသို့ မလျော်မကန်သောအပြုအမူများ ထပ်မံမဖြစ်ပွားစေရန် တာဝန်ရှိသူများကို ပိုမိုတင်းကျပ်သော စည်းမျဥ်းစည်းကမ်းများနှင့် တာဝန်ခံမှုများကို တိုးမြှင့်သွားမည်ဖြစ်ပါသည်။

Crd-36myanmarchannel