ဘုရားသားတော်တွေ သာသနာ့ပြင်ပ လုပ်ငန်းတွေ လုပ်နေတဲ့ အပေါ်ဖားအောက်ဆရာတော်ဘုရားကြီးမိန့်ကြားချက် (ဘုရားစရိတ်နှင့် လူမှုဝန်ထမ်းလုပ်ငန်း မလုပ်မိပါစေနဲ့)

ဘုရားသားတော်တွေ သာသနာ့ပြင်ပ လုပ်ငန်းတွေ လုပ်နေတဲ့ အပေါ်ဖားအောက်ဆရာတော်ဘုရားကြီးမိန့်ကြားချက် (ဘုရားစရိတ်နှင့် လူမှုဝန်ထမ်းလုပ်ငန်း မလုပ်မိပါစေနဲ့)

မနေ့က ကျွန်တော့် ကားနဲ့လိုက်လာတဲ့ဆရာတော်ပါဖားအောက်တောရက လိုက်လာတာ၈ နာရီ ၄၅ လောက် မော်လမြိုင်ရောက်တော့ကားဘယ်အချိန်ပြန်ထွက်မလဲတဲ့၉ နာရီဆိုတော့ Ok တဲ့ သပိတ်ပိုက်ပြီးကားပေါ်ကဆင်းကားဝင်းထဲမှာဆွမ်းခံပြီးကားပေါ်မှာပဲ ဆွမ်းဘုန်းပေးတယ်နေ့လည်၁၂နာရီမှာ လူတစ်ယောက်ဖုန်းဆက်တယ်အမြန်လမ်း ၁၈ မိုင်၃ ဖာလုံမှာရပ်ပေးပါတဲ့ဆရာတော်က ပိုက်ဆံမကိုင်ပါဘူးတဲ့သေချာဂရုစိုက်ပေးပါတဲ့အဲ့နားကတောထဲမှာ တရားဆက်အားထုတ်မှာမို့ပါတဲ့ကားပေါ်ကဆင်းတော့မနက်ကသူအလှူ ခံလို့ရတဲ့မုန့်တွေ မယူသွားဘူး ကျနော့်ကိုစွန့်ခဲ့တယ်For you to eat တဲ့ကျွန်တော် ကန်တော့ တော့ ဆုပေးသွားတယ်…ဘယ်နိုင်ငံသားလဲဘွဲ့အမည်ဘာလဲယ်နှဝါရပြီလဲမမေးလိုက်ဘူးမေးစရာမှမလိုတာဗုဒ္ဓ ဘုရားရှင်ရဲ့သားတော် အစစ်လေ။

Credit ဒကာတစ်ယောက် တင်ထားတာ

ဘုန်းကြီးတွေ ပိုက်ဆံမပါဘဲ ဘယ်လိုခရီးသွားလဲဆိုတာ သိသွားရအောင်ပါ။အင်း ဘယ်လိုပြောရမလဲ တစ်ချို့ရဟန်းတွေ မိဘမဲ့ပရဟိတကျောင်းတွေ ထူထောင်ကြတယ်၊ လူတွေကလည်း ကိုယ်တောင်သူတို့လို မလုပ်နိုင်ဘူးဆိုပြီး ချီးကျူးကြသေးတယ်။ ဒါတွေကို ဖားအောက်ဆရာတော်ကြီးက အောက်မှာ ဘယ်လိုပြောထားသလဲဆိုတာ နာယူကြည့်ကြပါစို့ ။“ဘုရားစရိတ်နှင့် လူမှုဝန်ထမ်းလုပ်ငန်း မလုပ်မိပါစေနဲ့” ဖားအောက် ဆရာတော်ဘုရားကြီးရဲ့ မဟာဝိဟာရ ကျောင်းတိုက် (မှော်ဘီ) မှ ကိုရင်နှင့် သံဃာအပါး ၁၂၀၀ အား (03/11/16) ရက်မှာ မိန့်ကြားသော သြဝါဒစကား (ဆုတောင်းပေးတဲ့ တစ်ပိုဒ်နဲ့ သြဝါဒစကား အစပိုင်း ပြောထားတဲ့ အနည်းငယ်ကို အသံမရှင်းလို့ ချန်လှပ်ထားခဲ့ပါတယ်။)ကျောင်းတွေမှာ ကိုရင်လေးတွေ မရှိတော့ ဘာဖြစ်မလဲ၊ ကျောင်းတွေမှာ ကိုရင်လေးတွေ မရှိတော့ ရဟန်းဖြစ်မည့်ပုဂ္ဂိုလ်တွေ နည်းလာမယ်။ ဒီနှစ်ဆိုလို့ရှိရင် ရဟန်းသံဃာ ငါးသိန်းခန့် ရှိရာကနေ လေးသိန်းကျော်ပဲ ရှိတော့တယ်လို့ သတင်းကြားပါတယ်။(နာမည် မရှင်း) လျှောက်ထားတာက သံဃမှတ်ပုံတင်ကို

လူမှတ်ပုံတင်အဖြစ် မှတ်ပုံတင်ဌာနမှာ လာပြောင်းသွားတဲ့ ပုဂ္ဂိုလ် လေးသောင်းကျော်ခန့် ရှိတယ်ဆိုပြီး တင်ထားပါတယ်နော့်။ သာသနာမှာ သံဃာအရေအတွက် နည်းပါးလာနေပြီး တချိန်တည်းမှာ ကိုရင်လေးတွေ သာသနာမှာ အရေအတွက် နည်းပါးလာပါတယ်။

ကိုရင်လေးတွေ သာသနာမှာ အရေအတွက် နည်းပါးလာတဲ့အတွက်အကြောင့် ရဟန်းသံဃာ အရေအတွက်ဟာလည်း တဖြေးဖြေးနည်းပါးလာခြင်း ဖြစ်ပါတယ်နော့်။ အခုလို ကျောင်းတိုက်မှာ ကိုရင်လေးတွေကို အခုလို များစွာတွေ့ရတဲ့အတွက် စိတ်ထဲမှာ အင်မတန်ဝမ်းမြောက် ကြည်နူးမိပါတယ်။ ဆက်လက်၍ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်နော့်။

မြတ်စွာဘုရား ဆိုဆုံးမတော်မူတဲ့ တရားက အလုံးစုံသော မကောင်းမှုဟူသမျှကို မပြုလုပ်ခြင်း၊ အရဟတ္တမဂ်တိုင်အောင်သော ကုသိုလ်တရားတွေကို ပြည့်စုံအောင် ဖြည့်ကျင့်ခြင်း ဆိုတဲ့ ဤနှစ်ရပ်က မြတ်စွာဘုရား ပေးထားတဲ့ တာဝန်ဖြစ်ပါတယ်နော့်။ သာသနာမှာ နေတာက မြတ်စွာဘုရား ကျွေးမွေးထားတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို သုံးစွဲပြီး မှီတင်းနေထိုင်ကြရတာ ဖြစ်တယ်။ ဒါကို သီလဝိသုဒ္ဓိအဋ္ဌကထာကြီးက ဘုရားရှင်ရဲ့စရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေ လုပ်မနေကြနဲ့ ဒီလိုလည်း ဆုံးမထားပါတယ်နော့်။ ဘုရားစရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေ မလုပ်မိအောင် ကြိုးစားကြပါ။ ဘုန်းကြီးတို့ ဘုရားသာသနာမှာ လုပ်ရမည့်တာဝန်က

စာပေကျမ်းဂန် သင်ကြား၊ ပို့ချခြင်းဆိုတဲ့ လုပ်ငန်းတာဝန်ကတခု၊ ဝိပဿနာ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း ဆိုတဲ့ လုပ်ငန်းကတခု ဒီတာဝန်နှစ်ခုပဲ ရှိပါတယ်။ အဲဒီတာဝန် နှစ်ခုကို မလုပ်ဘဲ တခြားအပိုအလုပ်တွေ လျှောက်လုပ်နေမယ်ဆိုရင် ဘုရားစရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေကို ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်နော့်။

အဲဒီလို ဘုရားစရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေကို မလုပ်မိအောင် ကြိုးစားကြပါနော့်။ဘာတာဝန် လုပ်ရမလဲ၊ ဂန္ထာဓုရ စာပေကျမ်းဂန် သင်ကြားပို့ချခြင်းဆိုတဲ့ တာဝန်တခု၊ ဝိပဿ နာဓုရ ဘာဝနာတွေကို အောင်အောင်မြင်မြင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုပ် ပွားများအားထုတ်ခြင်းဆိုတဲ့ တာဝန်ကတခု ဒီတာဝန် နှစ်ခုကိုသာ သာသနာတော်မှာ နေထိုင်ပြီးတော့ ဆောင်ရွက်ဖို့ဆိုတာ မမေ့ကြပါနဲ့နော့်။ ဒီနေ့ သြဝါဒကို ဒီနေရာမှာပဲ ရပ်ဆိုင်းပြီးတော့ ဆက်လက်ပြီး ကျင့်ကြံကြိုးကုပ် ပွားများအားထုတ် နိုင်ကြပါစေလို့ တိုက်တွန်းပါတယ်။

“အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်တယ်”‘To know all is to forgive all’ဒါ သိပ်အရေးကြီးတယ်။ တရားနာပရိသတ်တွေ ခွင့်လွှတ်နိုင်ကြရဲ့လား။ ခွင့်လွှတ်နိုင်တဲ့ ဒကာကြီးကလည်း ခွင့်လွှတ်နိုင်တယ်လို့ဖြေတယ်၊ ဘာမှ မပြောဘဲ ပြုံးနေတဲ့ ဒကာမကြီးတွေက ခွင့်မလွှတ်နိုင်သေးပါဘူးဘုရားလို့ အသံတိတ် အဖြေပေးနေကြပုံရတယ်နော်။ခွင့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက ဆက်ပြီး ခွင့်လွှတ်နိုင်အောင် ကြိုးစားကြပါ။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဆက်ပြီး လေ့ကျင့်ကြပါ။ ခွင့်မလွှတ်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေလည်းခွင့်လွှတ်နိုင်အောင် ကြိုးစားကြပေါ့။

ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ဆင်းရဲတာပါ။ဘဝရတာ ဒုက္ခကို ရတာပါ။ သို့သော်လည်း ပစ္စုပ္ပန် အားထုတ်ပြုပြင်မှုလို့ ခေါ်တဲ့စိတ်ကို ထိန်းသိမ်းပြုပြင်မှုရှိရင် ချမ်းသာခြင်းကိုရနိုင်ပါတယ်။ စိတ်ကို ထိန်းသိမ်းနိုင်ရင်, ယဉ်ကျေးအောင် လုပ်နိုင်ရင်ချမ်းသာကို ရပါတယ်။စိတ်ကို မထိန်းသိမ်းတဲ့အတွက် ဆင်းရဲဖို့ ဖြစ်သွားမယ်ဆိုရင်မကောင်းဘူး။ ခွင့်မလွှတ်နိုင်ခြင်းတည်းဟူသော အကြောင်းကြောင့်မိမိ ဆင်းရဲဖို့ ဖြစ်တယ်ဆိုရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားရမယ်။ ဒါမှ မိမိ ဘ၀ အဓိပ္ပာယ်ရှိမယ်၊ တန်ဖိုးရှိမယ်နော်။ဘာကြောင့် ခွင့်လွှတ်ဖို့ လိုသလဲ၊ခွင့်လွှတ်ခြင်းဆိုတာ သူတော်ကောင်းတို့ရဲ့ ခွန်အား ဖြစ်လို့ပဲ။လူမိုက်တို့ရဲ့ ခွန်အားက ခွင့်လွှတ်ခြင်း မဟုတ်ဘူး၊ တုန့်ပြန်ခြင်း ကလဲ့စားချေခြင်းပဲ။

မိုးနဲ့မြေကြီးမဆုံနိုင်သလို သူတော်ကောင်းတို့ရဲ့ တရားနဲ့မသူတော်တို့ရဲ့တရားဆုံနိုင်ဖို့လမ်း ဘယ်သောအခါမှ မရှိဘူး။ အပြိုင်သွားနေတဲ့ မျဉ်းနှစ်ကြောင်းနဲ့သိပ်တူတယ်။ဒါကြောင့် ပညာရှိတို့ရဲ့ ခွန်အားလို့ ခေါ်တဲ့ ခွင့်လွှတ်ခြင်း ခွန်အားမိမိမှာ တည်တံ့လာအောင် ကြိုးစားဖို့ လိုတယ်။ဘယ်အခါမှာ ခွင့်လွှတ်လာနိုင်မလဲ။‘To know all is to forgive all’“အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်တယ်”။ဒါ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တစ်မျိုးပါ။ ဘုရားရှင်က အားလုံးကိုသိတော့ အားလုံးကို ခွင့်လွှတ်နိုင်တယ်နော်။ဘုန်းကြီးတို့တစ်တွေက အားလုံးကို မသိတော့ အားလုံးကို ခွင့်မလွှတ်နိုင်ဘူး။သို့သော်လည်း ခွင့်လွှတ်နိုင်အောင် ကြိုးစားနေပါတယ်။

ခွင့်လည်း ခွင့်လွှတ်နေပါတယ်လို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေချင်တယ်၊ တန်ဖိုးမဲ့ မဖြစ်အောင်ပြုချင်တယ်၊လေးလေးနက်နက်နဲ့ နေချင်တဲ့အတွက် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရပါတယ်။ နည်းနည်းသိရင် နည်းနည်း ခွင့်လွှတ်နိုင်တယ်နော်။ များများသိရင် များများ ခွင့်လွှတ်နိုင်တဲ့အတွက် များများသိအောင် ကြိုးစားနေရပါတယ်။မိမိရဲ့ မိတ်ဆွေအကြောင်း အားနည်းချက် အားသာချက်တွေ သိလာတဲ့အခါသဘောထားမှန်တဲ့သူ ဖြစ်ရင် အားနည်းချက် အပေါ်မှာလည်း ခွင့်လွှတ်နိုင်တယ်။ အားသာချက်အပေါ်မှာလည်း ဝမ်းသာနိုင်တယ်နော်၊ ဝမ်းမသာနိုင်ခြင်းကို သဘောထားမမှန်ခြင်းလို့ ပြောနိုင်တယ်။ ခွင့်မလွှတ်နိုင်ခြင်းကိုလည်း သဘောထားမမှန်ခြင်းလို့ ပြောနိုင်သလို ခွင့်မလွှတ်ခြင်းကို အပေါ်ယံ ဆက်ဆံမှုလို့လည်း ပြောနိုင်တယ်။

ခွင့်လွှတ်ခြင်း မပါတဲ့ ဆက်ဆံရေးဟာ ဘယ်လို လေးနက်မလဲ။ တစ်ယောက်ကိုတစ်ယောက် အကျိုးဆောင်နိုင်ဖို့ ခက်သွားတယ်နော်။လေးနက်တဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။အပေါ်ယံ မဆံတဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။ဒါကြောင့် ခွင့်လွှတ်နိုင်ဖို့ ဘုန်းကြီးတို့အားလုံး ကြိုးစားရမယ်။ခွင့်လွှတ်နိုင်တဲ့အခါ ရင့်ကျက်လာတယ်နော်။လောကမှာ ပုဂ္ဂိုလ်အမျိုးမျိုး ရှိတယ်နော်၊– သူတစ်ပါးကို ခွင့်မလွှတ်နိုင်တဲ့ ပုဂ္ဂိုလ်၊– မိမိကိုယ်ကို ခွင့်မလွှတ်နိုင်တဲ့ ပုဂ္ဂိုလ်၊– မိမိကိုယ်ကိုလည်း ခွင့်လွှတ်နိုင်တယ် သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုပြီး ရှိတယ်နော်။ဒီပုဂ္ဂိုလ်တွေထဲမှာ မိမိကိုယ်ကိုရော သူတစ်ပါးကိုရော ခွင့်လွှတ်နိုင်တဲ့ သူကတော့ အကောင်းဆုံးပဲ။ မိမိကိုယ်ကိုလည်း ခွင့်လွှတ်နိုင်ရမယ်၊ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်ရမယ်။အရှင်ရေဝတ ဖားအောက်တာရ Buddhavasa Tiloka Credit: Hein si thu

Crd-Original Post