လက်လုပ်လက်စားဖြစ်၍ ပုံမှန်ဝင်ငွေမရှိလို့ဆိုပြီး ကလေးနှစ်ယောက်နှင့်အတူ ခင်ပွန်းအား ထားသွားခဲ့သော ဇနီးသည်

လက်လုပ်လက်စားဖြစ်၍ ပုံမှန်ဝင်ငွေမရှိလို့ဆိုပြီး ကလေးနှစ်ယောက်နှင့်အတူ ခင်ပွန်းအား ထားသွားခဲ့သော ဇနီးသည်

လောကကြီးတွင် ငွေက ဒုတိယမြောက် ဘုရားသခင်ဖြစ်သည်ဟု ဆိုကြသည့်အတိုင်း ချမ်းသာသူတွေနှင့် တွေ့တိုင်း ကိုယ့်ဘဝကို သိမ်ငယ်ရင်း အားကျတတ်ကြပြီး သူတို့လေးတွေလို ဖြစ်ချင်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ကလေးနှစ်ယောက်နှင့်အတူ လမ်းပေါ်အိပ် လမ်းပေါ်စား ဒုက္ခသည် ဘဝကို ရောက်နေရသော အသက်၂၅ နှစ်အရွယ် အမျိုးသားဧ။် အဖြစ်မှာ အတော်လေး သနားစရာ ကောင်းလှသည်။

ထိုသို့ လမ်းပေါ်ရောက်နေရခြင်း အကြောင်းမှာ အမျိုးသားသည် အိမ်ထောင်ဦးစီးတစ်ယောက်အနေနှင့် မိသားစုအား ရှာဖွေကျွေးခဲ့ရာ အလုပ်အတည်တကျ မရှိ၍ ပုံမှန်ဝင်ငွေများ မရသောအခါ ဇနီးဖြစ်သူမှာ စိတ်ပျက် ငြီးငွေ့လာပြီး ခင်ပွန်းအား ကလေးနှစ်ယောက်နှင့်

အတူ ထားသွားခဲ့ခြင်းဖြစ်သည်။

အမျိုးသားမှာ အလုပ်ပုံမှန်မလုပ်ရသည့်အခါ စားဖို့ပင် အနိုင်နိုင်ဖြစ်နေရသည့်အပြင် အိမ်ငှားခလည်း မပေးနိုင်၍ လမ်းပေါ်တွင် ကလေး နှစ်ယောက်နှင့်အတူ ရက်ပေါင်းများစွာ နေထိုင်ခဲ့ရသော်လည်း ဇနီးဖြစ်သူမှာ နောက်အိမ်ထောင်နှင့် သာယာနေခဲ့ပြီဖြစ်သည်။

Hlaing (Love Feeling )

(ZAWGYI)






Hlaing (Love Feeling )