“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း” – ဒုစရိုက်မှုလုပ်ပြီး ရတာတွေနဲ့ ဘုရားတည် ကျောင်းဆောက်တယ်ဆိုတာ

“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း” – ဒုစရိုက်မှုလုပ်ပြီး ရတာတွေနဲ့ ဘုရားတည် ကျောင်းဆောက်တယ်ဆိုတာ

“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း”ဒုစရိုက်မှုလုပ်ပြီး ရတာတွေနဲ့ ဘုရားတည် ကျောင်းဆောက်တယ်။ အဲဒါကို အကုသိုလ်+ကုသိုလ် ရောနှောနေတဲ့ မိဿကကံလို့ ခေါ်တယ်။

မိဿကကံကို ပြုထားသူက နောက်ဘဝမှာ လူပြန်ဖြစ်ခဲ့ရင်- ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက်ရင် စီးပွားမဖြစ်တော့ဘူး။ ဒုစရိုက်လုပ်ငန်းကို လုပ်ကိုင်မှသာလျှင် စီးပွားဖြစ်တော့တယ်။

အဲဒီအခါမှာ ကောင်းတာလဲလုပ်ရင် ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတာ မဟုတ်ဘူး။ မကောင်းတာလုပ်လို့ မကောင်းတာဖြစ်ရင် ငါစီးပွားတက်စရာအကြောင်းမရှိဘူးဆိုပြီး မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။

မိစ္ဆာဒိဋ္ဌဖြစ်သွားတဲ့အခါမှာ ချမ်းသာဖို့ စီးပွားတက်ဖို့ဆိုရင် မပြုဝံ့တဲ့ဒုစရိုက်မှုဆိုတာ မရှိတော့ဘူး။ သေလွန်တဲ့အခါ ငရဲကနေ လွတ်ဖို့ ခက်သွားပါပြီ။

ဒုစရိုက်ပြုပြီး ချမ်းသာတယ် စီးပွားဖြစ်တယ်ဆိုတာ ကြာမျိုးငါးပါးနဲ့ ပြည့်စုံသာယာနေတဲ့ ရေကန်ကြီးထဲမှာ နစ်ပြီး သေရတာနဲ့ အတူတူပဲ။

သုစရိုက်မှုတွေနဲ့ ချမ်းသာတာ စီးပွားဖြစ်တာကတော့ ပျားရည်ကန်ကြီးထဲမှာ ပျားရည်သောက်ရင်း ကူးခတ်ပြီး တစ်ဖက်ကမ်းကို ရောက်သွားသူနဲ့ တူပါတယ်။

(မိုးသု)

(ZAWGYI)

“ဒုစ႐ိုက္မႈႏွင့္ ခ်မ္းသာျခင္း” – ဒုစ႐ိုက္မႈလုပ္ၿပီး ရတာေတြနဲ႔ ဘုရားတည္ ေက်ာင္းေဆာက္တယ္ဆိုတာ

“ဒုစ႐ိုက္မႈႏွင့္ ခ်မ္းသာျခင္း”ဒုစ႐ိုက္မႈလုပ္ၿပီး ရတာေတြနဲ႔ ဘုရားတည္ ေက်ာင္းေဆာက္တယ္။ အဲဒါကို အကုသိုလ္+ကုသိုလ္ ေရာေႏွာေနတဲ့ မိႆကကံလို႔ ေခၚတယ္။မိႆကကံကို ျပဳထားသူက ေနာက္ဘဝမွာ လူျပန္ျဖစ္ခဲ့ရင္- ေကာင္းေရာင္း ေကာင္းဝယ္ လုပ္ကိုင္ စားေသာက္ရင္ စီးပြားမျဖစ္ေတာ့ဘူး။ ဒုစ႐ိုက္လုပ္ငန္းကို လုပ္ကိုင္မွသာလွ်င္ စီးပြားျဖစ္ေတာ့တယ္။

အဲဒီအခါမွာ ေကာင္းတာလဲလုပ္ရင္ ေကာင္းတာျဖစ္တယ္။ မေကာင္းတာလုပ္ရင္ မေကာင္းတာျဖစ္တယ္ဆိုတာ မဟုတ္ဘူး။ မေကာင္းတာလုပ္လို႔ မေကာင္းတာျဖစ္ရင္ ငါစီးပြားတက္စရာအေၾကာင္းမရွိဘူးဆိုၿပီး မိစာၦဒိ႒ိျဖစ္သြားတယ္။မိစာၦဒိ႒ျဖစ္သြားတဲ့အခါမွာ ခ်မ္းသာဖို႔ စီးပြားတက္ဖို႔ဆိုရင္ မျပဳဝံ့တဲ့ဒုစ႐ိုက္မႈဆိုတာ မရွိေတာ့ဘူး။ ေသလြန္တဲ့အခါ ငရဲကေန လြတ္ဖို႔ ခက္သြားပါၿပီ။

ဒုစ႐ိုက္ျပဳၿပီး ခ်မ္းသာတယ္ စီးပြားျဖစ္တယ္ဆိုတာ ၾကာမ်ိဳးငါးပါးနဲ႔ ျပည့္စုံသာယာေနတဲ့ ေရကန္ႀကီးထဲမွာ နစ္ၿပီး ေသရတာနဲ႔ အတူတူပဲ။သုစ႐ိုက္မႈေတြနဲ႔ ခ်မ္းသာတာ စီးပြားျဖစ္တာကေတာ့ ပ်ားရည္ကန္ႀကီးထဲမွာ ပ်ားရည္ေသာက္ရင္း ကူးခတ္ၿပီး တစ္ဖက္ကမ္းကို ေရာက္သြားသူနဲ႔ တူပါတယ္။

(မိုးသု)