ဖက်ထုပ်များစွာ ကိုယ်တိုင်လုပ်ပြီး ရောင်းချကာ မိသားစုကို ရှာကျွေးနေသော အသက် ၈နှစ်အရွယ် ကောင်လေး

ဖက်ထုပ်များစွာ ကိုယ်တိုင်လုပ်ပြီး ရောင်းချကာ မိသားစုကို ရှာကျွေးနေသော အသက် ၈နှစ်အရွယ် ကောင်လေး

အချို့သော သိတတ်လိမ်မာသည့် ကလေးငယ်များအဖို့ ဆိုးရွားသော လောကဓံဧ။် ရိုက်ချက်များသည် အချိန်စောလွန်းသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ Liu Minghui အမည်ရှိသော အသက် ၈နှစ်အရွယ် ကောင်လေးသည် ငယ်စဉ်ကတည်းက အဖိုးအဖွား လက်ထဲတွင် ကြီးပြင်းလာရပြီး အရွယ်နှင့် မလိုက်အောင် အရမ်းသိတတ်ကာ လိမ်မာရေးခြားလည်း ရှိသည်။

အဖိုးနှင့်အဖွားသည် စားဝတ်နေရေးအတွက် တရုတ်ရိုးရာအစားအစာ တစ်မျိုးအပါအဝင်ဖြစ်သော ဖက်ထုပ်အား ပွဲတော်များတွင် လိုက်ရောင်းကာ မြေးလေးနှစ်ယောက်ကို ရှာဖွေကျွေးခဲ့သည်။

ကောင်လေးသည် အလိုက်သိလွန်းကာ အိုမင်းရင့်ရော်ပြီဖြစ်သည့် အဖိုးနှင့်အဖွား လုပ်စာကို ထိုင်မစားရက်တော့ပဲ တတ်စွမ်းသလောက် ဖက်ထုပ်အား စပြီးလုပ်ရောင်းရာကနေ အရသာမှာကောင်းလွန်း၍ ပိုပြီး ရောင်းအားမြှင့်တက်လာခဲ့သည်။

ကောင်လေးသည် လက်သေးသေးလေးနှင့်မလိုက်အောင် ဖက်ထုပ်လုပ်ရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လျင်မြန်ကာ နေ့စဉ် ဖက်ထုပ်ပေါင်း ၁၀၀၀၀ထိကို လုပ်ရပြီး ရောင်းချနိုင်ခဲ့သည်။

ကောင်လေးသည် ရောင်းချလို့ရသမျှ ငွေများကို မိသားစုအိမ်စရိတ်အတွက် ထောက်ပံ့ပေးခဲ့ပြီး ညီမလေးဖြစ်သူတွက် အဝတ်စားလှလှလေးလည်း ဝယ်ပေးချင်သေး၍ ဒီထက်ပိုပြီး ဈေးများများရောင်းကောင်းစေချင်တယ် ဟုဆိုခဲ့သည်။

Hlaing (Love Feeling)

(ZAWGYI)

ဖက္ထုပ္မ်ားစြာ ကိုယ္တိုင္လုပ္ၿပီး ေရာင္းခ်ကာ မိသားစုကို ရွာေကြၽးေနေသာ အသက္ ၈ႏွစ္အ႐ြယ္ ေကာင္ေလး

အခ်ိဳ႕ေသာ သိတတ္လိမ္မာသည့္ ကေလးငယ္မ်ားအဖို႔ ဆိုး႐ြားေသာ ေလာကဓံဧ။္ ႐ိုက္ခ်က္မ်ားသည္ အခ်ိန္ေစာလြန္းသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံမွ Liu Minghui အမည္ရွိေသာ အသက္ ၈ႏွစ္အ႐ြယ္ ေကာင္ေလးသည္ ငယ္စဥ္ကတည္းက အဖိုးအဖြား လက္ထဲတြင္ ႀကီးျပင္းလာရၿပီး အ႐ြယ္ႏွင့္ မလိုက္ေအာင္ အရမ္းသိတတ္ကာ လိမ္မာေရးျခားလည္း ရွိသည္။

အဖိုးႏွင့္အဖြားသည္ စားဝတ္ေနေရးအတြက္ တ႐ုတ္႐ိုးရာအစားအစာ တစ္မ်ိဳးအပါအဝင္ျဖစ္ေသာ ဖက္ထုပ္အား ပြဲေတာ္မ်ားတြင္ လိုက္ေရာင္းကာ ေျမးေလးႏွစ္ေယာက္ကို ရွာေဖြေကြၽးခဲ့သည္။

ေကာင္ေလးသည္ အလိုက္သိလြန္းကာ အိုမင္းရင့္ေရာ္ၿပီျဖစ္သည့္ အဖိုးႏွင့္အဖြား လုပ္စာကို ထိုင္မစားရက္ေတာ့ပဲ တတ္စြမ္းသေလာက္ ဖက္ထုပ္အား စၿပီးလုပ္ေရာင္းရာကေန အရသာမွာေကာင္းလြန္း၍ ပိုၿပီး ေရာင္းအားျမႇင့္တက္လာခဲ့သည္။

ေကာင္ေလးသည္ လက္ေသးေသးေလးႏွင့္မလိုက္ေအာင္ ဖက္ထုပ္လုပ္ရာတြင္ ကြၽမ္းက်င္သူတစ္ဦးျဖစ္ၿပီး လ်င္ျမန္ကာ ေန႔စဥ္ ဖက္ထုပ္ေပါင္း ၁၀၀၀၀ထိကို လုပ္ရၿပီး ေရာင္းခ်ႏိုင္ခဲ့သည္။

ေကာင္ေလးသည္ ေရာင္းခ်လို႔ရသမွ် ေငြမ်ားကို မိသားစုအိမ္စရိတ္အတြက္ ေထာက္ပံ့ေပးခဲ့ၿပီး ညီမေလးျဖစ္သူတြက္ အဝတ္စားလွလွေလးလည္း ဝယ္ေပးခ်င္ေသး၍ ဒီထက္ပိုၿပီး ေဈးမ်ားမ်ားေရာင္းေကာင္းေစခ်င္တယ္ ဟုဆိုခဲ့သည္။

Hlaing (Love Feeling)