ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခုဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး တက္ကသိုလ် တက္ကသီလာ တည်နေရာ

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခုဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး တက္ကသိုလ် တက္ကသီလာ တည်နေရာ

တက္ကသီလာ ခေါ် တက္ကသိုလ်ပြည် ဆိုတဲ့ စကားလုံးကို စာတွေထဲမှာ မကြာခဏတွေ့ဖူး ကြားဖူးကြမှာပါ။ ရှေးရာဇဝင် ပုံပြင်တွေထဲမှာ မင်းညီမင်းသားတွေဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်လေ့ရှိတယ်ဆိုတာ ပါလေ့ရှိပါတယ်။

အဲဒီ တက္ကသီလာ လို့ခေါ်တဲ့ တက္ကသိုလ်ဟာ တကယ်ရှိခဲ့ပါတယ်။ တက္ကသီလာကို Taxila ၊ Takṣaśilā ဟု ခေါ်ဝေါ်ကြပြီး အဓိပ္ပါယ်ကတော့ ဖြတ်ထားတဲ့ကျောက်တုံးတွေနဲ့ ဆောက်တဲ့မြို့လို့ အဓိပ္ပါယ်ရပါတယ်။ တက္ကသီလာ (Taxila) ၊ တက္ကသီလ-ဆိုတာ ပါဠိစကားပေါ့။တက္က=ယုတ်လျော့သည်ကို ဖြည့်ဆည်းခြင်း၊ သီလ=အလေ့။ ဒီတော့ ယုတ်လျော့ခြင်းကို ဖြည့်ဆည်းပေးလေ့ရှိတဲ့နေရာလို့ အဓိပ္ပါယ်ရတယ်။ ပညာဖြည့်ဆည်းပေးလေ့ ရှိတဲ့နေရာလို့ ဆိုလိုတာပါ။တချို့ကလည်း တက္က=ကြံစည်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ပြီး ကြံစည်စဉ်းစားတဲ့အလေ့ရှိတဲ့နေရာ-လို့ ဖွင့်ဆိုကြတယ်။

တက္ကသိုလ်ဆိုပေမယ့် မြို့တစ်မြို့အဖြစ် တည်ရှိခဲ့တာဖြစ်ပြီး ပါကစ္စတန် ပန်ဂျပ်ပြည်(ရှေးအိန္ဒိယ) က Rawalpindi မှာ တည်ရှိခဲ့ပါတယ်။ ဒီနေရာဟာ ရှေးအခေါ် ဂန္ဓာရတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ပြီး အလွန်ထင်ရှားခဲ့ဖူးပါတယ်။ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀ခန့်တည်းက ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အစောဆုံး ပထမဆုံး တက္ကသိုလ် ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ကကျောင်းသားပေါင်း ၁သောင်းဝန်းကျင်ခန့် လာရောက်တက်ကြပါတယ်။ဘေဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ့ တရုတ်က ကျောင်းသားတွေအပါအဝင်ပါ။ စတင် တက်ရောက်ရမယ့် ကျောင်းသားတွေဟာ အနည်းဆုံး ၁၆ နှစ် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ကျွန်တော်တို့သိကြတဲ့ အဌာရသ ၁၈ ရပ် အပါအဝင် ဘာသာရပ်ပေါင်း ၆၀ ကျော် ကို သင်ကြားပေးခဲ့ပါသတဲ့။ တက္ကသိုလ်ကျောင်းဝန်းဟာ အလျား ၁မိုင် အနံ မိုင်ဝက် ကျယ်ပါတယ်။

စာသင်ခန်းပေါင်း ၃၀၀ ခန့်ရှိခဲ့ပြီး စာသင်ခုံတွေအတွက် ကျောက်တုံးတွေကို သုံးခဲ့ပါတယ်။ဒီတက်ရောက်ခဲ့တဲ့ကျောင်းသားတွေထဲမှာ အာသောကမင်းကြီးရဲ့ လက်ရုံး Kautilya ၊ ကောသလဘုရင် Prasenajit ၊ ဗုဒ္ဓရဲ့ဆေးဆရာဇီဝက Jivaka စသူတို့ပါဝင်ခဲ့ပါတယ်။နှစ်ပေါင်း ၁၀၀၀ ကျော်ခန့် ခမ်းနားကြီးကျယ်စွာ ရပ်တည်ခဲ့တဲ့ ဒီတက္ကသိုလ်ကြီးဟာ အေဒီ ၅ ရာစု ဝန်းကျင်မှာတော့ ရှေးဟောင်းဂရိနယ်မြေဖြစ်တဲ့ Hindu Kush ကို ကျော်ဖြတ်ကာ ပန်ဂျပ်ပြည်ကို ဝင်ရောက်ခဲ့တဲ့ Huns လူမျိုးတွေ ရဲ့ အပြီးတိုင် ဖျက်စီးခြင်းကို ခံခဲ့ရပါတယ်။

အဲဒီအချိန်ကစလို့ ဒီနေရာဟာ တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ၁၉ရာစု အလယ်ပိုင်းလောက်မှာတော့ Taxila ရဲ့ အပျက်အစီးတွေကတစ်ဆင့် သုတေသနပညာရှင် Sir Alexander Cunningham က ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။၁၉၈၀ မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခုဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ပါကစ္စတန်နိုင်ငံရဲ့ လာရောက်လည်ပတ်သူ အများဆုံးနေရာ တစ်ခုဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေနရာတစ္ခုျဖစ္တဲ့ ကမာၻ႔ပထမဆုံး တကၠသိုလ္ တကၠသီလာ တည္ေနရာ

တကၠသီလာ ေခၚ တကၠသိုလ္ျပည္ ဆိုတဲ့ စကားလုံးကို စာေတြထဲမွာ မၾကာခဏေတြ႕ဖူး ၾကားဖူးၾကမွာပါ။ ေရွးရာဇဝင္ ပုံျပင္ေတြထဲမွာ မင္းညီမင္းသားေတြဟာ တကၠသိုလ္ျပည္မွာ ပညာသြားသင္ေလ့ရွိတယ္ဆိုတာ ပါေလ့ရွိပါတယ္။အဲဒီ တကၠသီလာ လို႔ေခၚတဲ့ တကၠသိုလ္ဟာ တကယ္ရွိခဲ့ပါတယ္။ တကၠသီလာကို Taxila ၊ Takṣaśilā ဟု ေခၚေဝၚၾကၿပီး အဓိပၸါယ္ကေတာ့ ျဖတ္ထားတဲ့ေက်ာက္တုံးေတြနဲ႔ ေဆာက္တဲ့ၿမိဳ႕လို႔ အဓိပၸါယ္ရပါတယ္။ တကၠသီလာ (Taxila) ၊ တကၠသီလ-ဆိုတာ ပါဠိစကားေပါ့။တကၠ=ယုတ္ေလ်ာ့သည္ကို ျဖည့္ဆည္းျခင္း၊ သီလ=အေလ့။ ဒီေတာ့ ယုတ္ေလ်ာ့ျခင္းကို ျဖည့္ဆည္းေပးေလ့ရွိတဲ့ေနရာလို႔ အဓိပၸါယ္ရတယ္။ ပညာျဖည့္ဆည္းေပးေလ့ ရွိတဲ့ေနရာလို႔ ဆိုလိုတာပါ။တခ်ိဳ႕ကလည္း တကၠ=ႀကံစည္ျခင္းလို႔ အဓိပၸါယ္ဖြင့္ၿပီး ႀကံစည္စဥ္းစားတဲ့အေလ့ရွိတဲ့ေနရာ-လို႔ ဖြင့္ဆိုၾကတယ္။

တကၠသိုလ္ဆိုေပမယ့္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တည္ရွိခဲ့တာျဖစ္ၿပီး ပါကစၥတန္ ပန္ဂ်ပ္ျပည္(ေရွးအိႏၵိယ) က Rawalpindi မွာ တည္ရွိခဲ့ပါတယ္။ ဒီေနရာဟာ ေရွးအေခၚ ဂႏၶာရတိုင္းရဲ႕ ၿမိဳ႕ေတာ္ျဖစ္ခဲ့ၿပီး အလြန္ထင္ရွားခဲ့ဖူးပါတယ္။ခရစ္ေတာ္မေပၚမီ ႏွစ္ေပါင္း ၇၀၀ခန႔္တည္းက ရွိခဲ့တာျဖစ္ၿပီး ကမာၻ႔အေစာဆုံး ပထမဆုံး တကၠသိုလ္ ျဖစ္ပါတယ္။ ကမာၻအႏွံ႔ကေက်ာင္းသားေပါင္း ၁ေသာင္းဝန္းက်င္ခန႔္ လာေရာက္တက္ၾကပါတယ္။ေဘဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ႔ တ႐ုတ္က ေက်ာင္းသားေတြအပါအဝင္ပါ။ စတင္ တက္ေရာက္ရမယ့္ ေက်ာင္းသားေတြဟာ အနည္းဆုံး ၁၆ ႏွစ္ ရွိရမယ္လို႔ သတ္မွတ္ထားပါတယ္။ကြၽန္ေတာ္တို႔သိၾကတဲ့ အဌာရသ ၁၈ ရပ္ အပါအဝင္ ဘာသာရပ္ေပါင္း ၆၀ ေက်ာ္ ကို သင္ၾကားေပးခဲ့ပါသတဲ့။ တကၠသိုလ္ေက်ာင္းဝန္းဟာ အလ်ား ၁မိုင္ အနံ မိုင္ဝက္ က်ယ္ပါတယ္။

စာသင္ခန္းေပါင္း ၃၀၀ ခန႔္ရွိခဲ့ၿပီး စာသင္ခုံေတြအတြက္ ေက်ာက္တုံးေတြကို သုံးခဲ့ပါတယ္။ဒီတက္ေရာက္ခဲ့တဲ့ေက်ာင္းသားေတြထဲမွာ အာေသာကမင္းႀကီးရဲ႕ လက္႐ုံး Kautilya ၊ ေကာသလဘုရင္ Prasenajit ၊ ဗုဒၶရဲ႕ေဆးဆရာဇီဝက Jivaka စသူတို႔ပါဝင္ခဲ့ပါတယ္။ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ခန႔္ ခမ္းနားႀကီးက်ယ္စြာ ရပ္တည္ခဲ့တဲ့ ဒီတကၠသိုလ္ႀကီးဟာ ေအဒီ ၅ ရာစု ဝန္းက်င္မွာေတာ့ ေရွးေဟာင္းဂရိနယ္ေျမျဖစ္တဲ့ Hindu Kush ကို ေက်ာ္ျဖတ္ကာ ပန္ဂ်ပ္ျပည္ကို ဝင္ေရာက္ခဲ့တဲ့ Huns လူမ်ိဳးေတြ ရဲ႕ အၿပီးတိုင္ ဖ်က္စီးျခင္းကို ခံခဲ့ရပါတယ္။

အဲဒီအခ်ိန္ကစလို႔ ဒီေနရာဟာ တိမ္ျမဳပ္ ေပ်ာက္ကြယ္ခဲ့ၿပီး ၁၉ရာစု အလယ္ပိုင္းေလာက္မွာေတာ့ Taxila ရဲ႕ အပ်က္အစီးေတြကတစ္ဆင့္ သုေတသနပညာရွင္ Sir Alexander Cunningham က ျပန္လည္ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။၁၉၈၀ မွာ ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေနရာတစ္ခုျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္အထိ ပါကစၥတန္ႏိုင္ငံရဲ႕ လာေရာက္လည္ပတ္သူ အမ်ားဆုံးေနရာ တစ္ခုျဖစ္ပါတယ္။

Crd-Original Post