သူ့အတွက် လက်ဆောင်တွေရလို့ ပျော်နေရှာတဲ့ အာကြီးရဲ့ ချစ်စရာ အမူအရာလေးတွေကို ကြည့်ပြီး အချစ်ပိုနေတဲ့ ခိုင်နှင်းဝေ

သူ့အတွက် လက်ဆောင်တွေရလို့ ပျော်နေရှာတဲ့ အာကြီးရဲ့ ချစ်စရာ အမူအရာလေးတွေကို ကြည့်ပြီး အချစ်ပိုနေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ မိဘမဲ့ ဂေဟာလေးကို တည်ထောင်ထားပြီး အခြေအနေတွေ အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေကို တရားဝင် ခေါ်ယူ မွေးစား စောင့်ရှောက်ပေးနေတာပါ ။

သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကိုလည်း အတတ်နိုင်ဆုံး အချိန်ပေးကာကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

ကလေးတွေကလည်း သူမကို မေတ္တာရှိလို့ အမြဲလိုလို မခွာနိုင်အောင် ကပ်ချွဲနေကြတာပါ ။

ကလေးတွေရဲ့ ချစ်စရာ အမူအကျင့်လေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း အာကြီး တစ်ယောက် သူ့အတွက် အင်္ကျီအသစ်လေးတွေရလို့ ပျော်နေရှာတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။

ပုံတိုင်းမှာ အာကြီး တစ်ယောက် ဖြူစင်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)








Yuan – Cele Zone

Photo – Khine Hnin Wai