လယ်တီဆရာတော်ကြီးရေးသားခဲ့သော တိုင်းပြည်၊မြို့ရွာတို့၌ ကပ်၊ဥပါဒ် ဆိုက်ရောက်မည်ကို ကြိုတင်၍ သိနိုင်သော အတိတ် နိမိတ်ထူးများ

လယ်တီဆရာတော်ကြီးရေးသားခဲ့သော တိုင်းပြည်၊မြို့ရွာတို့၌ ကပ်၊ဥပါဒ် ဆိုက်ရောက်မည်ကို ကြိုတင်၍ သိနိုင်သော အတိတ် နိမိတ်ထူးများ

တိုင်းပြည်၊မြို့ရွာတို့၌ ကပ်၊ဥပါဒ် ဆိုက်ရောက်လိမ့်မည်ကို ကြိုတင်၍ သိနိုင်ခဲ့သော အတိတ် နိမိတ်ထူးများယခု ခေ တ် ဆေးသိပ္ပံ ပညာအရ ဗိုင်းရပ်စ်ပိုး၊ ရောဂါပိုးလို့ ဘယ်လိုပင် သတ်မှတ် ကြပေမယ်လို့ ဗုဒ္ဓ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့တရားတော်အရ ဗိုင်းရပ်စ်ပိုး၊ ရောဂါပိုး ဆိုတဲ့ အရာတွေဟာ ရုပ်သာ ရှိ၍ နာမ် မရှိ။ စိတ် မရှိတဲ့အရာ ဝတ္ထုတွေသာ ဖြစ်တယ်။ ” ပါဏ ” လို့ခေါ်တဲ့ အသက် မရှိတဲ့ ထူးခြားသော ရုပ် သက်သက်သာ ဖြစ်တယ်။လောဘ ဒေါသ မောဟ ကြီးမား အားကောင်းလွန်းလှတဲ့ သတ္တဝါတို့၏ အကုသိုလ်ကံ ပျက်စီးဖို့ အကြောင်း ကံများ ဆုံစည်းလာခိုက်

ကံအားလျော်စွာ ဖြစ်ပေါ်လာတဲ့ ရုပ်အထူးများကို ယခုခေတ် ဆေးသိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ရောဂါပိုးလို့ သတ်မှတ် ထားကြတာ ဖြစ်ကြောင်း မဟာစည် ဆရာတော် ဘုရားကြီး မိန့်ကြားတော်မူခဲ့ဖူးပါတယ်။လယ်တီ ဆရာတော်ဘုရားကြီးကတော့ အစိမ်းသရဲသူဘက်ဟု ခေါ်ဆို အပ်သော ဘီလူး မျိုးတို့သည်သာလျင် ကြီးကျယ်သာဘေး ဥပဒ် ကပ်ရောဂါတို့ကို ပြုနိုင်ကြကုန်၏ လို့မိန့်ကြားတော်မူပါတယ်။

သီဟိုဠ်ကျွန်းမှာ ရှေးအစဉ်အဆက် ပရိတ်ရွတ်ခြင်းကို ပြုပုံမှာ မြို့ရွာတို့၌ ကပ်ရောဂါ ဖြစ်ခဲ့ပါက မြို့ရွာအနှံ့ သင့်တင့်ရာ နေရာ၌မဏ္ဍပ်များ ဆောက်ပြီးလျင် သံဃာတော်အရှင်သူမြတ်တို့ ကို ပင့်ဖိတ်ပြီး ရရက်ပတ်လုံး နေ့ညမစဲအလှည့်ကျ ပရိတ်ကြီးကို

ရွတ်ဘတ်သရဇ္ဈာယ် ကြကုန်၏။နောက်ဆုံးနေ့၌ မဟာအာဋာနာဋိယသုတ် ပရိတ်ကြီးကိုရွတ်ဖတ် ကြကုန်၏။ငါးပါးသီလ မြဲခြင်း၊ အသားငါး စားသောက်မှုနည်းခြင်း ၊ပရိတ်ရွတ်ပုံ နေရာကျခြင်း တို့သည် ကပ်ရောဂါ အန္တရာယ်ကို ကင်းစေနိုင်၏။နေ့ညမစဲအလှည့်ကျ ဖြင့် ခုနှစ်ရက်ပတ်လုံး ပရိတ်ရွတ်နည်းသည် ဓမ္မပဒ အဋ္ဌကထာ ဒီဃာယုဝတ္ထုမှာ လာ၏။ဝေသာလီပြည်မှာ ကပ်ရောဂါ ဖြစ်စဉ်ကရှင်အာနန္ဒာ ပရိတ်ရွတ် နည်းကား လူသန်လူမြန် ကာလသား ထောင်သောင်းများစွာ ခြံရံ လျက်လမ်းစဉ်တလျှောက်လျှောက် သွား၍ နေဝင်သည်မှ အရုဏ်တက်သည့်တိုင်အောင် ရှင်အာနန္ဒာက တိုင်၍ဝေသာလီပြည်သားကာလသားတို့က ညီညီညာညာ ရွတ်ဆိုကြခြင်းဖြင့် ကပ်ရောဂါ တို့မှ ကင်းဝေး ကုန်၏။

မြို့ရွာတို့၌ ကပ်ဥပဒ် ဆိုက်ရောက်လိမ့်မည်ကိုကြိုတင်၍ သိနိုင်သော အတိတ်နိမိတ်ထူးများ(၁)- ခွေးသတ္တဝါတို့ အထူးဆူ အူခြင်း၊(၂)-နေ့အခါ၌ ကျီးသတ္တဝါတို့ အထူးဆူညံခြင်း၊(၃)- ညအခါ၌ အိမ်နေရာသစ်ပင်တို့မှ ကျီးသတ္တဝါတို့ထကြွလှုပ်ရှားခြင်း၊(၄)- ညအခါ၌ “ကုပ်ကရူး” ခေါ်သော ငှက်ဆိုးတို့မည်တွန်ခြင်း၊(၅)- မြစ်ရိုးမြစ်စဉ် မြို့ရွာ တို့မှာ မိမိတို့မြို့ရွာဆိပ်ကမ်းသို့တပ်လှေ, တပ်သင်္ဘောဆိုက်ကပ်လာသည်ဟု မြင်မက်ခြင်း၊(၆)- ကုန်းမြို့ကုန်းရွာတို့မှာ မိမိတို့ရွာသို့ ကပ်ဆိုက် လာသည်ဟု မြင်မက်ခြင်း၊(၇)- အချို့သောမြို့ရွာတို့၌ နေဝင်ရီတရောအခါမှာမိမိတို့မြို့ရွာသို့ တပ်ချီ၍လာသည်ကိုကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း၊(၈)- မိမိတို့မြို့ရွာတွင်းသို့ သရဲခေါ်သော လူနီကြီးများဝင်လာသည်, ဘီလူးခေါ်သော လူနက်ကြီးများ ဝင်လာသည်, သားဘက်ခေါ်သော

လူဖြူကြီးများ ဝင်လာသည်,ဝက်ကောင်ကြီးများဝင်လာသည်, နွားမတန်းခန့်ရှိသောခွေးကောင်ကြီးများဝင်လာသည်,တစ်ထွာတစ်မိုက်ခန့်အမွေးရှိသော ရေသူဘက်ကောင်ကြီးများကုန်းသူဘက်ကောင်ကြီးများ ဝင်လာသည်ဟု မြင်မက်ခြင်း၊(၉)- အခြားအိမ်ပေါ် တိုက်ပေါ်သို့လည်းကောင်း,မိမိအိမ်ပေါ် တိုက်ပေါ်သို့လည်းကောင်းထိုအကောင်ကြီးများတက်သည်ဟု မြင်မက်ခြင်း၊

(၁၀)- ညအခါ၌ မိမိတို့မြို့ရွာတွင်းမှာ ထိုအကောင်ကြီးများ သွားလာ၍နေသည်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း,မိမိတို့ဝင်းထဲ ခြံထဲ တိုက်နောက်ဖေး အိမ်နောက်ဖေးများ၌ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း၊(၁၁)- နေဝင်စအခါ မြို့ရွာအနီးမှာ တွေ့မြင်ကြခြင်း၊(၁၂)- ညအခါ မြစ်ရေထဲ အင်းရေထဲမှတက်လာ၍ မြို့တွင်းရွာတွင်းသို့ ဝင်ကြသည် ကိုလည်းကောင်း အိမ်ပေါ်တိုက်ပေါ်သို့ တက်ကြသည်ကိုလည်းကောင်း မြင်မက်ခြင်း၊


မြို့ပေါ် ရွာပေါ်မှာ ကျီး, လင်းတများစွာ တို့ ဝဲခြင်း၊(၂၃)- မြို့ပေါ် ရွာပေါ်မှာ မိုးတိမ်နီ၊ မိုးတိမ်ဝါတို့တောက်ခြင်း၊(၂၄)- မြို့တွင်း ရွာတွင်းမှာ ယင်ကောင်ကြီး, ယင်ကောင်ငယ် တို့ အထူး များပြားခြင်း၊(၂၅)- အိမ်တွင်း တိုက်တွင်းမှာ အိမ်မြောင်, ယင်ကောင်,ကြွက်သတ္တဝါတို့ကျ၍ ရုတ်တရက်သေဆုံးသည်ကိုတွေ့မြင်ကြခြင်း အသေကောင်များစွာကို တွေ့မြင်ကြခြင်း၊(၂၆)- ကျွဲ,နွားသတ္တဝါတို့၌ ကပ်ရောဂါကျရောက်လိုသော် ညအခါ၌ ကျွဲခြံ နွားခြံတို့မှ ကျွဲ နွားတို့ တရုန်းရုန်းရှိခြင်း, နေ့အခါ တောအရပ်၌ တောချုံရှိရာတို့မှ တရုန်းရုန်း လန့်ခြင်း၊(၂၇)- မြင်းတို့၌လည်းကောင်း၊ သိုး,ဆိတ်တို့၌လည်းကောင်း၊ ကပ်ဥပဒ် ကျရောက် လိုသော် ထိုနည်းတူ တစ်စုံတစ်ခု ဖောက်ပြန်မှု ပေါ်လာခြင်း(လယ်တီဆရာတော်ကြီးရေးသားတော်မူသောရောဂန္တရဒီပနီမှ) ထင်းရှူးတောင် ဆရာတော်

Crd-Original Post