နဝကမ္မနဲ့ ငွေကို ကွဲကွဲပြားပြား မသိသူများနှင့် ဗုဒ္ဓသာသနာ အထွန်းကားဆုံးပါ ဆိုတဲ့ မြန်မာပြည် (ရဟန်းငွေလှူ သာသနာဖျက်ကူ မလုပ်သင့်တဲ့ အကြောင်း)

နဝကမ္မနဲ့ ငွေကို ကွဲကွဲပြားပြား မသိသူများနှင့် ဗုဒ္ဓသာသနာ အထွန်းကားဆုံးပါ ဆိုတဲ့ မြန်မာပြည် (ရဟန်းငွေလှူ သာသနာဖျက်ကူ မလုပ်သင့်တဲ့ အကြောင်း)

အခုတလော မြောက်ဦးမှာ ဘုရားဖူးခရီးသည် အနည်းငယ်တွေ့လာရတယ်။ ရခိုင်မှာ စစ်ပွဲတွေငြိမ်သက်နေတာကြောင့် ဖြစ်မယ်ထင်တယ်။ ဘုရားဖူးခရီးသည်အများစုက သဒ္ဓါပြဌါန်းပြီး သွားကြတဲ့သူတွေမို့ ဒါနပြုဖို့ကတော့ ဝန်မလေးကြသူတွေများပါတယ်။ဒီနေ့ ကျောင်းကနေ မြို့ထဲ ဆွမ်းခံသွားတော့ လောင်ပန်းပြောက်စေတီအနီးမှာ ဘုရားဖူးတစ်ချို့နဲ့ဆုံတယ်။မိမိတို့အစုက စီတန်းပြီး ဆွမ်းခံသွားတာမို့ ကြည်ညိုလို့ထင် ဘုရားဖူးထဲကတစ်ယောက်က နဝကမ္မငွေ လှူလို့ရပါသလားလို့ လျောက်တယ်။

ဆွမ်းခံထွက်နေချိန်မို့ အထူးအထွေ တရားဟောမနေတော့ပါဘူး။ ငွေအလှူမခံဘူးလို့သာ ပြောခဲ့တယ်။ မြို့ထဲကို ဆွမ်းခံကြွချိန်မှာလည်း ဆွမ်းအလှူရှင်တစ်ယောက် ငွေလှူဖို့ပြင်တယ်။ ငွေကို အလှူမခံဘူးဆိုတော့ နည်းနည်းတွေတွေလည်း ဖြစ်သွားတာတွေ့တယ်။ သူတို့က ရဟန်းတွေကို ငွေလှူနေကျဖြစ်နေတာမို့ ငွေအလှူမခံတဲ့ရဟန်းကို အခုမှ မြင်ဖူးသလိုဖြစ်သွားတာတွေ့တယ်။ ဆွမ်းခံချိန်မို့ ဝိနည်းအကြောင်းတွေလည်း ဘာမှဟောမပြခဲ့တော့ဘူး။ပြဿနာက နဝကမ္မနဲ့ငွေကို လူတွေရှင်းရှင်းလင်းလင်း မသိတာဖြစ်ပါတယ်။

ပိုဆိုးတာက ရဟန်းအချို့ကပါ နဝကမ္မနဲ့ ငွေကို ကွဲကွဲပြားပြားမသိတာပါ။ လူအများရော ရဟန်းအချို့ကပါငွေကိုဘဲ နဝကမ္မလို့ နားလည်ထားကြတာများတယ်။ သံယုတ္တနိကာယ်ထဲက မဏိစူဠကသုတ်မှာ ငွေကိုမည်သည့်နည်းပရိယာယ်နဲ့လှူလှူ အလှူခံဖို့ ခွင့်မပြုဘူးလို့ ဘုရားဟောခဲ့တယ်။ ငွေကို ရဟန်းတွေ အလှူခံကောင်းရင် ကာမဂုဏ် ၅ပါး (မိန်းမ) ကိုလည်း အလှူခံနိုင်တယ်။ အဲဒါဆိုရင် ရဟန်းသဘောမဟုတ်တော့ဘူး။ ဘုရားသားတော်မဟုတ်တော့လို့ ပြင်းပြင်းထန်ထန် သတိပေးထားခဲ့တယ်။

ငွေကို ရဟန်းတွေ အလှူမခံရဘူးဆိုတာ မသိတဲ့ ရဟန်းမရှိဘူး။ အဲဒီငွေကိုဘဲ နဝကမ္မဆိုပြီး ရဟန်းအများစု အလှူခံနေကြတယ်။ လှူတဲ့သူတွေကလည်း ငွေကို နဝကမ္မဆိုပြီး လှူနေကြတယ်။ နဝကမ္မဆိုတာ ငွေကိုပြောတာမဟုတ်ဘူး။ နဝကမ္မဆိုတာ ငွေနဲ့ဝယ်လို့ ဖြစ်လာမယ့် ဆွမ်း သင်္ကန်း ဆေး ကျောင်း ပစ္စည်း (၄) ပါးကိုပြောတာပါ။

မြတ်စွာဘုရားက ရဟန်းတွေကို ပစ္စည်းလေးပါး အလှူခံဖို့ခွင့်ပြုတယ်။ ငွေကို အလှူခံဖို့ခွင့်မပြုဘူး။ ဗုဒ္ဓသာသနာအထွန်းကားဆုံးပါဆိုတဲ့ ဒီနိုင်ငံမှာ ငွေနဲ့နဝကမ္မကိုတောင် ကွဲကွဲပြားပြား နားလည်သူနည်းနေတာ ဘယ်သူ့ကိုသွားပြီးအပြစ်တင်ရမလဲ။(မှတ်ချက်။ စာရေးဖို့ အချိန်မရလို့ ကျမ်းကိုတွေနဲ့ ဝေဝေဆာဆာ မရေးလိုက်တော့ပါ)။

အရှင်ဂါရဝ

(ZAWGYI)

အခုတေလာ ေျမာက္ဦးမွာ ဘုရားဖူးခရီးသည္ အနည္းငယ္ေတြ႕လာရတယ္။ ရခိုင္မွာ စစ္ပြဲေတြၿငိမ္သက္ေနတာေၾကာင့္ ျဖစ္မယ္ထင္တယ္။ ဘုရားဖူးခရီးသည္အမ်ားစုက သဒၶါျပဌါန္းၿပီး သြားၾကတဲ့သူေတြမို႔ ဒါနျပဳဖို႔ကေတာ့ ဝန္မေလးၾကသူေတြမ်ားပါတယ္။ဒီေန႔ ေက်ာင္းကေန ၿမိဳ႕ထဲ ဆြမ္းခံသြားေတာ့ ေလာင္ပန္းေျပာက္ေစတီအနီးမွာ ဘုရားဖူးတစ္ခ်ိဳ႕နဲ႔ဆုံတယ္။မိမိတို႔အစုက စီတန္းၿပီး ဆြမ္းခံသြားတာမို႔ ၾကည္ညိဳလို႔ထင္ ဘုရားဖူးထဲကတစ္ေယာက္က နဝကမၼေငြ လႉလို႔ရပါသလားလို႔ ေလ်ာက္တယ္။

ဆြမ္းခံထြက္ေနခ်ိန္မို႔ အထူးအေထြ တရားေဟာမေနေတာ့ပါဘူး။ ေငြအလႉမခံဘူးလို႔သာ ေျပာခဲ့တယ္။ ၿမိဳ႕ထဲကို ဆြမ္းခံႂကြခ်ိန္မွာလည္း ဆြမ္းအလႉရွင္တစ္ေယာက္ ေငြလႉဖို႔ျပင္တယ္။ ေငြကို အလႉမခံဘူးဆိုေတာ့ နည္းနည္းေတြေတြလည္း ျဖစ္သြားတာေတြ႕တယ္။ သူတို႔က ရဟန္းေတြကို ေငြလႉေနက်ျဖစ္ေနတာမို႔ ေငြအလႉမခံတဲ့ရဟန္းကို အခုမွ ျမင္ဖူးသလိုျဖစ္သြားတာေတြ႕တယ္။ ဆြမ္းခံခ်ိန္မို႔ ဝိနည္းအေၾကာင္းေတြလည္း ဘာမွေဟာမျပခဲ့ေတာ့ဘူး။ျပႆနာက နဝကမၼနဲ႔ေငြကို လူေတြရွင္းရွင္းလင္းလင္း မသိတာျဖစ္ပါတယ္။

ပိုဆိုးတာက ရဟန္းအခ်ိဳ႕ကပါ နဝကမၼနဲ႔ ေငြကို ကြဲကြဲျပားျပားမသိတာပါ။ လူအမ်ားေရာ ရဟန္းအခ်ိဳ႕ကပါေငြကိုဘဲ နဝကမၼလို႔ နားလည္ထားၾကတာမ်ားတယ္။သံယုတၱနိကာယ္ထဲက မဏိစူဠကသုတ္မွာ ေငြကိုမည္သည့္နည္းပရိယာယ္နဲ႔လႉလႉ အလႉခံဖို႔ ခြင့္မျပဳဘူးလို႔ ဘုရားေဟာခဲ့တယ္။ ေငြကို ရဟန္းေတြ အလႉခံေကာင္းရင္ ကာမဂုဏ္ ၅ပါး (မိန္းမ) ကိုလည္း အလႉခံႏိုင္တယ္။ အဲဒါဆိုရင္ ရဟန္းသေဘာမဟုတ္ေတာ့ဘူး။ ဘုရားသားေတာ္မဟုတ္ေတာ့လို႔ ျပင္းျပင္းထန္ထန္ သတိေပးထားခဲ့တယ္။

ေငြကို ရဟန္းေတြ အလႉမခံရဘူးဆိုတာ မသိတဲ့ ရဟန္းမရွိဘူး။ အဲဒီေငြကိုဘဲ နဝကမၼဆိုၿပီး ရဟန္းအမ်ားစု အလႉခံေနၾကတယ္။ လႉတဲ့သူေတြကလည္း ေငြကို နဝကမၼဆိုၿပီး လႉေနၾကတယ္။ နဝကမၼဆိုတာ ေငြကိုေျပာတာမဟုတ္ဘူး။ နဝကမၼဆိုတာ ေငြနဲ႔ဝယ္လို႔ ျဖစ္လာမယ့္ ဆြမ္း သကၤန္း ေဆး ေက်ာင္း ပစၥည္း (၄) ပါးကိုေျပာတာပါ။

ျမတ္စြာဘုရားက ရဟန္းေတြကို ပစၥည္းေလးပါး အလႉခံဖို႔ခြင့္ျပဳတယ္။ ေငြကို အလႉခံဖို႔ခြင့္မျပဳဘူး။ ဗုဒၶသာသနာအထြန္းကားဆုံးပါဆိုတဲ့ ဒီႏိုင္ငံမွာ ေငြနဲ႔နဝကမၼကိုေတာင္ ကြဲကြဲျပားျပား နားလည္သူနည္းေနတာ ဘယ္သူ႔ကိုသြားၿပီးအျပစ္တင္ရမလဲ။(မွတ္ခ်က္။ စာေရးဖို႔ အခ်ိန္မရလို႔ က်မ္းကိုေတြနဲ႔ ေဝေဝဆာဆာ မေရးလိုက္ေတာ့ပါ)။အရွင္ဂါရဝ